အစပ်တွေ အလွန်အကျွံ စားသုံးရင် ဖြစ်လာနိုင်တဲ့ အခြေအနေများ

8photo/Freepik
Sponsored

ဒီနေ့ခေတ် လူငယ်အများစုကတော့ အစပ်ကို နှစ်သက်စွာ စွဲစွဲမြဲမြဲ စားသောက်လျက် ရှိပါတယ်။ ထမင်းစားပွဲဝိုင်းမှာ အစပ်ကလည်း မပါမဖြစ် ဖြစ်လာပါတယ်။ တစ်ချို့တွေကတော့ ပုံမှန်ထက် လွန်ကဲတဲ့ အစပ်ပမာဏကိုပါ စားသုံးလျက် ရှိပါတယ်။ တကယ်တော့ အစပ်က ကျန်းမာရေးကို ထိခိုက်စေတတ်ပါတယ်။ အစပ်တွေကို အလွန်အကျွံစားသုံးနေရင်တော့ ဒီလို ပြဿနာတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။

(၁) ရင်ပူမယ်

Sponsored

အစပ် စားတိုင်းတော့ ရင်ပူတာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် အစပ်ကို အလွန်အကျွံ စားတာများတဲ့အခါမှာတော့ အစာအိမ်က အက်စစ်တွေ ပြန်ဆန်တက်လာပြီး ရင်ပူတာမျိုးကို ခံစားလာရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ညဘက်တွေမှာလည်း အိပ်ဖို့ ခက်ခဲတာတွေပါ ဖြစ်စေတတ်ပါတယ်။ အစပ်ကို လျော့ကျစေတဲ့ အစားအစာတွေနဲ့ တွဲမစားပဲ အစပ်ပမာဏ လွန်ကဲစွာ စားမိမှသာ အခုလို ခံစားရမှာ ဖြစ်ပါတယ်။

READ
ကျန်းမာရေးနဲ့လည်းကိုက်ညီပြီး ဝိတ်လည်းမတက်စေတဲ့ သရေစာများစုစည်းမှု
tutatama/Freepik

(၂) အရသာခံအာရုံတွေ ပျက်နိုင်တယ်

အစပ်စားပြီးတဲ့အခါ လျှာဖျားလေးတွေ စပ်နေတာမျိုးကို သိကြမှာပါ။ ဒါက သိပ်ကိစ္စ မရှိပါဘူး။ ဘယ်လောက်စပ်စပ် အစပ် ပြယ်သွားတတ်ပါတယ်။ ဒါပေမယ့် အစပ်တွေကို အမြဲ စားသုံးနေမယ်ဆိုရင်တော့ အရသာခံနိုင်စွမ်းက လျော့ကျလာမှာပဲ ဖြစ်ပါတယ်။

Photo by Adrienn from Pexels

(၃) ချွေးထွက်လွန်လာမယ်

လူတစ်ယောက်က ချွေးထွက်တယ်ဆိုတာ ပုံမှန် ဖြစ်စဉ် တစ်ခုပါ။ ဒါပေမယ့် အစပ်စားပြီး ချွေးထွက်တာမျိုးတွေ ကြုံဖူးကြမှာပါ။ အစပ်တွေ အမြဲစားလာတဲ့အခါမှာတော့ ချွေးထွက်များလာမှာပါ။ ပုံမှန် အပူချိန်လိုက်နဲ့ မျက်နှာမှာ ချွေးတွေ စီးကျလာတာမျိုးတွေပါ ဖြစ်လာနိုင်ပါတယ်။

spukkato/Freepik

(၄) ဝမ်းလျှောမယ်

အစပ်တွေ စားတိုင်းတော့ ဝမ်းမလျှောပါဘူး။ ဒါပေမယ့် အစပ်တွေ အလွန်အကျွံစားမိရင်တော့ ဝမ်းပျက်ဝမ်းလျှော ဖြစ်သွားတာမျိုး ရှိပါတယ်။ ဒါကြောင့် အစပ်တွေကို ပုံမှန်လောက်ပဲ စားသင့်ပြီး အစပ်စားတဲ့ အကြိမ်အရေအတွက်ကို လျှော့ချသင့်ပါတယ်။

READ
ကြက်အူချောင်း သုံးထပ်သား ခေါက်ဆွဲကြော်ပြုလုပ်နည်း

(၅) ဝက်ခြံတွေ ထွက်လာမယ်

ငရုတ်သီးတွေ ကိုင်ထားတဲ့ လက်နဲ့ မျက်နှာကို ထိမိရင် ဘယ်လောက်ပူလဲဆိုတာကို သိမှာပါ။ ခန္ဓာကိုယ်ထဲ ရောက်သွားတဲ့ အစပ်တွေကလည်း အသားအရေကို ထိခိုက်မှုတွေ ဖြစ်စေပါတယ်။ ဝက်ခြံတွေ ထွက်လာပြီး အသားအရေကို ထိခိုက်စေမှာ ဖြစ်ပါတယ်။

Photo by Andrea Piacquadio from Pexels

(၆) အစားစားချင်စိတ် လျော့ကျမယ်

အစပ်မှ မပါရင် စားမဝင်ဘူးဆိုတာမျိုးက မကောင်းတဲ့ လက္ခဏာ တစ်ခုဖြစ်ပါတယ်။ အစပ်ကို စားလွန်းတဲ့အတွက် အစားစားချင်စိတ် ပျောက်လာတာမျိုး ဖြစ်ပါတယ်။ နေ့တိုင်း အစပ်တွေကို စားနေမယ်ဆိုရင်တော့ ပုံမှန်အတိုင်းမှာတောင် အစားစားချင်တွေ မရှိ၊ စားချိန်မမှန်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

Kham

sponsored