ဝက်ခြံညှစ်ပြီးတိုင်း အသားအရေမပျက်ဆီးအောင် ပြုလုပ်သင့်တဲ့အရာ (၅) ခု

Freepik- user18526052
Sponsored

ဝက်ခြံဆိုတာ ညှစ်ပြန်တော့လည်းမကောင်း၊ မညှစ်ပြန်တော့လည်း မကောင်းဆိုတဲ့အရာတွေပါ။ မတတ်သာလို့ ဝက်ခြံတွေ တစ်မျက်နှာလုံး ညှစ်လိုက်မိပြီဆိုရင်တော့ အသားအရေမပျက်ဆီးအောင် ဒီအချက် (၅) ချက်ကို မဖြစ်မနေ လိုက်လုပ်သင့်ပါတယ်။

(၁) မျက်နှာသစ်ပါ

Sponsored

ဝက်ခြံမညှစ်ခင်မှာလည်း မျက်နှာသစ်ပေးသင့်သလို ဝက်ခြံညှစ်ပြီးတဲ့အခါမှာလည်း အနာထဲက အရည်ကြည်လေးတွေိထွက်လာတတ်တဲ့အတွက် သန့်စင်အောင် မျက်နှာတစ်ခါသစ်သင့်ပါတယ်။

Freepik- freepik

(၂) ရေခဲကပ်ပါ 

ရေခဲကပ်ခြင်းဟာ ယောင်ရမ်းမှုတွေကို သက်သာစေတဲ့အတွက် ဝက်ခြံညှစ်ပြီးတိုင်း ရေခဲကပ်ပေးတာ အကောင်းဆုံးပါပဲ။

Freepik- Racool_studio

(၃) ပိုးသတ်ဆေးသုံးပါ

Neosporin လို ပိုးသတ်ဆေးပါတဲ့ ခရင်လိမ်းဆေးတွေကို အသုံပြုသင့်ရင် အသုံးပြုလိုက်ပါ။ လက်နဲပဲဖြစ်ဖြစ် ဝက်ခြံညှစ်ကိရိယာနဲ့ပဲဖြစ်ဖြစ် ဘယ်လိုနည်းနဲ့ပဲဝက်ခြံညှစ်ညှစ် အလွယ်တကူပိုးဝင်လာနိုင်တာကြောင့် ဝက်ခြံညှစ်တဲ့နေရာတွေကိုတော့ ပိုးသတ်ဆေးလေးတွေ တို့ပေးသင့်ပါတယ်။

Freepik- pressfoto

(၄) Toner လိမ်းပါ

ဝက်ခြံညှစ်ခြင်းဟာ ချွေးပေါက်တွေကို ကျယ်စေပါတယ်။ ဘာကြောင့်လဲဆိုရင် ဝက်ခြံဆိံထွက်သွားတဲ့အခါ ချွေးပေါက်တွေက ကျယ်သွားတတ်ပါတယ်။ ဒါကြောင့် တိုနာကို မဖြစ်မနေလိမ်းပေးပါ။

READ
ပါဝင်ပစ္စည်းနှစ်မျိုးတည်းလိုအပ်တဲ့ အကောင်းဆုံးသဘာဝမျက်နှာပေါင်းတင်နည်း (၇)နည်း
Freepik- user3008571

 

(၅) Moisturizer လိမ်းပါ

ယောင်ရမ်းမှုကြောင့်နီမြန်းနေပြီး ကြမ်းတမ်းသွားတဲ့အသားအရေအတွက် moisturizer လိမ်းဖို့ လိုကိုလိုအပ်ပါတယ်နော်။

Freepik-KamranAydinov

 

penny

 

sponsored