ရုတ်တရက် မျက်လုံးအကြောဆွဲသလို တစ်ခါတစ်ရံမှာ ဖြစ်လေ့ရှိတာ ဘာကြောင့်လဲ …

shutterstock/ puhhha
Sponsored

တစ်ခါတစ်လေမှာ မျက်လုံးက တဆတ်ဆတ်တုန်ပြီး အကြောဆွဲသလို၊ အားပျော့သလိုမျိုး ခံစားဖူးကြမှာပါ။ ဒီလိုဖြစ်ရတာဟာ ကျန်းမာရေးဆိုင်ရာ ပြသနာတစ်ချို့ကြောင့်ဖြစ်ပြီးတော့ ဒီအနေထားမျိုးက လူကို နေရခက်စေပါတယ်။ ဒီတော့ ဘာကြောင့် မျက်လုံးအကြောဆွဲသလိုမျိုး ဖြစ်ပေါ်ရတာလဲဆိုတာကို ဝေမျှပေးလိုက်ပါတယ်နော်။

Screen time များလွန်းတဲ့အတွက်

shutterstock/ fizkes

ဒီနေ့ခေတ်မှာ လူတော်တော်များများက ကွန်ပျူတာတွေ၊ ဖုန်းတွေနဲ့ပဲ အချိန်ကုန်လာတာများလာပြီး အကျိုးဆက်ကတော့ မျက်လုံးပြသနာကို ဖြစ်စေတာပါပဲ။ ဒီတော့ screen time အချိန်တွေများလွန်းတဲ့အခါ မျက်လုံးထိခိုက်လာပြီး အကြောဆွဲသလို ဖြစ်လာတတ်တာပါ။ ဒါကြောင့် 20-20-20 ဆိုတဲ့ စည်းမျဉ်းကို လိုက်နာသင့်ပါတယ်။ ဆိုလိုချင်တာက ကွန်ပျူတာ သို့ ဖုန်း မိနစ်နှစ်ဆယ်ခန့်ကြည့်ပြီးရင် နှစ်ဆယ်ပေအကွာအဝေးရှိတဲ့ နေရာကို စက္ကန့်နှစ်ဆယ်ခန့်ကြည့်ပေးရပါမယ်။ ဒါမှမဟုတ်ရင် ကွန်ပျုတာကြည့်တဲ့ မျက်မှန်ကိုလည်း အသုံးပြုလို့ရပါတယ်နော်။

READ
သင့်ကို အသက်ငယ်နေရင်တောင်မှ မြန်မြန်ပဲ အိုမင်းလာစေနိုင်တဲ့ အကျင့်ဆိုး (၁၀) မျိုး

အိပ်မပျော်ခြင်း

shutterstock/ Marcos Mesa Sam Wordley
Sponsored

တကယ်လို့ မျက်လုံးတွေကို အနားမပေးဖြစ်ဘူးဆိုရင်တော့ မကြာခဏ မျက်လုံးအကြောဆွဲတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် လူတွေဟာ အိပ်ချိန်ဝဝ အိပ်စက်ဖို့လိုအပ်ပြီးတော့ မျက်လုံးကို အနားပေးမှ မျက်လုံးအကြောဆွဲခြင်းက ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

စိတ်ဖိစီးမှု

shutterstock/ vmaslova

မျက်လုံးအကြောဆွဲခြင်းက စိတ်ဖိစီးမှုတွေ၊ ဖိအားတွေ အရမ်းကိုများတဲ့အခါမှာလည်း ဖြစ်တတ်ပါတယ်။ စိတ်ဖိစီးမှုများခြင်းက မျက်လုံးအကြောဆွဲခြင်းရဲ့ အဓိကအချက်တစ်ချက်အဖြစ် ပါဝင်နေတာကြောင့် ဒီလိုအချိန်မှာ ကိုယ့်ကိုယ်ကို အနားပေးဖို့ လိုအပ်ပါတယ်။ အသက်ရှုလေ့ကျင့်ခန်းတွေ လုပ်ပေးဖို့လိုအပ်ပြီး ကိုယ့်ကိုယ်ကို စိတ်သက်သာလာအောင် အနားပေးသင့်ပါတယ်နော်။

ကဖိန်းဓာတ်များခြင်း

shutterstock/ Aquarius Studio

ကဖိန်းဓာတ်များခြင်းကလည်း မျက်ခွံပြသနာဖြစ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် မျက်လုံးအကြောဆွဲခြင်း ခံစားရတဲ့အခါမှာ ကဖိန်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည် စတာတွေကို တစ်ပတ်လောက် ဖြတ်တောက်ဖို့လိုအပ်ပါတယ်။ ဒါက မျက်လုံးအကြောဆွဲခြင်းကို ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

READ
နေ့စဉ်ဘဝထဲက သတိမမူမိတဲ့ အမှားများ

Khin

sponsored