စက်ဆွဲစရာမလိုဘဲ ဆံပင်ကို ဖြောင့်စင်းသွားစေမယ့် သဘာဝပေါင်းတင်နည်း (၄)ခု

elegent women/pinterest
Sponsored

ဓာတုဆေးသုံးပြီး၊ အပူပေးပြီး ဆံပင်ဖြောင့်ခြင်းက ပျိုမေတို့ဆံကေသာကိုခြောက်သွေ့ပျက်စီးစေတဲ့အပြင် ဆံသားကိုပြောင်းသွားစေတာမျိုး၊ ဆံပင်တွေ အရမ်းကျွတ်ပြီး ပါးသွားတာမျိုးတွေဖြစ်စေတာကြောင့် ခဏခဏဆံပင်ဖြောင့်လို့မကောင်းဘူးနော်။ ဒီတော့ ဓာတုဆေးမသုံး၊ ဖြောင့်စက်မလိုဘဲ သဘာဝအတိုင်းဆံပင်လေးတွေဖြောင့်စင်းအောင် လုပ်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကိုဖော်ပြပေးချင်ပါတယ်။

(၁) ကြက်ဥအကာနဲ့ဒိန်ချဉ်

Wendy Robertson/ pinterest

ကြက်ဥအကာတစ်လုံး၊ ဒိန်ချဉ်နှစ်ဇွန်းတို့ကိုရောမွှေပြီး ဆံပင်အရင်းကနေအဖျားထိလိမ်းပေးပါ။ နာရီဝက်ကြာရင်ရေနွေးနွေးလေးနဲ့ပြန်ဆေးချပြီး ခေါင်းပြန်လျှော်ပေးလိုက်ကာ သဘာဝအတိုင်းအခြောက်ခံပေးလိုက်ပါ။ ခြောက်သွားတဲ့အခါ ဘီးအစိပ်လေးနဲ့ဖြီးပေးလိုက်ရုံနဲ့ သဘာဝအတိုင်းဖြောင့်စင်းတဲ့ဆံကေသာကိုရရှိပါလိမ့်မယ်။

(၂) ငှက်ပျောသီးနဲ့ပျားရည်

Shop Lrworld/pinterest
Sponsored

ငှက်ပျောသီးမှည့်တစ်လုံး၊ ပျားရည်တစ်ဇွန်းတို့ကို သမအောင်မွှေလိုက်ပြီး ဆံပင်အနှံ့လိမ်းပေးပါ။ မိနစ်နှစ်ဆယ်လောက်ထားပြီး ရေအေးနဲ့ပဲခေါင်းလျှော်ပေးလိုက်ပါ။ သဘာဝအတိုင်းအခြောက်ခံပြီး ဘီးလေးနဲ့ဖြီးပေးလိုက်ရင် ဆံပင်လေးတွေဖြောင့်စင်းသွားပြီး အစိုဓာတ်လည်းပြည့်ဝလာပါလိမ့်မယ်။

(၃) အုန်းဆီနဲ့ပျားရည်

pixabay/ dana tentis

အုန်းဆီနှစ်ဇွန်းနဲ့ ပျားရည်နှစ်ဇွန်းဆတူရောပြီး ဆံပင်အရင်းကနေအဖျားထိရွှဲနေအောင်လိမ်းပေးပါ။ နာရီဝက်လောက်ထားပြီး ရေနွေးလေးနဲ့ခေါင်းလျှော်ပေးပြီး သဘာဝအတိုင်းအခြောက်ခံပေးလိုက်ပါ။ ဆံပင်သားလေးတွေ သိသိသာသာနူးညံ့ပြီးဖြောင့်စင်းသွားတာကိုတွေ့ရပါလိမ့်မယ်။

(၄) အုန်းနို့နဲ့လိမ္မော်ရည်

pixabay /congerdesign

အုန်းနို့အနည်းငယ်ကို ခွက်ထဲထည့်ကာ လိမ္မော်သီးတစ်လုံးကို အရည်ညှစ်ထည့်လိုက်ပါ။ ရလာတဲ့ အရည်နဲ့ဆံပင်အဖျားထိရွှဲနေအောင်လောင်းချပေးပြီး ၁၅ မိနစ်လောက်ထားကာ ရေနွေးလေးနဲ့ခေါင်းလျှော်ပေးလိုက်ပါ။ ဆံပင်လေးတွေဖြောင့်စင်းသွားပြီး လိမ္မော်ရည်မှာ ပါဝင်တဲ့ဗီတာမင် စီအစွမ်းကြောင့် ဆံသားလေးတွေချောမွတ်တောက်ပြောင်လာပါလိမ့်မယ်။

READ
ကြက်ဆူဆီကိုအသုံးပြုပြီး အကြောပြတ်ရာအားလုံးကို ပျောက်သွားစေမယ့်နည်းလမ်း (၅) မျိုး

MAY THAZINHTOO

sponsored