ယောက်ျားလေးတွေပြောတဲ့ မိန်းကလေးတစ်ယောက်ကိုလှပစေသောအရာများ

Sponsored

မိန်းကလေးတစ်ယောက်ကို ဘယ်အရာက လှပစေတာပါလဲ။ ရုပ်ရည်လား၊တင်လား၊ရင်လား၊ခန္ဓာကိုယ်အချိုးအစား
လား၊ ပိန်ခြင်းလား၊ တကယ်တော့ မိန်းကလေးတွေထင်တာမဟုတ်ပါဘူး။ ယောက်ကျားလေးတွေတကယ်ထင်တဲ့
မိန်းကလေးတွေကို လှပစေတဲ့အရာများကိုတော့ အောက်မှာ ယောက်ျားလေး (၁၀)ယောက်က ဖွင့်ဟထားပါတယ်။
Thougthcatalogue ကလုပ်ထားတဲ့ Surveyလေးလည်းဖြစ်ပြီး တကယ့်ယောက်ျားလေးအားလုံးရဲ့ သဘောထား
ကိုထင်ဟပ်စေတဲ့ သဘောထားတွေဖြစ်ပါတယ်။

(၁) Confidence

Sponsored

“မိန်းကလေးတစ်ယောက်က လှပစေတာက ကိုယ့်ကိုယ်ကိုယုံကြည်မှုပါ။ အကယ်၍ မိန်းကလေးတစ်ယောက်
သူ့ကိုသူတောင် မကြိုက်ရင် ပတ်ဝန်းကျင်ကလူတွေကိုလည်း သူရဲ့ခံယူချက်ဟာ ကူးစက်စေပါတယ်။”

-Gerry (25 years old)

(၂) မိမိကိုယ်ကိုလက်ခံမှု

“မိန်းကလေးတစ်ယောက်ဟာ သူ့ရဲ့အရှိအတိုင်း၊ သဘာဝအတိုင်း ယုံကြည်မှုရှိရှိ ဟန်မဆောင်ပဲနေတဲ့အခါ အရမ်း
ကိုချစ်ဖို့ကောင်းပါတယ်။ သူမရဲ့အားနည်းချက်တွေကို သူမဟာ ဝန်ခံဖို့ ဝန်မလေးပဲ အဲ့ဒိအားနည်းချက်တွေဟာသူမ
ရဲ့ တစ်စိတ်တစ်ပိုင်းပါလို့ ခံယူထားခြင်းဟာ အရမ်းကိုလေးစားဖို့ကောင်းသလို Sexyလည်း ကျပါတယ်။”

-Paul (27 years old)

(၃) တက်တက်ကြွကြွရှိခြင်း

“မိန်းကလေးတစ်ယောက်လှတယ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာထက်ပိုပါတယ်။ သူမဟာ တွေးခေါ်မှုပိုင်းဆိုင်ရာမှာလည်း
စွဲဆောင်မှုရှိနေလေ့ရှိပါတယ်။ သူမက စိတ်ပိုင်းဆိုင်ရာမှာလည်း စိတ်ဝင်စားစရာအရမ်းကောင်းပြီး ဘယ်တော့မှ
မှုန်မှိုင်းမှိုင်းပုံစံနဲ့နေထိုင်မှာ မဟုတ်ပါဘူး။”

-Tim (26 years old)

READ
ထက်မြက်ထူးချွန်ပြီး ရောက်လေရာတိုင်းမှာ လေးစားခံရတဲ့သူဖြစ်ချင်ရင် လိုက်နာရမယ့်အချက် (၅) ချက်

(၄) အပြုံး

“မိန်းကလေးတစ်ယောက်ရဲ့ အပြုံးဟာ ကျွန်တော်ပထမဆုံးသတိထားမိတဲ့ အရာပါပဲ။ ပြီးတော့ သူမအပြုံးကိုကြည့်
ပြီး သူမရဲ့ အကျင့်စရိုက်တော်တော်များများကိုပြောနိုင်ပါတယ်။ အပြုံးဟာ အတုအယောင်ဆိုရင် သူမဟာလည်း
အတုအယောာင်ဖြစ်ဖို့ ရာခိုင်းနှုန်းများပါတယ်။”

