ဂျစ်ကန်ကန်နေတတ်တဲ့ မိန်းကလေးတွေက ပိုပြီးပျော်ရွှင်ကြကြောင်း လေ့လာတွေ့ရှိ

Sponsored

လိမ္မာတဲ့သူလေးတွေဟာ မိဘတွေနဲ့ ပတ်ဝန်းကျင်အတွက် စိတ်ချမ်းသာစရာကောင်းပြီး အေးချမ်းတယ်လို့ ယူဆလို့ရပေမယ့် သူတို့ဟာ တခြားသူတွေကို ပိုပြီးဦးစားပေးတတ်တာကြောင့် ကိုယ်တိုင်ကတော့ ထင်သလောက် မပျော်ရွှင်ရပါဘူး။ ခပ်ဆိုးဆိုးကောင်မလေးတွေကတော့ မိဘတွေနဲ့ ပတ်ဝန်းကျင်ရဲ့ ဆိုးတယ်လို့ သတ်မှတ်တာကို ခံရပေမယ့် သူတို့ကိုယ်တိုင်ကတော့ အမှန်တကယ် ပျော်ရွှင်သူလေးတွေဖြစ်တယ်လို့ ပညာရှင်တွေက ပြောခဲ့ပါတယ်။ လိမ္မာတဲ့သူတွေထက် ဆိုးတဲ့ကောင်မလေးတွေ ပိုပျော်ရွှင်ရတာက ဒါတွေကြောင့်ပါတဲ့..။

(၁) သူတို့ကြိုက်တာကိုပဲ လုပ်တယ်

Shutterstock

တခြားသူတွေက သူတို့လုပ်ချင်တာတွေအတွက် သံသယတွေနဲ့ ဖြစ်သင့်မဖြစ်သင့်တွေ စဉ်းစားနေရချိန်မှာ ဆိုးတယ်လို့ သတ်မှတ်ခံထားရတဲ့ သူလေးတွေကတော့ ဒီလိုသံသယမျိုးတွေ လုံးဝမရှိပါဘူး။ ကိုယ်တကယ်လုပ်ချင်တာကို သိပြီး သူများတွေလုပ်လို့လိုက်လုပ်တယ်ဆိုတာ သူတို့သမိုင်းမှာ ရှိကိုမရှိတာပါ။ မနှစ်သက်တာကို လုပ်ရတဲ့ ဖိစီးမှုမျိုးကို သူတို့ မခံစားရတာကြောင့် တခြားသူတွေထက် ပေါ့ပါးပျော်ရွှင်နေတာပါ။

(၂) အချစ်မှာ မကျရှုံးဘူး

Shutterstock
Sponsored

ချစ်တဲ့သူနဲ့မခွဲနိုင်လို့၊ မိဘတွေ နဲ့ ပတ်ဝန်းကျင်ကြောင့်မို့ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် စိတ်ညစ်စရာ အချစ်ရေးမျိုးကို အဆုံးမသတ်နိုင်တဲ့သူတွေကို ကြည့်လိုက်ရင် ဗိုင်းကောင်းကျောက်ဖိလေးတွေ ဖြစ်နေတာကိုတွေ့ရပါတယ်။ ခပ်ဆိုးဆိုးကောင်မလေးတွေကတော့ ဒါမျိုးတွေလုံးဝမရှိပါဘူး။ အချစ်ရေးမှာ မရုန်းထွက်နိုင် ကျရှုံးနေတာမျိုး ၊ နှစ်ရှည်လများ အသည်းကွဲခံစားနေရတာမျိုး မလုပ်တတ်လို့ အမြဲတမ်း အေးအေးဆေးဆေးပါပဲ။

READ
နေ့စဉ်ဘဝနဲ့ ကိုယ်ရေးကိုယ်တာလုံခြုံမှုရှိဖို့ ဆိုရှယ်မီဒီယာပေါ် မတင်သင့်တဲ့အရာ (၉)မျိုး

(၃) စိတ်ခံစားချက်နဲ့ပတ်သက်လို့ရှုပ်ထွေးမှုမရှိဘူး

shutterstock

ကိုယ်မကြိုက်ရင် မကြိုက်တဲ့အကြောင်း ရဲရဲရင့်ရင့် ထုတ်ဖော်ပြောရဲတယ်။ ကိုယ့်ခံစားချက်အစစ်အမှန်ကို ထုတ်ပြဖို့ဝန်မလေးတဲ့သူလေးတွေဖြစ်လို့ ကိစ္စတစ်ခုနဲ့ပတ်သက်လို့ အတွေးတွေ တစ်သီတစ်တန်းကြီးနဲ့ ဖိစီးနေတာ၊ ရှုပ်ထွေးနေတာမျိုးလုံးဝမရှိပါဘူး။ စိတ်က ရှင်းနေတော့ ပျော်ရွှင်ဖို့လည်း မခက်တော့ဘူးပေါ့။

(၄) အမေကို စိတ်ညစ်အောင်လုပ်ဖို့ မကြောက်ဘူး

pinterest

အမေ့စကားတွေချည်း နားထောင်နေဖို့ဆိုတာ သူတို့အတွက် တော်တော်မလွယ်တဲ့ကိစ္စပါ။ အမေပြောတာထက် ကိုယ့်ဆုံးဖြတ်ချက်အတိုင်းလုပ်ဖို့စိတ်အားထက်သန်ကြသူလေးတွေဖြစ်ပါတယ်။ အမေ့ကိုချစ်ပေမယ့် အမေ့စကားတော့ အမြဲနားမထောင်နိုင်လို့ စိတ်ဆိုးချင်လည်းဆိုးပါတော့ ဆိုပြီး သူတို့ကြိုက်တာကိုပဲလုပ်မှာပါ။

(၅) လွတ်လပ်တယ်

shutterstock

ကိုယ်တိုင်လည်း အချည်နှောင်မခံသလို တခြားသူတွေကို ချည်နှောင်တတ်တာမျိုးလည်း မရှိတာကြောင့် သူတို့တွေဟာအမြဲလွတ်လပ်နေပါတယ်။

(၆) တကယ်ဖြစ်ချင်လာရင် ဖြစ်အောင်လုပ်တယ်

shutterstock

သူတို့တကယ်ဖြစ်ချင်လာရင် ဖြစ်ပါ့မလား ဆိုတဲ့အတွေးတွေ မတွေးတော့ပါဘူး။ တခြားသူတွေရဲ့ နည်းလမ်းတွေအတိုင်းလိုက်လုပ်နေမှာလည်းမဟုတ်ပါဘူး။ ကိုယ်ပိုင်အတွေး ကိုယ်ပိုင်အယူအဆတွေနဲ့ သူတို့ဆန္ဒတွေကို အကောင်အထည်ဖော်မှာပါ။ အဲ့လိုတွေလုပ်လို့ ပတ်ဝန်းကျင်က မကောင်းမြင်တယ်ဆိုရင်တောင် သူတို့အတွက်ကတော့ ရလာတဲ့အောင်မြင်မှုအတွက် စစ်မှန်တဲ့ ပျော်ရွှင်မှုကို ပိုင်ဆိုင်ရပါတယ်။

READ
သင်တစ်ခါမှ တွေးကြည့်ဖူးမှာ မဟုတ်တဲ့ လူတွေရဲ့အလိမ်အညာအကျင့်(၇)မျိုး

MAY THAZINHTOO

sponsored