ရှိရင်းစွဲအသားအရေထက် တစ်ဆင့် ပိုပြီးဖြူဝင်းကာ အသားအရေညီညာပြီးဝတ်မွတ်စေဖို့အတွက် သဘာဝတရားကရတဲ့ အစားအသောက်တွေကို ဘယ်လိုအသုံးချရမယ်ဆိုတာ သင်သိပါသလား။ အသုံးဝင်စေမယ့် လွယ်လွယ်ကူကူနည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

သံပုရာသီး
ဗီတာမင် စီ ပါဝင်တဲ့အတွက် အမည်းစက်နဲ့ အသားရေမညီညာမှုတွေကို သက်သာစေမှာပါ။ ဒီအပြင် အက်ဆစ်ဓာတ်ကြောင့်လည်း ချေးချွတ်စေတဲ့ လုပ်ဆောင်မှုကိုလည်း ရစေမှာဖြစ်ပါတယ်။
အသုံးပြုပုံ- သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး ဖြူချင်တဲ့နေရာတွေကို ပွတ်ပေးပါ။

ပျားရည်
Alpha hydroxy acid တွေနဲ့ boiactive compounds တွေဟာ မည်းညစ်နေတဲ့နေရာတွေကို ပြန်လည်ဖြူဝင်းစေမှာပါ။
အသုံးပြုပုံ- ပျားရည်ကို သံပုရာရည်နဲ့ရောပြီး သွားပွတ်တံနုနုလေးနဲ့ ပွတ်ပေးပါ။

ရှားစောင်းလက်ပက်
Melanin ဓာတ်ဖြစ်ပေါ်စေတဲ့ လုပ်ဆောင်ချက်ကို ရပ်တန့်ပေးပါတယ်။ နောက် အသားအရေကို ညီညာစေပါတယ်။
အသုံးပြုပုံ- ရှားစောင်းလက်ပက်အနှစ်ကို အညိုရောင်သကြားနဲ့ရောပြီး ဖြူချင်တဲ့နေရာကို တိုက်ချွတ်ပါ။

လိမ္မော်ခွံ
လိမ္မော်ခွံဟာ tannis, antioxidants နဲ့ polyphemols တို့ ပါဝင်ပြီးတော့ တချို့သော အသားဖြူစေတဲ့ ပစ္စည်းတွေထဲမှာလည်း လိမ္မောာ်ခွံကို ထည့်သုံးလေ့ရှိပါတယ်။
အသုံးပြုပုံ- လိမ္မော်ခွံကို ကြိတ်ပြီး ပျားရည်နဲ့ရောကာ ပေါင်းတင်နိုင်ပါတယ်။

သင်္ဘောသီး
အသားညီစေပြီး ဝင်းမွတ်စေပါတဲ့အတွက်ကြောင့် သင်္ဘောသီးကို စားတာပဲဖြစ်ဖြစ်၊ ပေါင်းတင်တာပဲဖြစ်ဖြစ် လုပ်နိုင်ပါတ်။
အသုံးပြုပုံ- သင်္ဘောသီးကိုချေပြီး သံပုရာရည်နဲ့ရောကာ အသားပေါ်မှာပေါင်းတင်ကာ ခြောက်တဲ့အထိ ထားပါ။
penny