-Alex (24 years old)

 

(၅) အကောင်းမြင်ခြင်း

“မိန်းကလေးတစ်ယောက်ဆီမှာ ကျွန်တော်လှတယ်ထင်တာက အကောင်းမြင်တတ်ခြင်းပါ။ အကောင်းမြင်တတ်
တဲ့ စွမ်းအားရှိတဲ့ အမျိုးသမီးတွေကို ကျွန်တော်အရမ်းသဘောကျပါတယ်။ သူတို့က ဘယ်အရာကိုကြည့်လိုက်
ကြည့်လိုက် အဆိုးမြင်ခြင်းထက် အကောင်းမြင်ခြင်းကို ပိုအားသန်ကြပါတယ်။ အဲ့ဒိအရာက အရမ်းကို လှပပါ
တယ်။”

-Zack (26 years old)

(၆) ပါးချိုင့်

“မိန်းကလေးတွေပြုံးလိုက်ရင် ပေါ်လာတဲ့ ပါးချိင့်လေးကို ကျွန်တော်အရမ်းချစ်ပါတယ်။”

-Chris (25  years old)

(၇) အသိဥာဏ်ရင့်သန်မှု

“အသိဥာဏ်ရင့်သန်မှုက ကျွန်တော့်အတွက်တော့ အရမ်းလှပတဲ့အရာပါ။ သူမရဲ့ ပြင်ပအလှက ကြာရှည်ခံမှာမဟုတ်
ဘူးလေ။ တစ်နေ့ ပါးရည်တွေတွန့်လာမယ်။ ဝလာမယ်။ ဒါပေမယ့် သူမရဲ့ အသိဥာဏ်ကတော့ အမြဲတမ်းရှိနေအုံးမှာ
ပဲ”

Kevin (25 years old)

READ
သင့် BFF တွေက သင့်ချစ်သူကို ကြည့်လို့မရတဲ့ (သို့) မုန်းရတဲ့ အကြောင်းအရင်း (၇) ချက်

(၈) ကြံ့ခိုင်မှု

‘ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ကြံခိုင်တဲ့ အမျိုးသမီးတွေဟာ အရမ်းကိုစွဲဆောင်မှုရှိပါတယ်။”

Marcus (27 years old)

(၉) ပွင့်လင်းစွာရယ်တတ်ခြင်း

“မိန်းကလေးတွေဟာ ဟန်ဆောင်ပြီး ချစ်စရာကောင်းအောင်ရယ်လို့ရပါတယ်။ ဒါပေမယ့် အဲ့ဒိလိုရယ်တာကို
ယောက်ျားလေးတွေကလည်း ကောင်းကောင်းကြီးသိပါတယ်။ တကယ်စစ်မှန်တဲ့ ရယ်ခြင်းနဲ့ရယ်တဲ့သူကိုလည်း
သိပါတယ်။ အချို့မိန်းကလေးတွေဟာ အရမ်းကို ပွင့်ပွင့်လင်းလင်း ရယ်တတ်ကြပြီး သူတို့ရယ်တာ ကြားတာနဲ့
ကျွန်တော်ပါပျော်လာပါတယ်။ အဲ့ဒိအရာကို အရမ်းချစ်ပါတယ်။”

Nate (29 years old)

(၁၀) ကြင်နာမှု

“မိန်းကလေးတွေမှာ အလှပဆုံးအရာဟာ ကြင်နာခြင်းပါပဲ။ ဘယ်လောက်ပဲ ရုပ်ရည်လှပနေပါစေ မကြင်နာ
တတ်တဲ့ မိန်းကလေးတစ်ယောက်ကို ဘယ်တော့မှ လက်တွဲဖော်အဖြစ်မတွဲသင့်ပါဘူး”

David (27 years old)

Source: thoughtcatalog

Auntymay Team မှ စီစဉ်တင်ဆက်သော www.auntymay. com တွင်ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်း ပါး များ၊ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

sponsored