နေ့တိုင်း mask တပ်နေတဲ့အခါ အဆုတ်မှာ ဘာတွေဖြစ်လာနိုင်လဲ

shutterstock/Chayatorn Laorattanavech
Sponsored

လက်ရှိမှာတော့ အပြင်သွားတဲ့အချိန်တွေမှာ mask က မပါမဖြစ် အရာတစ်ခု ဖြစ်လာပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပေါ်နေတဲ့ COVID – 19 ကို ကာကွယ်ဖို့ mask က လိုကိုလိုအပ်ပါတယ်။ ဒါဆိုရင် နေ့တိုင်း mask တွေတပ်ပြီး သွားလာနေကြတဲ့အခါ ခန္ဓာကိုယ်ရဲ့ အဆုတ်ကို ထိခိုက်စေလား ဘာတွေဖြစ်လာနိုင်လဲဆိုတာကတော့ စဉ်းစားစရာပါနော်။

ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတယ်

shutterstock/ Dragana Gordic

နေ့တိုင်း mask တွေတပ်ပြီး သွားလာရတဲ့အခါ တစ်ချို့လူတွေက ဒီလိုမျိုး တပ်ရတာကို နေသားမကျတတ်ကြတာတွေ၊ ဝက်ခြံတွေ ထွက်တာ၊ နားရွက်တစ်ဝိုက်မှာ ယားယံမှုတွေ ဖြစ်ပေါ်တာ စသဖြင့် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒါဟာ ကြီးကြီးမားမား ပြသနာမဟုတ်တဲ့အတွက် စိတ်ပူစရာမလိုသလို အဓိကက ကြီးကြီးမားမား ရောဂါတွေကို မဝင်အောင် တားဆီးပေးနိုင်တာပါပဲ။ ဒါကြောင့် mask ကို အပြင်သွားတိုင်း တပ်သင့်ပါတယ်။

READ
အားနာစိတ်ကြီးပြီး သူတစ်ပါးထိခိုက်နာကျင်မှာကို မလိုလားကြတဲ့ ရာသီခွင် (၃) ခု

အဆုတ်ကို မထိခိုက်စေဘူး

shutterstock/Vasyl Rohan
Sponsored

နေ့တိုင်း mask တပ်ထားတာဟာ carbon dioxide အဆိပ်သင့်မှုကို မဖြစ်ပေါ်စေသလို အဆုတ်ကိုလည်း ဘာထိခိုက်မှုမှ မရှိစေပါဘူး။ နောက်ပြီး mask တပ်ထားတဲ့အချိန်မှာ အောက်စီဂျင် လျော့နည်းသွားတာမျိုးလည်း မရှိတဲ့အတွက် အောက်စီဂျင်အလုံအလောက်ရရှိပြီး အသက်ပုံမှန်ရှုလို့ရပါတယ်။ နောက်ထပ်တစ်ချက်က ကာဗွန်ဒိုင်အောက်ဆိုဒ်တွေက mask ကိုဖြတ်ပြီး ဝင်ရောက်ဖို့ မဖြစ်နိုင်တဲ့အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို ရှုမိမှာလည်း စိတ်ပူစရာ မလိုပါဘူး။

သတိပြုရမယ့် အချက်

shutterstock/ leungchopan

သတိထားရမယ့် အချက်က တစ်ချို့လူတွေမှာ တစ်ခြားသော ပန်းနာရင်ကျပ်ရောဂါ ရှိတဲ့သူတွေနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြသနာရှိတဲ့သူတွေအနေနဲ့ကတော့ mask ကို အမြဲတမ်း ဝတ်ဆင်ထားဖို့ မသင့်တော်ပါဘူး။

မဝတ်ဆင်သင့်တဲ့ အချိန်

shutterstock/ Versta

အပြင်သွားတဲ့ အချိန်တွေ၊ လူတွေကြားထဲ သွားတဲ့အချိန်တွေနဲ့ စတိုးဆိုင်တွေဘာတွေ သွားတဲ့ အချိန်တွေမှာ mask ကို ဝတ်ဆင်သင့်သလို လေ့ကျင့်ခန်း လုပ်နေတဲ့ အချိန်တွေမှာတော့ mask ကို မဝတ်ဆင်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ချွေးတွေနဲ့ mask ကစိုစွတ်သွားတတ်လို့ပါ။ နောက်ပြီး အရမ်းငယ်လွန်းတဲ့ ကလေးတွေမှာ အဆုတ်ရဲ့လုပ်ဆောင်မှုက မဖွံ့ဖြိုးသေးတဲ့အတွက် မဝတ်ဆင်သင့်ပါဘူး။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြသနာရှိတဲ့သူတွေနဲ့ အသက်ရှုရတာ ပုံမှန်မဟုတ်ဘူးလို့ ခံစားလာရတဲ့အချိန်မှာ mask ကို ဝတ်ဆင်ဖို့ အဆင်မပြေပါဘူးနော်။

READ
လူတိုင်းရဲ့ စိတ်ရင်းအမှန်နဲ့ ချစ်ခင်တွယ်တာခြင်းကို လိုချင်တယ်ဆိုရင် ....

Khin

sponsored