ကိုယ့်ကိုရိုက်နှက်တတ်တဲ့ ချစ်သူကို ရထားရင် ဘာလုပ်သင့်သလဲ ?

Sponsored

( Unicode version ဖြင့် အောက်တွင် ဖတ်ရှုနိုင်ပါသည်)

 

Sponsored

တကယ်လို့ သင်ဟာ အမြဲလိုလို ကန်ကြောက်နှိပ်စက်တတ်တဲ့ ချစ်သူ ခင်ပွန်းကို ပိုင်ဆိုင်ထားရသူ တစ်ယောက်ဆိုရင်





READ
Relationshipတစ်ခုမှာ ရင့်ကျက်တဲ့အမျိုးသမီးတွေဘယ်တော့မှမလုပ်တဲ့အရာ(၅)ခု



ယင်းနောက်-

(၅) ခရီးရှည်စသည် ထွက်ပါ

 


[Unicode version]

ကိုယ့်ကိုရိုုက်နှက်တတ်တဲ့ ချစ်သူကို ရထားရင် ဘာလုပ်သင့်သလဲ ?

 

တကယ်လို့ သင်ဟာ အမြဲလိုလို ကန်ကြောက်နှိပ်စက်တတ်တဲ့ ချစ်သူ ခင်ပွန်းကို ပိိုင်ဆိုင်ထားရသူ တစ်ယောက်ဆိုရင်
အောက်ပါ ဖော်ပြထားချက်တွေကို လိုက်လံလုပ်ဆောင်သင့်ပါတယ်။ ဒါမှလည်း သင်ဟာ လူသားတစ်ယောက်ရဲ့ အခွင့် အရေးကို အပြည့်အဝ ပြန်လည်ရရှိမှာဖြစ်ပြီး၊ အချစ်ကျွန်အဖြစ်က အမြန် ရုန်းထွက်နိုင်မှာ ဖြစ်ကြောင်း Shwemom က တိုက်တွန်းချင်ပါတယ်။

အကြမ်းဖက်ခံရတဲ့ အချစ်ရေးမှာ ရှိတတ်တဲ့လက္ခဏာတွေ ဟုတ်မဟုတ် စစ်ဆေးဖို့ ဒီအချက်တွေနဲ့ တိုက်ဆိုင်ကြည့်ပါ-

(၁) အမြဲတမ်း ထိုးကြိတ်ရိုက်နှက်ခံရလေ့ရှိသလား ?
(၂) သူက သင့်ကို ရွံရှာမုန်းတီးသလား ?
(၃) အမြဲတမ်း စကားအတိမ်းအစောင်း မခံဘူးလား ?
(၄) သင့်ကို ချုပ်ချယ်နေသလား ?
(၅) အမြဲတမ်း ဆဲရေးတိုင်းထွာလေ့ရှိသလား ?
ဒီအချက်တွေနဲ့ ပြည့်စုံရင်တော့ သင့်ရဲ့ အချစ်ရေးဟာ ရှေ့ဆက်တိုးဖို့ မသင့်တဲ့ အချစ်ရေးဖြစ်ပါတယ်

READ
ယောက်ျားလေးတစ်ယောက် သင့်ကိုမချစ်တော့ဘူးဆိုတာ သေချာနေတဲ့ အချက်(၃)ချက်
ပြတ်သားတဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့အတွက် သင် သိထားဖို့က-

(၁) အားလုံးဟာ သင့်အမှား တစ်ခုမှ မပါပါဘူး
(၂) သင်ဟာ အထီးကျန်တဲ့သူ မဟုတ်ပါဘူး
(၃) ဘာမှမလုပ်ရင် ဘာမှဖြစ်မလာဘူးဆိုတာ စိတ်ထဲက မှတ်သားထားပါ

ဒါပြီးရင် ဘာလုပ်သင့်သလဲ-

(၁) မိဘတွေ သက်ဆိုင်သူတွေကို ဖွင့်ဟတိုင်ပင်ပါ
(၂) အခြေအနေပိုဆိုလာရင် (အိမ်တွင်းအကြမ်းဖက်မှု ကာကွယ်ရေးအဖွဲ့ကိုဆက်သွယ်ပါ)
(၃) သူ့ကိုရင်ဆိုင်ဖို့ ယုံကြည်မှုတည်ဆောက်ပါ
(၄) တရားဥပဒေအရ ရဲတပ်ဖွဲ့ရဲ့ အကာအကွယ်ယူပါ
(၅) သူ့ကို စွန့်ပစ်လိုက်ပါ

ယင်းနောက်-

(၁) သူငယ်ချင်းတွေနဲ့ ခင်ခင်မင်မင် နေပါ
(၂) အလုပ်ကို အာရုံစိုက်ပါ
(၃) တည်ငြိမ်မှုတွေကို မိမိဆန္ဒနဲ့ တည်ဆောက်ပါ
(၄) မိမိ၀ါသနာပါရာကို ဇောက်ချလုပ်ကိုင်ပါ
(၅) ခရီးရှည်စသည် ထွက်ပါ

sponsored