အလုပ်မှာ စိတ်ဖိစီးမှုများလာတဲ့အခါ ဒီအရာတွေနဲ့ ဖြေရှင်းကြည့်ပါ

Freepik-panumasyanuthai
Sponsored

အပြိုင်အဆိုင်များလာတဲ့ခေတ်ကြီးမှာ လူတိုင်း အလုပ်များလာပါပြီ။ မနက်မိုးလင်းလို့ မျက်လုံးဖွင့်တာနဲ့ လုပ်စရာအလုပ်တွေက တန်းစီပြီး ဝင်လာတတ်ပါတယ်။ အလုပ်တွေ များလို့ ပင်ပန်းနေပြီလား Aunty May စာဖတ်ပရိတ်သတ်တို့ရေ။ သင်က အလုပ်မှာ စိတ်ဖိစီးမှုများလွန်းရင်တော့ ဒီအရာတွေကို လုပ်ကြည့်ပါနော်။

Freepik-yanalya

၁။ အသက်ရှူသွင်း ရှူထုတ်လုပ်ပါ

Sponsored

အလုပ်များလာတဲ့အခါ စိတ်ရှုပ်လာတတ်ပါတယ်။ စိတ်ရှုပ်လာတဲ့အချိန်တိုင်း အသက်ပြင်းပြင်းရှူသွင်း ရှူထုတ် လုပ်ပေးပါ။ အသက်ပြင်းပြင်းရှူပေးတာက သင့်စိတ်ကို တည်ငြိမ်စေပါတယ်။ 

၂။ ပျော်စရာအကြောင်းတွေကို တွေးပါ

အလုပ်လုပ်ရင်း စိတ်ညစ်လာတဲ့အခါ မျက်လုံးလေးကို ခဏမှိတ်လိုက်ပါ။ သင့်ကိုအရင်က ပျော်စေခဲ့တဲ့အရာတွေကို ခဏတဖြုတ်စဉ်းစားပေးပါ။ ဒီလိုတွေးပေးတာက စိတ်ညစ်တဲ့စိတ်ကို သက်သာရာ ရစေပါတယ်။ 

Freepik-nensuria

၃။ နေရာလွတ်တစ်ခု

သင့်အလုပ်မှာ စိတ်ရှုပ်လာတဲ့အခါ တိတ်ဆိတ်ပြီး အနှောင့်အယှက်နည်းတဲ့ နေရာတစ်ခုကို ရှာဖွေပါ။ အဲ့လိုနေရာလွတ်မရှိရင်လည်း ကိုယ့်နေရာမှာပဲ အကြောဆန့်ပါ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောပါ။ အပြင်ထွက်လို့ရရင် ခဏတဖြုတ်ထွက်ပြီး အနားယူပါ။ 

၎။ သန့်ရှင်းအောင်ထားပါ

READ
တည်ငြိမ်ရင့်ကျက်ပြီး စိတ်နေမြင့်တဲ့ မိန်းကလေးတွေ လုံးဝဂရုမစိုက်တဲ့ အရာ (၅)ခု

သင့်အနားမှာ ပစ္စည်းတွေရှုပ်နေတာက အလုပ်လုပ်ချင်စိတ်ကို ကျဆင်းစေပါတယ်။ သင့်အလုပ်ခုံကို အမြဲ သပ်ရပ်အောင်ထားပေးပါ။ 

Freepik-luis_molinero

၅။ ငြင်းပယ်တတ်ပါစေ

ကိုယ်မနိုင်တဲ့ အလုပ်အတွက် ဘယ်တော့မှ လက်မခံမိပါစေနဲ့။ မနိုင်ဝန်ကို ထမ်းမိတဲ့အခါ စိတ်ဖိစီးလာပါလိမ့်မယ်။ မတတ်နိုင်တာအတွက် ငြင်းပယ်ဖို့ မမေ့ပါနဲ့။ 

၆။ ဦးစားပေးစရာတွေကို ရွေးချယ်ပါ

သင့်အလုပ်တွေထဲက အရေးကြီးတဲ့တာဝန်တွေကို အ၇င်လုပ်ပါ။ နောက်နေ့မှ လုပ်နိုင်တာကို ခွဲခြားထားပါ။ 

Freepik-yanalya

၇။ အနှောင့်အယှက်တွေကို ဖယ်ရှားပါ 

သင့်စိတ်ကို ရှုပ်ထွေးစေတဲ့အရာတွေကို စာရင်းချရေးထားပါ။ အလုပ်လုပ်တဲ့အချိန် ဆူညံတာမကြိုက်ရင် တိတ်ဆိတ်တဲ့နေရာကို ရွေးချယ်ပါ။ 

၈။ ကျေးဇူးတင်ပါ

အလုပ်တွေများလွန်းတာမှန်ပေမယ့် ဒါတွေက သင့်အတွက် စိန်ခေါ်မှုတွေပါ။ ကိုယ့်မှာ ရှိတဲ့အရာတွေ၊ ကိုယ်လုပ်နေတဲ့အရာတွေအတွက် ကျေးဇူးတင်ပါ။

May Olive

sponsored