Luxury fashion တွေကို ဈေးကြီးပေးဝယ်ရခြင်း နောက်ကွယ်က အကြောင်းအရင်းများ

shutterstock/Svyatoslava Vladzimirska
Sponsored

လူတွေက branded တွေ၊ နာမည်ကြီး တံဆိပ်တွေဆိုတာနဲ့ ဈေးကြီးမယ်ဆိုတာကို ချက်ချင်း တန်းသိတတ်ကြပါတယ်။ ဒါဆို luxury fashion တွေက လူတွေအတွက် ဘာတွေထူးခြားနေလို့ ဈေးကြီးပေး ဝယ်တတ်ကြတာလဲ။ တကယ်တော့ luxury ပစ္စည်းတွေ ဈေးကြီးရခြင်းက ဒီအချက်တွေကြောင့် ဖြစ်ပါတယ်နော်။

Luxury က ဈေးနှုန်းရဲ့ အမှတ်တံဆိပ်

shutterstock/ Creative Lab

လူအများက luxury fashion တွေကို ဈေးကြီးပေးဝယ်သုံးတတ်ကြတာက အဲဒီ့ဖီလင်မျိုးကို ကြိုက်တဲ့အတွက်ကြောင့်ပါ။ လူတော်တော်များများက ဈေးကြီးတယ်ဆိုတာနဲ့ကို ခံစားချက်ကလည်း တန်ဖိုးမြင့်သွားသလို ခံစားရတတ်ကြပါတယ်။ ဒါကြောင့်ပဲ luxury ပစ္စည်းတွေက ဈေးနှုန်းရဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်လာတာပါပဲ။

ထူးခြားပြီး အရေးပါမှုကို ခံစားရလို့

shutterstock/ indira’s work
Sponsored

ဈေးကြီးကြီး ဝယ်ရတဲ့ ပစ္စည်းနဲ့ ဈေးနည်းနည်းလေးပဲ ပေးရတဲ့ ပစ္စည်းအပေါ် တန်ဖိုးထားပုံချင်းလည်း ကွာတတ်ကြပါတယ်နော်။ ဈေးကြီးပေးရတဲ့ ပစ္စည်းတွေက ထူးခြားမှုကို ပေးစွမ်းနိုင်သလို ဈေးကြီးပေးဝယ်ထားရတဲ့အတွက် တန်ဖိုးထားမှုကလည်း ကွာတတ်ကြပါတယ်။ ဒါဟာ သူတို့ရဲ့ အရေးပါမှုနဲ့ ထူးခြားမှုကို ခံစားချင်တဲ့အတွက် ဈေးကြီးပေး သုံးစွဲတတ်ကြတာပါ။

READ
Netflix ကျေးဇူးကြောင့် သူတို့(၄)ယောက်ကြားထဲ သံယောဇဉ်တွေပိုခိုင်လာတယ်ဆိုတဲ့ Jennie

အရည်အသွေးနဲ့ ယုံကြည်စိတ်ချရမှုကို ပေးနိုင်တယ်

shutterstock/ Victoria Chudinova

နာမည်ကြီး အမှတ်တံဆိပ်တွေ၊ luxury brand တွေက ပေးရတဲ့ ဈေးနဲ့တန်တဲ့ quality ရှိသလို အရည်အသွေး ကောင်းမွန်တဲ့အတွက် သုံးစွဲသူတွေ ယုံကြည်စိတ်ချမှုကို ရရှိစေတဲ့ အရာပါ။ ဒါကြောင့်ပဲ တစ်ခြား ပစ္စည်းတွေထက် အရည်အသွေး ကောင်းမွန်တဲ့ ပစ္စည်းကို သုံးချင်ကြတဲ့သူတွေကတော့ luxury ပစ္စည်းတွေပဲ ရွေးချယ်တတ်ကြတာ ဖြစ်ပါတယ်။

ရှားပါးမှုနဲ့ ဖန်တီးနိုင်စွမ်း အတွက်

shutterstock/VALUA STUDIO

Luxury fashion တွေက တစ်ခြားပစ္စည်းတွေနဲ့ ကွာနေတာကတော့ ငြင်းလို့ရမယ် မထင်ပါဘူး။ သူ့ကို ဖန်တီးထားတဲ့ လက်ရာက ပုံစံတူမရှိသလို ထူးခြားပြောင်မြောက်ပါတယ်။ ဒါကြောင့်ပဲ သူနဲ့တူတဲ့ အတုတွေ ဈေးကွက်မှာ ရှိလာပေမယ့် ခုအချိန်ထိ တူညီအောင်တော့ မဖန်တီးနိုင် ကြသေးပါဘူး။ နောက်ပြီး luxury ပစ္စည်းတွေက တန်ဖိုးမြင့်တဲ့အတွက် လူတိုင်းဝယ်မသုံးနိုင်တဲ့ အဆင့်အတန်းတစ်ခုကို ထင်ဟပ်ပြသနေတာပါ။ ဒါဟာ ရှားပါးပြီး ထူးခြားမှုကို ဖော်ပြနေတာဖြစ်လို့ ဒီအချက်တွေကြောင့်ပဲ luxury ပစ္စည်းတွေကို လူတွေက ဈေးကြီးပေး သုံးစွဲတတ်ကြတာ ဖြစ်ပါတယ်။

READ
မိန်းကလေးတစ်ယောက် အချစ်မှာ ထပ်မကျရှုံးမိစေတော့တဲ့ နောက်ကွယ်က အမှန်တရားများ

Khin

sponsored