မိန်းမသိပ်မဆန်တဲ့ အမျိုးသမီးတစ်ယောက်ကို ချစ်မိတဲ့အခါ သိထားရမယ့်အချက် (၅) ချက်

prostooleh/ freepik
Sponsored

မိန်းကလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ တစ်ချို့တွေက မိန်းကလေးအရမ်းဆန်တယ်၊ နူးညံ့တယ်၊ ခံစားလွယ်တယ်၊ တစ်ချို့တွေကတော့ မိန်းကလေးသိပ်မဆန်ပဲ ပြတ်သားတဲ့စိတ်ဓာတ်မျိုးကို ပိုင်ဆိုင်ထားကြပါတယ်။ အခုဖော်ပြပေးမှာကတော့ မိန်းမသိပ်မဆန်တဲ့ အမျိုးသမီးတစ်ယောက်ကိုချစ်မိတဲ့အခါ သိထားရမယ့်အချက်တွေပဲဖြစ်ပါတယ်။

(၁) လွယ်လွယ်ဖွင့်မပြတတ်ဘူး

eva058929/Freepik

မိန်းမသိပ်မဆန်တဲ့ မိန်းကလေးတွေဟာ ချစ်တဲ့အကြောင်းတွေကို တဆာဆာပြောနေမယ့် သူတွေတော့မဟုတ်ပါဘူး။ ချစ်တာကိုလည်း ထုတ်မပြတတ်သလို၊ ချွဲတာတွေ၊နွဲ့တာတွေလည်း လုပ်မှာမဟုတ်ပါဘူး။ လုပ်ပေးစရာရှိရင်သာ လုပ်ပေးလိုက်မယ်၊ တီတီတာတာ ပလီပလာတွေ မလုပ်တတ်တဲ့သူတွေဖြစ်ပါတယ်။

(၂) ပြတ်သားတယ်

Sponsored

မိန်းမသိပ်မဆန်တဲ့ မိန်းကလေးတွေဟာ အရမ်းပြတ်သားကြပါတယ်။ ကြိုက်ရင်ကြိုက်တယ်၊ မကြိုက်ရင်မကြိုက်ဘူး ဆိုပြီး ဘွင်းဘွင်းရှင်းရှင်းပြောတတ်တဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ချမှတ်ထားတဲ့ စည်းတွေအတိုင်း မနေနိုင်ရင် ပြတ်သားဖို့ ဝန်လေးတတ်တဲ့သူတွေ မဟုတ်ပါဘူး။ အရမ်းမချုပ်ချယ်တတ်ပေမယ့် မကြိုကတာကိုတော့ မလုပ်မိေ်စဖို့ အထူးသတိပြုရပါမယ်။

READ
သင့် ex ရဲ့ ရည်းစားသစ်နဲ့ ပတ်သက်ပြီး ဘယ်တော့မှ မလုပ်သင့်တဲ့ အချက်(၄)ချက်

(၃) အေးအေးဆေးဆေးနေချင်တယ်

မိန်းမသိပ်မဆန်တဲ့သူတွေဟာ ချစ်သူအနားမှာပဲ အချိန်ပြည့်နေချင်တဲ့သူမျိုးတွေတော့ မဟုတ်ပါဘူး။ တစ်ခါတလေ သူငယ်ချင်းတွေနဲ့ အေးအေးဆေးဆေးအချိန်ယူချင်သလို၊ တစ်ခါတလေကျတော့လည်း တစ်ယောက်တည်းပဲ အေးအေးဆေးဆေးနေချင်ကြပြန်ပါတယ်။ တစ်ချိန်လုံးပူးပူးကပ်ကပ်နေရင် အီသွားတတ်တဲ့သူတွေဖြစ်တာကြောင့် ကိုယ်ပိုင်အချိန်ပေးတတ်ဖို့တော့ လိုပါတယ်။

(၄) မွန်းကျပ်တာမကြိုက်ဘူး

shutterstock/ indira’s work

မိန်းမသိပ်မဆန်တဲ့သူတွေဟာ မွန်းကြပ်တဲ့ခံစားမှုမျိုးကို မကြိုက်ပါဘူး။ ချုပ်ချယ်တာတွေ၊ ရစ်တာတွေ၊ ပူညံပူညံလုပ်တာတွေ လုံးဝမကြိုက်ပါဘူး။ သူတို့ကို လွတ်လပ်ခွင့်မပေးပဲ ထိန်းချုပ်ချင်ရင်တော့ သူတို့နဲ့ ဝေးဖို့သာ ပြင်ထားပါ။ သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်တွေကို ချုပ်ချယ်တာမျိုး လုံးဝမကြိုက်ပါဘူး။

(၅) သစ္စာရှိတယ်

မိန်းမသိပ်မဆန်တဲ့သူတွေဟာ ပြတ်သားတဲ့စိတ်ဓာတ်တွေကို ပိုင်ဆိုင်ထားသူတွေဖြစ်ပါတယ်။ တစ်ယောက်နဲ့ တွဲနေချိန်မှာ တခြားတစ်ယောက်ကို စိတ်ယိုင်တတ်တဲ့သူတွေ မဟုတ်ပါဘူး။ တစ်ယောက်တည်းကို ချစ်တယ်ဆိုပေမယ့် မိုက်ရူးရဲဆန်ဆန်နဲ့ ဖက်တွယ်ထားမယ့်သူတွေလည်း မဟုတ်ပြန်ပါဘူး။ ကိုယ့်အပေါ်ကောင်းရင် ကောင်းသလို၊ မကောင်းရင်မကောင်းသလို တုန့်ပြန်ဖို့ ဝန်မလေးကြပါဘူး။

READ
တစ်ယောက်ယောက်က သင်ထင်တာထက်ပိုပြီး သင့်ကိုကြွေနေမှန်း သိသာတဲ့ အချက် (၇) ချက်

Em Em

sponsored