ညဘက်အိပ်မပျော်တဲ့အချိန်မှာ အလွယ်တကူ အိပ်ပျော်စေနိုင်မယ့် ရိုးရှင်းတဲ့နည်းလမ်းလေးတွေ

shutterstock/ ae ssp
Sponsored

ဖုန်းနဲ့ ကွန်ပျူတာတွေ အသုံးများသွားတဲ့ နေ့တွေမျိုး၊ ကော်ဖီတွေအများကြီး သောက်မိသွားတဲ့နေ့တွေနဲ့ တစ်ခြားသော အကြောင်းအရင်းအမျိုးမျိုးကြောင့် ညဘက်အိပ်မပျော်တာမျိုး ဖြစ်တတ်ကြပါတယ်။ လူကအိပ်ချင်နေပေမယ့် အိပ်မရတဲ့ အခြေအနေမျိုးက အရမ်းကို ပင်ပန်းလာတတ်ပြီး ဆိုးဆိုးဝါးဝါး ခေါင်းကိုက်တာမျိုးကို ခံစားရတတ်ပါတယ်။ ဒီတော့ ညဘက်အိပ်မရတဲ့အခါ အလွယ်တကူ အိပ်ပျော်စေနိုင်တဲ့ ရိုးရှင်းတဲ့နည်းလေးကို ဝေမျှပေးလိုက်ပါတယ်နော်။

ခြေထောက်ကို နွေးနွေးထွေးထွေးဖြစ်အောင် ထားပါ

shutterstock/Art_Photo

ညအိပ်ရာမဝင်ခင်မှာ ကောင်းမွန်စွာအိပ်စက်စေနိုင်ဖို့ နွေးနွေးထွေးထွေးလေး ဖြစ်နေဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ခြေဖျားလက်ဖျားတွေ နွေးထွေးနေတဲ့အချိန်မှာ သွေးစီးဆင်းမှုကို ကောင်းမွန်စေလို့ ကောင်းမွန်စွာ အိပ်ပျော်စေနိုင်ပါတယ်။ ဒါကြောင့် မအိပ်ခင်မှာ ခြေအိတ်ဝတ်အိပ်တာမျိုးက အလွယ်တကူ အိပ်ပျော်စေနိုင်ပါတယ်။

ကိုယ့်ရဲ့တစ်နေ့တာကို ပြန်သုံးသပ်ပါ

shutterstock/ lithian
Sponsored

အိပ်မပျော်တဲ့အချိန်မျိုးမှာ ကိုယ်ဖြတ်သန်းခဲ့တဲ့ တစ်နေ့တာကို ပြန်စဉ်းစားကြည့်ပါ။ ကိုယ်လုပ်ခဲ့တဲ့ သာမာန်ကိစ္စလေးတွေ ညစာဘာစားခဲ့တယ်၊ ဘယ်ကားစီးပြီး အိမ်ပြန်လာခဲ့တယ်၊ ဘယ်သူတွေနဲ့ စကားပြောဖြစ်ခဲ့တယ် စသဖြင့် ဒါတွေကို စဉ်းစားခြင်းက သင့်ကိုစိတ်လက်ပေါ့ပါးစေပြီး စိုးရိမ်စိတ်နည်းစေတဲ့အတွက် ဖြည်းဖြည်းချင်း အိပ်ပျော်စေနိုင်ပါတယ်နော်။

READ
မျက်နှာလေးကို ကြည်ပြောင်ပြီး Glow သွားစေမယ့် အိမ်တွင်း Mask လုပ်နည်းလေးများ

အသက်ရှုလေ့ကျင့်ခန်း လုပ်ပါ

shutterstock/fizkes

အိပ်မပျော်နိုင်တဲ့ အခါမျိုးမှာ အသက်ရှုလေ့ကျင့်ခန်းလေးလုပ်ပေးတာက သင့်ကို အိပ်ပျော်စေနိုင်ပါတယ်။ အသက်ရှုလေ့ကျင့်ခန်းလုပ်တဲ့နေရာမှာ အသက်ကို လေးစက္ကန့်လောက်ရှုသွင်းပြီး ခုနှစ်စက္ကန့်လောက် အောင့်ထားကာ ရှစ်က္ကန့်ကြာအောင် ရှုထုတ်ရမှာ ဖြစ်ပါတယ်။ ဒါက သင့်ကို စက္ကန့်ခြောက်ဆယ်အတွင်းမှာပဲ အိပ်မောကျစေမှာ ဖြစ်ပါတယ်။

ခေါင်းအုံးကို ဒူးအောက်မှာ ထားအိပ်ပါ

shutterstock/Africa Studio

အိပ်စက်တဲ့အချိန်မှာ ခေါင်းအုံး သို့ ဖက်လုံးကို ဒူးအောက်မှာထားအိပ်တာက အနေအထားမှန်ကန်ပြီး ညောင်းညာမှုကို ပြေလျော့စေလို့ ကောင်းမွန်စွာ အိပ်စက်စေနိုင်ပါတယ်။ ဒါက အိပ်မပျော်တဲ့အချိန်မျိုးမှာ တကယ့်ကို ထိရောက်မှုရှိစေမှာ ဖြစ်ပါတယ်နော်။

Khin

sponsored