ယောကျာ်းလေးတွေ ချစ်နေရက်နဲ့ လမ်းခွဲထားရစ်ခဲ့တတ်တဲ့ အကြောင်းအရင်းများ

shutterstock/wavebreakmedia
Sponsored

အချစ်ဆိုတာ တကယ့်ကို ဆန်းကြယ်တယ်လို့ ပြောတတ်ကြပြီး ကံမပါရင် ဘယ်လောက်ချစ်ချစ် မပေါင်းရဘူးလို့ ပြောတာတွေလည်း ကြားဖူးပါတယ်။ တစ်ခါတစ်လေမှာ ကံဇာတ်ဆရာကို အပြစ်ပုံမချသင့်ပဲ ကိုယ့်ကြောင့် လမ်းခွဲပြတ်စဲသွားရစေတဲ့ အချက်တွေ ရှိလို့နေပါတယ်။ ဒီအချက်တွေက ယောကျာ်းလေးတွေက ချစ်နေရက်နဲ့ကို လမ်းခွဲထားရစ်ခဲ့ကြတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

သိမ်ငယ်အားငယ်စိတ်

shutterstock/Antonio Guillem

ယောကျာ်းလေးတွေဟာလည်း သိမ်ငယ်မှုကို ခံစားတတ်ပါတယ်။ အထူးသဖြင့် သူတို့ထက် တော်ပြီးထက်မြက်တဲ့ အမျိုးသမီးတွေနဲ့ ယှဉ်တွဲလာတဲ့ အခါမှာပေါ့။ သူတို့ရဲ့ ချစ်သူဟာ သူတို့ထက် အလုပ်အကိုင်ရာထူး၊ တွေးခေါ်မှုပိုင်းဆိုင်ရာ စသဖြင့် ထက်မြက်လွန်းနေတဲ့အခါမှာ သူတို့ကိုသူတို့ သိမ်ငယ်အားငယ်စိတ်ဝင်တတ်ပါတယ်။ ဒီလိုအချိန်မှာ သူတို့ဟာ အဲဒီ့မိန်းကလေးရဲ့ ဘေးမှာ မနေချင်တော့ပဲ ချစ်လျက်နဲ့ လမ်းခွဲသွားတတ်ပါတယ်။ ယောကျာ်းလေးတွေက သူတို့ကို အားကိုးမယ့် မိန်းကလေးမျိုးကိုသာ လိုချင်ကြတာပါ။ ဒါကြောင့် မိန်းကလေးတစ်ယောက် ထက်မြက်လာလေလေ လက်တွဲဖော် ရှားလာလေပါပဲ။

READ
သင့်ကိုအကြီးအကျယ်စိတ်ဖိစီးမှုဖြစ်စေတဲ့ အသေးအဖွဲမှားယွင်းမှုများ

တစ်ချိန်လုံး  အပြစ်ရှာတတ်တယ်

Sponsored

ဘယ်သူမှ  အပြစ်ရှာတတ်တဲ့ သူမျိုးကို မနှစ်သက်တတ်ပါဘူး။ ကိုယ်တွဲနေတဲ့ မိန်းကလေးက ကိုယ်ဘာလုပ်လုပ် ကိုယ့်ကိုယ်အပြစ်ချည်းပဲ မြင်နေမိရင်တော့ အဲဒီ့ဆက်ဆံရေးက အဆင်ပြေဖို့ဆိုတာ သိပ်မလွယ်ကူတော့ပါဘူး။ နောက်ဆုံး သူတို့သည်းမခံနိုင်တဲ့ အခြေအနေရောက်တဲ့အခါမှာ အပြစ်ချည်းရှာနေတတ်တဲ့ ချစ်သူကို ချစ်နေရက်နဲ့ လမ်းခွဲလိုက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

သူတို့ကို ပြောင်းလဲဖို့ ကြိုးစားတယ်

shutterstock/little star

ယောကျာ်းလေးတွေက သူတို့ကို ပြောင်းလဲဖို့ ကြိုးစားတာမျိုးကို မကြိုက်တတ်ကြပဲ သူတို့ရဲ့ စိတ်ထဲမှာ ပြောင်းလဲချင်စိတ်ဖြစ်ရင်တော့ ဘယ်သူ့မှပြောစရာမလိုပဲ ပြောင်းလဲတတ်တဲ့ သူတွေဖြစ်ကြပါတယ်။ သူတို့ရဲ့ ချစ်သူက သူတို့ကို လိုချင်တဲ့ပုံစံရဖို့ အတင်းပြောင်းလဲဖို့ ကြိုးစားတဲ့သူဆိုရင်တော့ သူတို့တွေ အရမ်းကို စိတ်ပျက်မိမှာအမှန်ပါပဲ။ သူတို့တကယ်ချစ်ရင် ဘာမှပြောစရာမလိုပဲကို သူတို့ချစ်သူအကြိုက်ကို ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ ဒီလို သူတို့ကို ပြောင်းလဲဖို့ အရမ်းကြိုးစားတဲ့အခါ သူတို့ချစ်နေရက်နဲ့တောင် လမ်းခွဲထားရစ်ခဲ့တတ်ကြပါတယ်။

READ
ချစ်သူသင့်ကိုထိတွေ့တဲ့နေရာပေါ်မူတည်ပြီး ကွဲပြားသွားတဲ့အဓိပ္ပါယ်များ

အသိအမှတ်မပြုခြင်း

ယောကျာ်းလေးတွေက သူတို့ချစ်တဲ့သူအတွက်ဆို ဘာမဆို စွန့်စားရဲကြတဲ့ သူတွေပါ။ လူတွေမှာ ကိုယ်လုပ်တဲ့အလုပ်ကို အသိအမှတ်အပြုမခံရရင် စိတ်ပျက်တတ်ကြတာ ထုံးစံပါပဲ။ ဒီလိုပဲ ကိုယ့်ချစ်ရသူအတွက် ဘာမဆို လုပ်ပေးပေမယ့် ချစ်သူကောင်မလေးက ကိုယ့်အပေါ် အသိအမှတ်မပြုဘူးဆိုရင်တော့ စိတ်ပျက်တတ်ကြပါတယ်။ ဒီလိုမျိုး ကောင်မလေးဆီကနေ အသိအမှတ်ပြုမခံရတာတွေ သူတို့ရဲ့ လုပ်ရပ်တွေကို လျစ်လျူရှုတာတွေ များလာတဲ့အခါမှာ ဘယ်လောက်ပဲ ချစ်ချစ် လမ်းခွဲသွားတတ်ကြပါတယ်။

Khin

 

sponsored