လူကြိုက်များပြီး အလုပ်ရှုပ်သက်သာတဲ့ အသင့်စားခေါက်ဆွဲခြောက်တွေက ဈေးကွက်ထဲမှာ ကျပ်ပြန့််စွာ နေရာယူထားပါတယ်နော်။ အလုပ်လည်း မရှုပ်သလို အလွယ်တကူ ဗိုက်ဝစေတဲ့ ခေါင်းဆွဲခြောက်တွေကို မကြာခဏ စားသောက်ခြင်းက ဘာတွေဖြစ်လာနိုင်လဲဆိုတာကို ဝေမျှပေးလိုက်ပါတယ်နော်။
Sodium ဓာတ်မြှင့်စေတယ်

အသင့်စား ခေါက်ဆွဲခြောက်တွေဟာ စားရတာ အရသာရှိပေမယ့် အဲဒီ့ထဲမှာ ဆားနဲ့ carbohydrates ဓာတ်တွေ များစွာပါဝင်နေပါတယ်။ ဒီတော့ နည်းနည်းလေးစားလိုက်ရုံနဲ့ကို ခန္ဓာကိုယ်မှာ လိုအပ်တဲ့ sodium ပမာဏထက် ပိုလွန်သွားစေတာပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ sodium ဓာတ်များနေတဲ့အခါ နောက်ဆက်တွဲ ပြသနာတွေက ကပ်ပါလာတတ်ပါတယ်။ ဒါကြောင့် အသင့်စားခေါက်ဆွဲခြောက်တွေက သဘာဝ အဟာရ၊ ဗီတာမင်ကို မရရှိနိုင်တဲ့အပြင် ခန္ဓာကိုယ်ကို ထိခိုက်စေတတ်ပါတယ်။
လေပွခြင်းကို ဖြစ်ပေါ်စေတယ်

ခေါက်ဆွဲခြောက်တွေမှာ ဆားပါဝင်မှုများတဲ့အတွက် စားပြီးတဲ့အချိန်မှာ ရေခဏခဏ ဆာတတ်ပါတယ်။ ဒါက ဝမ်းဗိုက်ကို လေပွစေပြီး ဗိုက်ကြီးဖောင်းပွနေတာမျိုး ဖြစ်တတ်တာပါပဲ။ မကြာခဏသာ စားသောက်မယ်ဆိုရင်တော့ ဝိတ်တက်လာပြီး ဗိုက်က တဖြည်းဖြည်းနဲ့ ဖောင်းလာနိုင်ပါတယ်။
အစာအိမ်ကို ထိခိုက်စေနိုင်တယ်

အသင့်စား ခေါက်ဆွဲခြောက်တွေဟာ အစာအိမ်ထဲမှာ အချိန်ကြာကြာထိ ကျန်ရှိနေတတ်ပါတယ်။ ပုံမှန်ခေါက်ဆွဲတွေလို မဟုတ်ပဲ အစာကြေဖျက်နိုင်စွမ်း ကြာရှည်စေတာပါ။ Dr. Kuo က အင်တာဗျူးတစ်ခုမှာ အချိန်နှစ်နာရီလောက်ကြာမှ ခေါက်ဆွဲတွေဟာ ပြိုကွဲစပြုတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ဒီလို အစာအိမ်ထဲမှာ အချိန်ကြာမြှင့်စွာ ရှိနေတတ်တဲ့ ခေါက်ဆွဲခြောက်တွေက အစာအိမ်ကို ထိခိုက်စေနိုင်တာပါ။
နာမကျန်းဖြစ်လွယ်တယ်

တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ် အသင့်စားခေါက်ဆွဲခြောက်တွေ စားတတ်တဲ့ သူဟာ ဆီးချို၊ နှလုံးရောဂါတွေအပြင် ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်း၊ အမြင်မှုန်ဝါးခြင်း စသဖြင့် နောက်ဆက်တွဲ ရောဂါတွေကို ရင်ဆိုင်ရတတ်ပါတယ်။ ဒါကြောင့်မို့ အသင့်စား ခေါက်ဆွဲခြောက်တွေကို မကြာခဏ စားတာမျိုး ဆင်ခြင်သင့်ပါတယ်နော်။
Khin