ချစ်မိသွားတဲ့အခါမှာ ဖြစ်ပေါ်လာမယ့် လူမသိသူမသိ အချစ်ရဲ့ ကောင်းကျိုးလေးတွေ

shutterstock/George Rudy
Sponsored

တစ်ချို့လူတွေက အချစ်ဆိုတာကို အယုံအကြည်မရှိကြသလို၊ တစ်ချို့ကျပြန်တော့လည်း မချစ်ရမနေနိုင်ကြပြန်ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ ခံယူချက်တွေကသာ အမှန်လို့ ထင်တတ်ကြတာပေမယ့် နေရာတိုင်းမှာ အစွန်းတစ်ဖက် ရောက်မသွားတာကတော့ အကောင်းဆုံးပေါ့။ ခုပြောပြချင်တဲ့ အကြောင်းကတော့ အချစ်မှာ ဒီလို ကောင်းကျိုးလေးတွေလည်း ရှိနေပါတယ်ဆိုတဲ့ အကြောင့်ပေါ့။

စိတ်ခံစားမှုဆိုင်ရာ စွမ်းအင်ကို တိုးမြှင့်ပေးတယ်

shutterstock/paulaphoto

အချစ်က စိတ်နဲ့ ဆိုင်တဲ့ စိတ်ခံစားမှုဆိုင်ရာ ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ လူတစ်ယောက် အချစ်ကို ခံစားမိတဲ့အချိန်မှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်နေဟန်ထားတွေကအစ ပြောင်းလဲသွားတတ်ပါတယ်။ နောက်ပြီး အကောင်းမြင်စိတ်တွေ များနေတတ်ပြီး စိတ်ပျော်ရွှင်နေတတ်ပါတယ်တဲ့။

နုပျိုစေတယ်

Sponsored

အချစ်က လူကို ပိုနုပျိုစေတယ်ဆိုတာကိုတော့ ကြားဖူးကြမယ်ထင်ပါတယ်။ အချစ်က များများ ပြုံးရယ်လာအောင် စွမ်းဆောင်နိုင်တဲ့အတွက်ကြောင့် လူတွေကို စိတ်ပျော်ကိုယ်နုဖြစ်စေပါတယ်နော်။ ဒါကြောင့် လူတွေက အသက်ကြီးပေမယ့် နုပျိုရတဲ့ အချက်က အချစ်ကြောင့်လို့ ပြောတတ်ကြပါတယ်။

READ
ဘာသာစကားအသစ်တစ်မျိုးကို အချိန်တိုအတွင်း အထိရောက်ဆုံးလေ့လာနည်း

ရက်ရောတတ်လာသလို ပိုပျော်ရွှင်ရတယ်

shutterstock/Subbotina Anna

အချစ်က လူတစ်ယောက်ရဲ့ positive energy ကို ထုတ်လွှတ်ပေးပြီး ဒါဟာ နေ့ရက်တိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ စွမ်းအင်တစ်ခုပါ။ ဒီစွမ်းအင်က လူတစ်ယောက်ကို အပေးအကမ်းရက်ရောတဲ့ သူတစ်ယောက်ဖြစ်အောင်ပါ စွမ်းဆောင်နိုင်ပြီးတော့ ဒါက ပျော်ရွှင်မှုကို ခံစားရစေပါတယ်။

စိတ်ဖိစီးမှုကို လျော့ကျစေတယ်

အချစ်ဆိုတာ ဟိုအရင်ကတော့ စိတ်ဖိစီးမှုကို ဖြစ်စေတယ်လို့ ထင်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ အချစ်က စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်တဲ့နော်။ အထူးသဖြင့် အမျိုးသားတွေအနေနဲ့ ပိုထိရောက်မှုရှိပြီး တစ်စုံတစ်ယောာက်ကို ချစ်မိတဲ့အခါ အဲဒီ့လူဆီက ဂရုစိုက်မှုတွေ၊ ချစ်ခြင်းတွေနဲ့ ကိုယ့်ရဲ့အချစ်တွေက စိတ်ဖိစီးမှုတွေကို သက်သာစေတတ်ပါတယ်။ ဒါကြောင့်ပဲ အိမ်ထောင်ရှင်အမျိုးသားတွေဟာ ပိုပျော်ရွှင် ကျန်းမာကြပါတယ်တဲ့။

ရောဂါခုခံစနစ်ကို တိုးမြင့်ပေးတယ်

shutterstock/ popcorner

လူတစ်ယောက် ချစ်မိသွားတဲ့အခါ အဲဒီ့လူရဲ့ ကိုယ်တွင်း ရောဂါခုခံတဲ့ဓာတ်တစ်မျိုးက gene တွေကို တုံ့ပြန်ပေးပြီး ရောဂါပိုးတွေကို အလွယ်တကူ မဝင်ရောက်နိုင်ပါဘူး။ နောက်ပြီး ဒါက ကူးစက်ရောဂါနဲ့ virus တွေကို မဝင်ရောက်အောင် တားဆီးပေးပါတယ်။

READ
ရင်းနှီးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အားနည်းချက်ကို စနောက်တဲ့အခါ....?

Khin

sponsored