Idol တွေလောက် သရုပ်ဆောင်တွေက ဒိတ်လုပ်ခြင်းကြောင့် အမုန်းမခံရတဲ့ အကြောင်းအရင်း

IG/exochenn
Sponsored

တောင်ကိုရီးယားနိုင်ငံရဲ့ အနုပညာလောကမှာ အနုပညာရှင်တွေ အများကြီး ရှိကြသလို ပရိသတ်တွေလည်း အသီးသီး ပိုင်ဆိုင်ထားကြပါတယ်။ ကိုယ့်သဘောကျတဲ့ အနုပညာရှင်တွေနဲ့ ပတ်သတ်ပြီး ပရိသတ်တွေမှာ ခံစားမှု ရှိနေကြပါတယ်။ ဒါပေမယ့်လည်း ဒိတ်လုပ်ခြင်း သတင်းထွက်တဲ့ အခါတွေမှာတော့ Idol တွေက သရုပ်ဆောင်တွေထက် ပိုပြီး ပရိသတ်တွေရဲ့ အမုန်းတွေနဲ့ ပြစ်တင်မှုကို ရရှိကြပါတယ်။ ဒါက ဘာကြောင့်လဲ ဆိုတာကို koreaboo ကနေ အခုလိုပဲ ရေးသားထားခဲ့ပါတယ်။

K-pop Idol တွေကတော့ သူတို့ရဲ့ ပရိသတ်တွေကြောင့် ဒိတ်လုပ်တဲ့ အခြေအနေတွေကိုတောင် ဆင်ခြင်ရတဲ့အထိ သူတို့ကတော့ လိုက်နာနေရတဲ့ စည်းမျဉ်းတွေက များလွန်းလှပါတယ်။ ဒါပေမယ့်လည်း သရုပ်ဆောင်တွေကတော့ သူတို့လောက် ဒီလို အငြိုငြင်ခံရမှု မရှိတတ်ကြပါဘူး။

အကြောင်းပြချက်တစ်ခုကတော့ k-pop လောကနဲ့ သူတို့ရဲ့ ပရိသတ်တွေကြားက သဘာဝကြောင့်ပဲ ဖြစ်ပါတယ်။ ဒါက ကုမ္ပဏီတွေက K-pop Idol တွေနဲ့ ပတ်သတ်ပြီး ပရိသတ်တွေကို စိတ်ကူးယဉ်အိပ်မက်တွေ မက်ခွင့်ပုံစံမျိုးတွေကို ဖန်တီးပေးထားတတ်တဲ့ သဘောကြောင့်လည်း ဖြစ်ပါတယ်။

https://www.instagram.com/p/CBYPjOQJ4Rw/

K-Pop ကုမ္ပဏီတွေက အမြဲတမ်း ဖန်တီးထားတတ်တာကတော့ Idol တွေအားလုံးက လူလွတ်တွေ၊ ရည်းစား မရှိကြသူတွေ ဖြစ်ပြီး တကယ့်အရိုးခံ သူတွေ ဖြစ်ကြောင်း ပြတတ်ခြင်းမျိုးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီတွေက ပရိသတ်တွေကို စိတ်ကူးယဉ်အောင် အခြေအနေတွေ ဖန်တီးထားကြပါတယ်။ တစ်နေ့နေ့မှာ ကိုယ့်ရဲ့ Idol တွေက ကိုယ့်ကို ကြွေသွားပြီး ကိုယ့်နဲ့ ဒိတ်လုပ်နိုင်မယ်ဆိုတဲ့ စိတ်ကူးယဉ်မှုမျိုး ဖြစ်အောင် ဖန်တီးထားကြတာမျိုးပါ။ ဒါကြောင့် ကိုယ့် Idol တွေ ဒိတ်လုပ်တဲ့ သတင်းကို ကြားလိုက်တဲ့အခါ အသည်းကွဲသလို ခံစားရပြီး သစ္စာဖောက်ခံရတယ် ထင်မှတ်ပြီး ပံ့ပိုးတာတွေ အားပေးတာတွေကို ရပ်လိုက်ကြပါတော့တယ်။ သရုပ်ဆောင်တွေကတော့ သူတို့ရဲ့ ရုပ်ရှင်တွေ ကြည့်ရှုနှုန်းများအောင် ပရိသတ်တွေထက် အလုပ်အပေါ်ပဲ အာရုံစိုက်တတ်ကြပါတယ်။

https://www.instagram.com/p/CBWlFjoBSK3/

သရုပ်ဆောင်တွေရဲ့ ပရိသတ်တွေကတော့ အသက်အရွယ်မရွေး ရှိတတ်ပြီး ဒိတ်လုပ်တဲ့သတင်းအပေါ် မခံစားကြတော့တဲ့ အသက်အရွယ်မှာ ရှိကြတဲ့သူတွေများပါတယ်။ K-pop ပရိသတ်တွေကတော့ ဆယ်ကျော်သက်တွေများပြီး ဒိတ်လုပ်တဲ့သတင်းတွေကို အရမ်းခံစားတတ်ကြပါတယ်။

ကဲ ဒီက ပရိသတ်တွေရော ဘယ်ပရိသတ်တွေလည်း ပြောခဲ့ပါဦးနော်။

Kham

sponsored