ကျန်းမာသန်စွမ်းတဲ့ကလေးလေးမွေးလာဖို့ ကိုယ်ဝန်ဆောင်စဉ် လအလိုက်စားပေးသင့်တဲ့အရာများ

Sponsored

အစားအသောက်ပုံစံဟာ လူတစ်ယောက်ကျန်းမာရေးအတွက် သက်ရောက်မှုကြီးမားတဲ့အရာတစ်ခုပါ။ အစားအသောက်ပုံစံကြောင့် ပိုကျန်းမာလာနိုင်သလို၊ အစားအသောက်ပုံစံကြောင့်ပဲ ကျန်းမာရေးပိုဆိုးသွားစေနိုင်ပါတယ်။ လူတိုင်း အစားအသောက်သတိထားဖို့လိုပြီး ရင်သွေးလေးလွယ်ထားတဲ့မေမေလောင်းလျာတွေဆို ပိုပြီးတော့တောင် ဂရုစိုက်ဖို့လိုပါတယ်။ ဒါကြောင့် မေမေလောင်းလျာတို့အတွက် ကိုယ်ဝန်ဆောင်ချိန်၊မီးဖွားပြီး နို့တိုက်ချိန်တွေမှာ လအလိုက်စားပေးသင့်တဲ့အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အစောပိုင်းရက်သတ္တပတ်တွေမှာ

brightside

ကိုယ်ဝန် ၄ ပတ်အတွင်းမှာ အစိမ်းရောင်အရွက်တွေ၊ပန်းဂေါ်ဖီစိမ်း၊ ကြက်ဥနဲ့  ပဲတောင့်ရှည်တို့ကို အဓိကထားစားပေးဖို့လိုပါတယ်။ အဲ့ဒါတွေက ကိုယ်ဝန်ဆောင်ကာလအတွင်း မအီမသာဖြစ်ခြင်းကို လျှော့ချပေးပြီး သက်တောင့်သက်သာဖြစ်စေပါတယ်။

(၂) ၄ ပတ်ကနေ ၁၂ ပတ်အတွင်း

brightside
Sponsored

ကိုယ်ဝန် ၆ ပတ်ကနေစပြီးတော့ ကလေးရဲ့ သွေးနီဥဆဲလ်တွေစတင်ဖွဲ့စည်းနေပြီမို့ ဒီအချိန်မှာ သံဓာတ်ပါတာလေးတွေနဲ့ ဗီတာမင်စီကြွယ်ဝတာလေးတွေ စားပေးဖို့လိုပါတယ်။ နို့နဲ့နို့ထွက်အစားအစာတွေ၊ ကြက်ဥ၊ အသား ၊ ပင်လယ်စာနဲ့ လိမ္မော်ရည်တို့ကို စားသောက်ပေးပါ။

(၃) ၁၃ ပတ်ကနေ ၂၈ ပတ်အတွင်း

brightside

 

READ
ပျော်ရွှင်တဲ့မိသားစုလေးပိုင်ဆိုင်ဖို့ ဒီလိုအချက်တွေကိုရှောင်ကျဉ်ပါ

ဒီအချိန်အတွင်းမှာ သန္ဓေသားကအလျင်အမြန်ဖွံ့ဖြိုးလာပြီမို့ ကလေးမျက်လုံးကျန်းမာရေးအတွက် မုန်လာဥနီ၊ ကန်စွန်းဥ၊ ဟင်းနုနွယ်၊ ငါးသေတ္တာငါးတို့ကိုစားပေးပြီး၊ သန္ဓေသားအရိုးဖွဲ့စည်းမှုအတွက် နွားနို့၊ ဒိန်ချဉ်၊ တိုဖူး၊ ချိစ် ၊ ဗီတာမင် ဒီ ရရှိဖို့အတွက် ငါးသေတ္တာငါး၊ ငါးသလောက်၊ နွားနို့၊ ဇင့်ဓာတ်ရရှိဖို့အတွက် အနီရောင်အသား၊ ကမာ၊ပဲအမျိုးမျိုး၊ အခွံမာသီးများ၊ အစေ့အဆန်များ စတာတွေကို များများစားပေးဖို့လိုပါတယ်။

(၄) ၂၉ ပတ်ကနေ ၄၀ ပတ်အတွင်း

brightside

ကိုယ်ဝန်ဆောင်ကာလနောက်ပိုင်းမှာ ဗီတာမင် ကေ အတွက် မုန့်ညှင်းစိမ်း၊ ဟင်းနုနွယ်၊ အစိမ်းရောင်အရွက်များ၊ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ် စတာတွေကို စားပေးရပါမယ်။

အရိုးတွေပိုသန်မာဖို့အတွက် နွားနို့၊ နို့ထွက်ပစ္စည်းမား၊ ချိစ်၊ ထောပတ်သီး၊ ငှက်ပျောသီး ဘယ်ရီသီးများ၊ အဆုတ်အားကောင်းဖို့အတွက် ဆန်လုံးညို၊ ကြက်ဥနဲ့ အခွံမာသီးတွေကို များများစားပေးရမှာပါ။

READ
သမီးမိန်းကလေးတွေကို စိတ်ဒဏ်ရာဖြစ်စေတဲ့ မေမေတို့ရဲ့ ဆုံးမစကား (၅)ခွန်း

(၅) မီးဖွားပြီးနောက်ပိုင်း

brightside

ကိုယ်ဝန်ဆောင်ကာလမှာ အစားအသောက်ကိုသေချာဂရုစိုက်ခဲ့သလိုပဲ ကလေးမီးဖွားပြီး နို့တိုက်နေချိန်တွေမှာလည်း ဂရုတစိုက်စားသောက်ပေးဖို့လိုပါတယ်။ ကလေးမီးဖွားပြီးချိန်မှာ ရောင်ရမ်းနာကျင်တာတွေသက်သာဖို့အတွက် နှမ်း၊ ဗာဒံစေ့ နဲ့ သီဟိုစေ့တွေကို စားပေးပါ။

shutterstock

ကလေးလေးမျက်လုံးအားကောင်းဖို့အတွက် နို့တိုက်နေချိန်မှာ မေမေက မုန်လာဥနီနဲ့ ကန်စွန်းဥတွေများများစားပေးလိုက်ပါနော်။ ဒီအချိန်မှာ ကယ်လိုရီများတဲ့အစားအစာတွေက မိခင်ရောကလေးပါ ပိုကျန်းမာအောင် ကူညီပေးနိုင်တာမို့ ကိုယ်အလေးချိန်တက်မှာကို ကြောက်မနေဘဲ ကယ်လိုရီများတဲ့အစားအစာတွေကို များများစားပေးပါနော်။

MAY THAZINHTOO

sponsored