ရုံးပိတ်ရက်ကို အကျိုးရှိရှိနဲ့ အကောင်းဆုံး အသုံးချနိုင်တဲ့ နည်းလမ်းများ

katemangostar/Freepik
Sponsored

ရုံးပိတ်ရက်ဆိုတာ တစ်ပတ်လုံး အလုပ်လုပ်ရတဲ့ ခန္ဓာကိုယ်အတွက် အနားယူဖို့ ပိတ်ရတာ ဖြစ်ပါတယ်။ ဒီလို ပိတ်ရက်ကို အကျိုးရှိရှိ အသုံးမချခဲ့ရင် သင့်ခန္ဓာကိုယ်လည်း အနားရဖို့ဆိုတာ မသေချာပါဘူး။ လုံလောက်တဲ့ အနားယူမှုက ကိုယ့်ကို အားအင်အသစ်တွေ ဖြစ်စေတာမို့ အခုလို အနားလည်းယူရင်း အကျိုးလည်း ရှိစေမယ့် အရာတွေလည်း ဖော်ပြလိုက်ပါတယ်နော်။

(၁) အနားယူပါ

Sponsored

တစ်ပတ်လုံး အလုပ်တွေလုပ်ခဲ့ပြီး အနားယူဖို့ ပိတ်ရက်ရထားတာ ဖြစ်ပါတယ်။ ဒီတော့ နားရက်လေးလောက်တော့ အလုပ်တွေနဲ့ တွေးစရာတွေကို ခဏမေ့ထားပြီး အနားယူလိုက်တာက သင့်အတွက် ပိုပြီး လန်းဆန်းပြီး အားအင်ပြည့်စေမှာပါ။

snowing/Freepik

(၂) စာဖတ်ပါ

အနားယူတဲ့အချိန်မှာ မပင်ပန်းစေဘဲ အကျိုးရှိစေတာကတော့ စာဖတ်ခြင်းပဲ ဖြစ်ပါတယ်။ ပေါ့ပါးတဲ့ ရသစာပေအချို့က သင့်ကို လူတွေအကြောင်းနဲ့ ဘဝသင်ခန်းစာတွေကို ပြောပြပေးမှာပါ။ ဒါကြောင့် စိတ်လည်း အပန်းပြေ တွေးစရာ အချို့လည်း ရစေလို့ သင့်အတွက် အကျိုးရှိစေမယ့်အရာပါပဲ။

READ
ကိုယ့်ကိုယ်ကို ပျော်ရွှင်အောင် ထားနိုင်ရင် ရလာမယ့် အကျိုးကျေးဇူးများ

(၃) အိမ်သန့်ရှင်းရေး လုပ်ပါ

အလုပ်တွေ ရှိတဲ့ ရက်တွေမှာ အနားယူဖို့အချိန်နဲ့ အလုပ်အတွက် ကိုယ့်အတွက် အချိန် ခွဲဝေနေရလို့ သိပ်ပြီး အိမ်မှုကိစ္စနဲ့ သန့်ရှင်းရေးကို လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ ပိတ်ရက်မှာ အိမ်သန့်ရှင်းရေး လုပ်သင့်ပါတယ်။ သန့်ရှင်းသပ်ရပ်နေတဲ့ အိမ်က သင့်ကို စိတ်ပေါ့ပါးပြီး ဖိစီးမှုလျော့စေပါတယ်။ တစ်ပတ်တစ်ခါ သန့်ရှင်းရေး လုပ်တာကလည်း သင့်အတွက် သန့်ရှင်းရေး လုပ်ရ သက်သာစေပါတယ်။

vgstockstudio/Freepik

(၄) ဒိုင်ယာရီရေးပါ

တိုးတက်မှုတွေ လိုချင်ရင် သင့်လုပ်ခဲ့တာတွေနဲ့ လုပ်ချင်တာတွေ ချရေးထားဖို့ လိုပါလိမ့်မယ်။ ဒါတွေက သင့်ကို အမြဲ သတိပေးမယ့်အရာတွေ ဖြစ်သွားတာပါ။ သင့်ရဲ့ တိုးတက်မှုတွေနဲ့ အားထုတ်မှုကို သိချင်ရင်တော့ ပိတ်ရက်တွေမှာ ရတဲ့အချိန်တစ်ချို့ကို သင့်ရဲ့ တစ်ပတ်စာ(သို့) နေ့စဉ် ဒိုင်ယာရီအတွက် အသုံးပြုလို့ ရပါတယ်နော်။

READ
မိန်းကလေးအများစု လက်တွေ့မှာ မဆုံနိုင်တဲ့ စိတ်ကူးထဲက ကောင်လေးပုံစံများ

(၅) မုန့်လုပ်စားပါ

တစ်ပတ်လုံး အလုပ်လုပ်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုအတွက် ဂုဏ်ပြုတာလည်း လုပ်ဖို့ လိုပါတယ်။ အပြင်ထွက်ပြီး မုန့်တွေ ဝယ်စားမယ့်အစား မုန့်လုပ်နည်းကို အွန်လိုင်းကြည့်ပြီး လုပ်စားတာကလည်း ကောင်းပါတယ်။ ဝယ်စားတာထက် များများစားရသလို သင်လည်း မုန့်လုပ်တတ်တဲ့ ပညာ ရသွားမှာပါ။ ဒါ့အပြင် ကိုယ်ချက်ထားတဲ့အရာက ကောင်းကောင်းဆိုးဆိုး ကိုယ့်ကို ပျော်ရွှင်စေတာပါပဲ။

Kham

sponsored