ဗီတာမင်ဖြည့်စွက်စာတွေ ပုံမှန်စားတဲ့အခါ ခန္ဓာကိုယ်မှာဘာတွေပြောင်းလဲသွားလဲ..

Pexels/Anna Shvets
Sponsored

တကယ်လို့ စာဖတ်သူဟာ ကိုယ်စားသောက်တဲ့အစာအာဟာရတွေထဲ အာဟာရအလုံအလောက်မပါဘူးထင်ရင် ဗီတာမင်ဆေးဝါးတွေကိုဖြည့်စွက်မှီဝဲနိုင်ပါတယ်။ နောက်ပိုင်း ဗီတာမင်ဆေးတော်တော်များများက ဂျယ်လီပုံစံနဲ့လာနေတာဖြစ်လို့ မှီဝဲရတာအဆင်ပြေနေပါတယ်။ ဒီဗီတာမင်ဆေးဝါးတွေကိုနေ့စဉ်မှီဝဲတဲ့အခါ ခန္ဓာကိုယ်မှာဘာတွေ ဖြစ်လာနိုင်လဲဆိုတာ thelist အရ ဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာစွာနဲ့ အသက်ကြီးလာစေပါတယ်

တစ်ချို့အသီးအရွက်တွေဆိုရင် အာဟာရပြည့်ဝစွာပါဝင်ပေမယ့် ကိုယ်မစားချင်တာမျိုးရှိနိုင်ပါတယ်။ ဒီနေရာမှာတော့ ခန္ဓာကိုယ်ရဲ့လိုအပ်နေတဲ့ အာဟာရဓာတ်တွေကို ဗီတာမင်ဆေးဝါးတွေကတဆင့် အလွယ်တကူရနိုင်ပါတယ်။ လူတွေဟာ အသက်ကြီးလာတဲ့အခါ အာဟာရဓာတ်တွေစုပ်ယူနိုင်မှုအားနည်းသွားပါတယ်။ ဒါကြောင့် ဗီတာမင်ဆေးဝါးတွေကို မှီဝဲတဲ့အခါ လိုအပ်တဲ့အာဟာရတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေ၊ အာရုံကြောစနစ်နဲ့ အရေပြားကိုပါ ကာကွယ်ပြီးဖြစ်စေပါတယ်။

pexels/fotografierende

မျက်လုံးကျန်းမာရေးအတွက် အထောက်အကူပေးပါတယ်

Sponsored

ဗီတာမင်ဆေးဝါးတွေမှီဝဲခြင်းဟာ မျက်လုံးကျန်းမာရေးအတွက် အထောက်အကူပေးပါတယ်။ မျက်လုံးကျန်းမာရေးအတွက်အရေးကြီးတဲ့ antioxidant တွေဖြစ်တဲ့ ဗီတာမင် C, E, A, zinc, beta-carotene တွေကို ဗီတာမင်ဆေးဝါးတွေကနေ ရနိုင်ပါတယ်။ ဗီတာမင် A ဟာ မျက်ကြည်လွှာကိုသန့်စင်စေပါတယ်။ ဗီတာမင် C နဲ့ E ကတော့ ပတ်ဝန်းကျင်ကဝင်လာတဲ့ free radical တွေကိုတိုက်ထုတ်ပေးပါတယ်။

READ
ကိုရီးယားနိုင်ငံမှာ ပလတ်စတစ်ဆာဂျရီပြုလုပ်သူတွေ အလိုချင်ဆုံး မျက်နာဖြစ်နေတဲ့ သူတို့တွေ

နှလုံးရောဂါမဖြစ်ပွားအောင် ကာကွယ်နိုင်သလား

လေ့လာချက်တစ်ခုမှာတွေ့ရတာက ဗီတာမင်ဆေးဝါးတွေကိုမှီဝဲခြင်းဟာ နှလုံးရောဂါနဲ့သေဆုံးနိုင်ခြေကို လျော့နည်းစေတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ဗီတာမင်ဆေးဝါးတွေကို နေ့တိုင်းတစ်နေ့တစ်လုံးသောက်ရင် နှလုံးရောဂါမဖြစ်ပွားဘူးလို့တော့ မပြောထားပါဘူး။ ဒီအကြောင်း သုတေသနရလဒ်တွေကလည်း အမျိုးမျိုးရောနေပါတယ်။

pexels/Anna Tarazevich

ကင်ဆာရောဂါကိုလျော့ကျစေနိုင်လား

ကမ္ဘာပေါ်မှာ နှလုံးရောဂါဟာ နံပတ်၁ လူသတ်သမားဖြစ်သလို ကင်ဆာရောဂါကလည်း ဒုတိယနေရာလိုက်ပါတယ်။ ဗီတာမင်ဆေးဝါးတွေဟာ ကင်ဆာကြိုကာကွယ်နိုင်တယ်ဆိုတဲ့ အချက်ကလည်း ပညာရှင်တွေကြားထဲ အငြင်းပွားဆဲဖြစ်ပါတယ်။ တစ်ချို့လေလာမှုတွေအရ ဗီတာမင်ဆေးဝါးတွေဟာ ကင်ဆာမဖြစ်အောင်ကာကွယ်ပေးတယ်ဆိုပေမယ့် တစ်ချို့ကလည်း ဗီတာမင်ဆေးဝါးတွေနဲ့ ကင်ဆာရောဂါဆက်နွယ်မှုမရှိဘူး ဒါမှမဟုတ် ကင်ဆာဖြစ်အောင် ပိုလှုံ့ဆော်ပေးတယ် စသဖြင့်အမျိုးမျိုးပြောကြပါတယ်။ ဒါပေမဲ့ ကျန်းမာရေးပညာရှင်တော်တော်များများကတော့ ဗီတာမင်ဆေးဝါးမှီဝဲချင်တယ်ဆိုရင် အူမကြီးနဲ့ ဆီးကြိတ်ကင်ဆာကာကွယ်ဖို့ ဗီတာမင် D ဖြည့်စွက်စာကိုမှီဝဲဖို့တိုက်တွန်းထားပါတယ်။

ဈေးကွက်မှာတော့ အသက်အရွယ်စုံ ကျားမစုံအတွက် ဗီတာမင်ဆေးဝါးတွေအမျိုးမျိုးပေါ်နေပါတယ်။ ဗီတာမင်ဖြည့်စွက်စာဆိုတာကလည်း တစ်ချို့လူတွေအတွက် ဆေးဖြစ်ပေမယ့် တစ်ချို့အတွက်တော့  အဆိပ်အတောက်ဖြစ်နေတတ်တာကြောင့် တတ်ကျွမ်းနားလည်သူ ဆရာသမားများနဲ့သာ မေးမြန်းဆွေးနွေးပြီး မှီဝဲကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

READ
ကိုပြည့်ဖြိုးတေဇနဲ့ မသက်နှင်းလှိုင်တို့ရဲ့ မင်္ဂလာပွဲ ဓါတ်ပုံအသစ်လေးတွေ ထွက်ပေါ်

AuntyMay

sponsored