အစားကို ဗိုက်အဆာလွန်မှ စားတာမဟုတ်ပဲ အချိန်မှန် စားသောက်သင့်တာ ဒါတွေကြောင့်ပါ

shutterstock/ Andrey_Popov
Sponsored

လူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် စားသောက်ချိန် မမှန်တာတွေ ဖြစ်တတ်ကြပါတယ်။ အလုပ်များလို့ မစားဖြစ်တာ၊ ဒီအတိုင်း ဖုန်းသုံးနေလို့၊ ပျင်းလို့ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် အဆာလွန်မှ စားတာမျိုး လုပ်တတ်ကြပါတယ်။ တကယ်တော့ ဒါဟာ မှားယွင်းတဲ့ နည်းလမ်းဖြစ်ပြီးတော့ အစာစားချိန်ကို ပုံမှန်သတ်မှတ်ပြီး စားသင့်ပါတယ်နော်။ ဗိုက်ဆာမှ စားမိတဲ့အခါ ဒီလို အချက်တွေ ဖြစ်လာနိုင်ပါတယ်။

ဗိုက်ဆာခြင်းက အလွန်အကျွံ စားခြင်းကို ဖြစ်စေတယ်

shutterstock/ Matthew Ennis

ဗိုက်အရမ်းဆာနေတဲ့အချိန်မှာ ကိုယ်စားနေကျ ပမာဏထက် များများပိုစားတတ်ကြပါတယ်။ နောက်ပြီး လူတွေရဲ့ ခန္ဓာကိုယ် ဇီဝရုပ်ကောင်းစွန် ဖြစ်ပျက်နိုင်ဖို့ သုံးလေးနာရီတစ်ကြိမ်စီ အဟာရ ဖြည့်ပေးဖို့ လိုအပ်ပါတယ်။ တကယ်လို့ အချိန်အကြာကြီး ဗိုက်ထဲမှာ အစားအစာမရှိတဲ့အခါ သွေးတွင်းသကြားဓာတ်ဟာ လျော့ကျလာတတ်တဲ့အတွက် သကြားပါဝင်မှု များတဲ့ အစားအစာတွေကို အများကြီး စားသောက်တတ်ပါတယ်။

READ
ရေသိပ်မသောက်ဖြစ်သူတွေအတွက် ရေများများသောက်ဖြစ်စေမယ့် နည်းလမ်းတွေ

ဝိတ်ပိုတက်စေတယ်

shutterstock/ Zania Studio
Sponsored

စောစောကပြောခဲ့သလို ဗိုက်အရမ်းဆာနေတဲ့အချိန်မှာ စားသင့်တာထက် ပိုစားမိတဲ့အခါ ဝိတ်ပိုတက်စေပါတယ်။ နောက်ပြီး စားလိုက်တဲ့ပမာဏဟာ များတဲ့အတွက် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ထက် ပိုလျှံနေတဲ့ အရာတွေဟာ အဆီအဖြစ် စုပုံလာစေတာပဲ ဖြစ်ပါတယ်။ အကျိုးဆက်ကတော့ တဖြည်းဖြည်း ဝိတ်တက်လာခြင်းပါပဲ။

အစာ စားချင်စိတ် မရှိဘူး

shutterstock/Mivolchan19

စားသောက်ချိန် မမှန်ကန်တဲ့သူ၊ အစားအသောက်ကို ပုံမှန်မစားတဲ့သူဟာ အစားစားချင်စိတ်လည်း နည်းလာတတ်ပါတယ်။ ဒါဟာ တကယ်တမ်းမှာတော့ ကောင်းမွန်တဲ့ အရာတစ်ခု မဟုတ်ပါဘူး။ ဗိုက်အဆာလွန်မှ စားတတ်တဲ့အကျင့်ဟာ တဖြည်းဖြည်းနဲ့ ဦးနှောက်ကနေ ဗိုက်ဆာခြင်းကို ထိန်းချုပ်လာတတ်ပါတယ်။ ဒီလို ထိန်းချုပ်လိုက်တဲ့အခါ ဗိုက်မဆာဘူးလို့ ထင်လာတတ်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အဟာရကို မစားသောက်နိုင်တော့တာပါပဲ။

ကျန်းမာရေးကို ထိခိုက်စေတယ်

shutterstock/ Merla

အဆာလွန်မှ အစာစားတတ်ခြင်းက ကျန်းမာရေးကို များစွာ ဆိုးဝါးစေပါတယ်။ များစွာသော နောက်ဆက်တွဲပြသနာတွေ ဖြစ်တဲ့ အစာအိမ်နာခြင်း၊ အားနည်းခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အပ်မပျော်ခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်းနဲ့ အစာအိမ်ရောဂါတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဗိုက်ဆာမှ ထစားတတ်တာမျိုးမဟုတ်ပဲ ကိုယ့်အတွက် သတ်သတ်မှတ်မှတ် အချိန်လေးထားပြီး အစားကို ဂရုတစိုက် စားပေးသင့်ပါတယ်။

READ
ဆံပင်သားတွေ လှပသန်စွမ်းလာစေဖို့ ဆန်ဆေးရည်ကို အသုံးပြုနည်းများ

Khin

sponsored