ညနက်နက်မှာ အိပ်မပျော်သူတွေကို အလွယ်တကူ အိပ်ပျော်စေမယ့် နည်းလမ်းများ

jcomp/Freepik
Sponsored

ညဘက်မှာ လုံးဝ အိပ်ချင်စိတ် ဖြစ်မလာသူတွေ၊ အိပ်မရသူတွေနဲ့ အိပ်ရေးကြောင်နေကြသူတွေ အမျိုးမျိုး ရှိကြပါတယ်။ ညနက်နက်မှာ အများသူငါက အိပ်နေကြပေမယ့် ပုံမှန်အတိုင်းလေး မအိပ်ဘဲ ဖြတ်သန်းနေရင်တော့ အချိန်ကြာလာတဲ့အခါမှာ ကျန်းမာရေးကို ထိခိုက်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ညမအိပ်တာက စိတ်ကျရောဂါ ဖြစ်စေနိုင်မှု ပိုပြီး မြင့်ပါတယ်။ ညဘက်တွေမှာ လွယ်လွယ်နဲ့ အိပ်မရသူတွေအတွက် အိပ်ပျော်စေမယ့် နည်းလမ်းလေးအချို့ကို ဖော်ပြပေးလိုက်ရပါတယ်နော်။

(၁) နံပါတ်တွေ ရေပါ

Sponsored

ပုံမှန်လေး တစ်ခါတစ်လေ အိပ်မပျော်တဲ့သူတွေအတွက်တော့ အသုံးဝင်စေမယ့် နည်းလမ်း ဖြစ်ပါတယ်။ ဖုန်းမသုံးဘဲ မျက်လုံးလေးကို မှိတ်ပြီး ဘာကိုမှ မတွေးဘဲ နံပါတ်စဉ်ကို ရေတွက်နေတာက သင့်ကို တဖြည်းဖြည်း အိပ်ပျော်သွားစေနိုင်ပါတယ်။ ဒါကတော့ တော်တော်များများမှာ အောင်မြင်နေတဲ့ နည်းတစ်ခုပါ။

READ
မိခင်ရောကလေးကိုပါ ထိခိုက်စေနိုင်လို့ ကိုယ်ဝန်ဆောင်ချိန်မှာ လုံးဝမလုပ်သင့်တဲ့အရာ (၆)မျိုး
dimaberlin/Freepik

(၂) စာဖတ်ပါ

စာလုပ်တဲ့အချိန်တွေမှာ အိပ်ငိုက်တာကို သိကြမှာပါ။ ဒီတော့ ညဘက်တွေကို အချိန်အကြာကြီး မအိပ်ဘဲ နေမယ့်အစား အိပ်ဖို့ ဆန္ဒရှိနေရင်တော့ စာအုပ်တစ်အုပ်ကိုသာ စိတ်ရှည်ရှည်နဲ့ ကိုင်ဖတ်လိုက်ပါ။ စာတွေ အများကြီး ဖတ်မပြီးခင်မှာပဲ အိပ်ပျော်သွားမှာ ဖြစ်ပါတယ်နော်။

tirachardz/Freepik

(၃) လူမှုကွန်ယက် သုံးပါ

ဖုန်းက အိပ်ချင်စိတ်တွေကို တားဆီးတတ်ပါတယ်။ ဒါပေမယ့်လည်း ညဘက်မှာ အိပ်နေမကျတဲ့သူတွေကတော့ ဖုန်းတလုံးနဲ့ အလုပ်ရှုပ်နေမှာပါ။ ဒီတော့ ဗီဒီယိုတွေ ကြည့်နေတာမျိုးထက် လူမှုကွန်ယက်စာမျက်နှာကို ဒီအတိုင်း ကြည့်နေတာ ပိုကောင်းပါတယ်။ ဘာရယ်မဟုတ် newfeed တစ်လျှောက်လုံးကို ကြည့်နေတာမျိုးက သင့်မျက်လုံးကို ညောင်းသွားစေပြီး အိပ်ချင်စိတ် ဖြစ်လာစေပါသေးတယ်။

dimaberlin/Freepik

(၄) အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ

ဝင်လေ ထွက်လေ မှတ်တဲ့ အသက်ရှူလေ့ကျင့်ခန်းတွေကလည်း သင့်ကို ကောင်းကောင်း အိပ်ပျော်စေပါတယ်။ ဒီလေ့ကျင့်ခန်းက သင့်ကို ဘာမှ မတွေးဖြစ်အောင် ပြုလုပ်ပေးတာကြောင့် သင့်ရဲ့ ခန္ဓာကိုယ်က အနားရသလို ဖြစ်သွားပြီး အိပ်ချင်လာမှာပဲ ဖြစ်ပါတယ်။

READ
နေ့တိုင်း mask တပ်နေတဲ့အခါ အဆုတ်မှာ ဘာတွေဖြစ်လာနိုင်လဲ
diana.grytsku/Freepik

(၅) အိပ်မွေ့ချအသံဖိုင်ကို နားထောင်ပါ

အိပ်မွေ့ချတာမျိုးတော့ မဟုတ်ပေမယ့် စိတ်တွေ relax ဖြစ်ဖို့ အိပ်မွေ့ချတဲ့ ပုံစံနဲ့ အသံဖိုင်တွေ ရှိပါတယ်။ ဒီအသံဖိုင်တွေက သင့်စိတ်တွေကို တည်ငြိမ်ပြီး အိပ်ချင်စိတ်ကို ဖြစ်စေပါတယ်။ ဒါ့အပြင် အိပ်စက်ဖို့အတွက် အသုံးပြုနိုင်တဲ့ sleeping songs တွေကိုလည်း နားထောင်ပြီး အိပ်ပျော်ဖို့ ကြိုးစားရင်လည်း အိပ်ပျော်သွားစေပါတယ်နော်။

Kham

sponsored