မလိုအပ်ဘဲနဲ့ ပိုက်ဆံတွေ မသုံးမိအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းအသွယ်သွယ်

yanalya/Freepik
Sponsored

ကျွန်မတို့တွေက နေ့ရက်တိုင်းမှာ ပိုက်ဆံကို လွယ်လွယ်လေး သုံးမိလိုက်တတ်ကြတဲ့ အခိုက်အတန့်တွေ ပိုင်ဆိုင်ထားကြပါတယ်။ ရည်ရွယ်ချက်ရှိရှိ ပိုက်ဆံဖြုန်းတာမျိုး မဟုတ်ဘဲ ပိုက်ဆံတွေကို ပိုသုံးမိစေတဲ့ အခြေအနေမျိုးတွေကို ရှောင်ရှားမယ်ဆိုရင်တော့ ဒီလိုမျိုး ပိုက်ဆံတွေ အပိုကုန်ဖြစ်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ပိုက်ဆံတွေ မလိုအပ်ဘဲ မသုံးမိအောင် ရှောင်လို့ ရတဲ့ နည်းလမ်းလေးတွေကို ဖော်ပြလိုက်ရပါတယ်နော်။

(၁) ဈေးဝယ်ထွက်ရင် ဒေါက်ဖိနပ် စီးပါ

Sponsored

ဒေါက်ဖိနပ်တွေက မိန်းကလေးတွေ ပိုပြီး ယုံကြည်မှု ရှိစေတယ်၊ လှပစေတယ်၊ ဒါ့အပြင် ပိုက်ဆံကိုလည်း ချွေတာစေတတ်ပါသေးတယ်။ ဒါကတော့ ဈေးဝယ်စင်တာတွေကို သွားတဲ့အခါမျိုးမှာ ဒေါက်ဖိနပ်စီးသွားဖို့ပဲ ဖြစ်ပါတယ်။ ဒေါက်ဖိနပ်စီးတဲ့အခါ အချိန်တွေအကြာကြီး တစ်ခုခု ဝယ်မိအောင် လျှောက်မိတဲ့ အချိန်တွေကို လျှော့ချဖြစ်သွားမှာပါ။

READ
ခုခေတ်နဲ့မတူ (၂၀)ရာစုက စုံတွဲတွေရဲ့ အလန်းစား ဒိတ်လုပ်ခဲ့ကြပုံများ
Photo by Andrea Piacquadio from Pexels

(၂) ပိုက်ဆံအများကြီး မထည့်သွားပါနဲ့

လူတွေရဲ့ သဘောအရ ပိုက်ဆံအိတ်ထဲမှာ ငွေတွေ များများ ရှိလေလေ ပိုပြီး သုံးမိလေလေ ဖြစ်ပါတယ်။ ဒါကြောင့် ပိုက်ဆံတွေကို ကိုယ် တကယ်သုံးမယ်လို့ မှန်းထားတဲ့ ပမာဏ သို့မဟုတ် မဖြစ်မနေ သုံးမယ့် ငွေပမာဏလောက်ပဲ ထည့်ပြီး အပြင်သွားသင့်ပါတယ်။

vershinin89/Freepik

(၃) တစ်လစောင့်တဲ့နည်းကို ကျင့်သုံးပါ

အဝတ်တွေ၊ အသုံးအဆောင်တွေကို ဝယ်ချင်လာတဲ့အခါမျိုးမှာ တန်းမဝယ်လိုက်ဘဲ လိုအပ်သလားလို့ အရင် တွေးကြည့်သင့်ပါတယ်။ မလိုအပ်သေးရင် တစ်လ စောင့်ဆိုင်းထားပြီးမှ ဝယ်ယူမယ်ဆိုရင် သင့်ရဲ့ အကြိုက်တွေ ပြောင်းလဲသွားတာမျိုးတွေ ရှိတတ်တာမို့ ငွေ ပို မသုံးမိစေတော့ပါဘူး။

standret/Freepik

(၄) အရောင်းဝန်ထမ်းတွေနဲ့ စကားမပြောပါနဲ့

ဒီအချက်က ငွေပို မကုန်စေဖို့ သိပ်ကို အရေးကြီးပါတယ်။ အရောင်းဝန်ထမ်းတွေ ဆိုတဲ့ အတိုင်း သူတို့တွေက ကုန်ပစ္စည်းတွေ ရောင်းထွက်စေဖို့ လုပ်ဆောင်နိုင်တဲ့ အရည်အချင်း ရှိကြပါတယ်။ ဒါကြောင့် သင့်အတွက် မဖြစ်မနေ ဝယ်မိတာမျိုးတွေ ဖြစ်သွားပြီး ငွေပိုကုန်သွားတတ်ပါတယ်။

READ
ဆုံးဖြတ်ချက်ချပြီးရင် နောက်ပြန်မလှည့်ဘဲ ပြတ်သားထက်မြက်တဲ့ မိန်းကလေးဆိုတာ...
Freepik.com

(၅) ဘဏ်ကတ်တွေကို အိမ်မှာ ထားခဲ့ပါ

ဘဏ်ကတ်တွေ ခေတ်စားလာတော့ လက်ထဲမှာ ငွေသားမကျန်ရင်တောင် ကတ်နဲ့ ထုတ်လိုက်မယ်ဆိုတဲ့ စိတ်နဲ့ ပိုပြီး ဈေးဝယ်မိတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အပြင်သွားတဲ့အခါ ငွေသားပဲ ထည့်ပြီး ဘဏ်ကတ်တွေ ချန်ထားခဲ့မယ်ဆိုရင် သင့်အတွက် ပိုပြီး ငွေကုန်ကြေးကျ နည်းစေနိုင်ပါတယ်။

Kham

sponsored