မနာလိုခြင်းကို ဖြစ်ပေါ်လာစေနိုင်တဲ့ အဓိက အကြောင်းရင်း (၃) မျိုး

freepik/ freepik
Sponsored

မနာလိုခြင်းဆိုတာ လူတိုင်း တစ်ခါလောက်တော့ ခံစားရဖူးမှာပါ။ ကိုယ်ကမနာလိုတာပဲဖြစ်ဖြစ်၊ တခြားသူရဲ့မနာလိုမှုကိုပဲဖြစ်ဖြစ် ခံဖူးကြမှာပါ။ ခုဖော်ပြပေးမှာကတော့ မနာလိုခြင်းကိုဖြစ်ပေါ်လာစေတဲ့ အကြောင်းရင်းတွေပဲဖြစ်ပါတယ်။

(၁) အတွေးလွန်ခြင်း

shutterstock/ nokkaew

အတွေးလွန်ခြင်းဟာ ဘယ်လို ဆက်ဆံရေးမျိုးကိုမဆို ပျက်စီးစေနိုင်ပါတယ်။ လိုတာထက်ပိုပြီး အတွေးလွန်တာ၊ အဆုံးစွန်ထိတွေးတတ်တာမျိုးတွေဟာ မနာလိုခြင်းကို ဖြစ်ပေါ်လာစေတဲ့ အကြောင်းရင်းတွေပါပဲ။ ဒါကြောင့် မလိုအပ်ပဲ အတွေးမလွန်ဖို့ သတိပြုရပါမယ်။

(၂) လက်တွေ့နဲ့ဝေးကွာလွန်းခြင်း

lookstudio/Freepik
Sponsored

ဒါဟာ ဇာတ်လမ်းတွေကြည့်လွန်းတဲ့သူတွေ၊ စာတွေအရမ်းဖတ်တဲ့သူတွေမှာ အဖြစ်များပါတယ်။ လက်တွေ့နဲ့ အရမ်းကို ကွာခြားလွန်းတဲ့အရာတွေထဲမှာပဲ စိတ်နှစ်ထားတဲ့အခါ လက်တွေ့နဲ့အထင်အမြင်တွေ ကွာဟနေတတ်ပါတယ်။ လူတွေရဲ့အရှိကိုအရှိအတိုင်းမမြင်နိုင်တော့ပဲ အတွေးလွန်နေတတ်ခြင်းကြောင့်ပါ။ ဒါကြောင့် လက်တွေ့ဆန်ဆန်တွေးခေါ် မြင်တတ်ဖို့ အထူးအရေးကြီးပါတယ်။

(၃) ထင်ယောင်ထင်မှားဖြစ်တာ

shutterstock/SunKids

ထင်ယောင်ထင်မှားခြင်းကလည်း လူတွေကို မနာလိုစိတ်ဖြစ်ပေါ်လာစေပါတယ်။ လူတစ်ယောက်ရဲ့ အပေါ်ယံကိုကြည့်ပြီး ဆုံးဖြတ်တာမျိုးပေါ့။ လူတစ်ယောက်က ဝတ်ကောင်းစားလှတွေ၊ ပစ္စည်းကောင်းတွေသုံးရင် အတွင်းကိုတော့ ဘာမှမသိပဲ ချမ်းသာတယ်လို့ တန်းပြီး ထင်မိလိုက်သလိုပေါ့။ တကယ်တော့ လူတိုင်းဟာ ပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ သူ့အခြေအနေ၊ သူ့အတိုင်းအတာအလျောက် အားလုံးမှာ မပြည့်စုံမှု အားနည်းချက်တွေရှိနေတယ်ဆိုတာ သိထားဖို့ အရေးကြီးပါတယ်။

READ
အသည်းကွဲနေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်သင့်တဲ့ မေးခွန်း(၅)ခု

Em Em

sponsored