ကြက်ဥအစွမ်းနဲ့ ဆံပင်ကျွတ် ဆံပင်ပါးတာရပ်ပြီး ဆံပင်အုံထူစေမယ့် နည်း

Image:Shutterstock/By Valua Vitaly /MRAORAOR/Kate Marsden
Sponsored

ဆံပင်တွေကျွတ် လို့ စိတ်ညစ် နေရသူတွေ ရှိတယ်ဆိုရင်တော့ ပိုက်ဆံ လည်း အများကြီး ကုန် စရာ မလိုတဲ့ နည်းေ လးကို ဝေမျှ ပေးချင်ပါတယ်။ဆံပင်တွေ ကျွတ်၊ဆံပင်ပါးလာတာတွေကို တော့ ကြက်ဥ လေးကို သုံး ပြီး ဖြေရှင်းလို့ ရပါတယ်။သဘာဝ နည်းလမ်းကိုတော့ ပုံမှန် သုံးပေးပါ။တစ်လ ၊နှစ်လ အတွင်းမှာပဲ ရ လဒ် ကောင်း ကို ခံစား ရမှာပါ။ အရမ်းကို လွယ်ပါတယ်။

Image:Shutterstock/By Valua Vitaly

ကြက်ဥ မှာတော့ ဆံပင် အတွက် အာဟာရ ဖြစ်စေတဲ့ ပရိုတင်းနဲ့ အာဟာရ ဓါတ် တွေ အများကြီး ပါရှိပါတယ်။ဆံပင် ကို ကျန်းမာသန်စွမ်း စေတဲ့ အပြင် ဆံပင် ရှည်တာကိုလည်းမြန်စေပါတယ်။ကြက်ဥ မှာပါတဲ့ အာဟာရ ဓါတ် တွေ က ဦးရေ ပြားနဲ့ ဆံပင် အမြစ် တွေ အတွက် အရမ်း ကောင်းပါတယ်။ဒါကြောင့် ဆံပင်ကျွတ်တာ၊ဆံပင်ပါးတွေ၊ဆံပင်ရှည် မြန်ချင်တာ .. ဆံပင်နဲ့ ပတ်သက်တာတွေ အတွက် ကြက်ဥကို သုံးလို့ရပါတယ်။

READ
ဆံနွယ်ရှည်လေးတွေကို ဒီတိုင်းထားမယ့်အစား အမိုက်စားပြုလုပ်နိုင်မယ့် စတိုင်ဆန်းလေးများ

ကြက်ဥ နဲ့ သံလွင်ဆီ

Image:shutterstock/MRAORAOR
Sponsored

ကြက်ဥ ကို သူတစ်ခုတည်းပဲ သုံးရင်လည်း ရပါတယ်။ဒါပေမယ့် ပိုပြီး ထိ ရောက် အောင်လို့ အဆင် ပြေတယ်ဆိုရင် တော့ သံလွင်ဆီ နဲ့ တွဲ သုံး ပေးပါ။နည်းက အရမ်းလွယ်ပါတယ်။ကြက်ဥ ကို အနှစ်ဖယ်ပြီး အကာ ရည် တွေကို ယူ လိုက်ပါ။ပုံမှန် ဆံပင် ဆိုရင်တော့ ကြက်ဥ (၁)လုံး၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း (၁)ဇွန်းကို ပန်းကန်လုံး(အဆင် ပြေ တဲ့ ခွက်တခုခုကိုလည်း သုံးနိုင်) ထဲ ရော မွှေ ပါ။ကိုယ်က ဆံပင်ရှည်တယ်၊အုံ ထူတယ်ဆိုရင် တော့ ကြက်ဥ နဲ့ သံလွင် ဆီ ပမာဏ ကို တိုးသုံးပါ။ခုနက ပြောတဲ့ အတိုင်း ရောပြီးရင် တော့ ဆံပင်ကို သုတ် လိမ်း ပေးပါ။ဆံပင်  အပေါ် ယံ ထက် ဦး ရေပြား နားကို သေချာ နှံ့ အောင် လိမ်းပေးပါ။မိနစ် (၂၀) လောက်  ထားပေးပါ။ပြီးရင်တော့ ရေနဲ့ ဆေးချ ပြီး ခေါင်းလျှော်ရည် အ ပျော့ စားလေးနဲ့ ခေါင်းလျှော် ပေးပါ။တစ်ပတ်ကို နှစ်ကြိမ် လုပ် ပေးပါ။

READ
ဆံပင်ညှပ်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ ဒီ (၅) ချက်ကို သိထားဖို့လိုပါတယ်

ကြက်ဥ နဲ့ အုန်းဆီ

Image:Shutterstock/By Kate Marsden

အပေါ်က နည်း အတိုင်းပါပဲ။ ကြက်ဥ (၁)လုံး၊ အုန်းဆီ လက်ဖက်ရည်ဇွန်း (၁)ဇွန်းကို ပန်းကန်လုံးထဲ ထည့် မွှေပါ။မိ နစ် (၂၀) လောက်  ဆံပင်ကို လိမ်း ထားပေးပါ။ပြီးရင်တော့ ရေနဲ့ ဆေးချ ပြီး ခေါင်းလျှော်ရည် အ ပျော့ စားလေးနဲ့ ခေါင်းလျှော် ပေးပါ။တစ်ပတ်ကို နှစ်ကြိမ် လုပ် ပေးပါ။

တခြား အရာတွေ အနေနဲ့ အုန်းဆီနဲ့ သံလွင်ဆီရဲ့ နေရာမှာလည်း ငှက်ပျောသီး နဲ့ ရှားစောင်းလ က်ပတ် တို့ ကို အ စားထိုးသုံးလို့ရပါတယ်။လှပ တဲ့ ဆံ ကေသာတွေ ပိုင်ဆိုင် နိုင်ပါစေ နော်…။

#AUNTYMAY

sponsored