ကလေး သူငယ်တွေရှေ့မှာ လုံးဝ ရန်မဖြစ်သင့်တဲ့ အကြောင်းအရင်း (၄) ချက်

bilahata/Freepik
Sponsored

ကလေးတွေဆိုတာ သိပ်ကို နုနွယ်တဲ့ အရွယ် ဖြစ်ပါတယ်။ စိတ်လည်း အနာတရ ဖြစ်ဖို့ လွယ်သလို လူလည်း အနာတရ ဖြစ်ဖို့ လွယ်ကူပါတယ်။ ဒါကြောင့် ကလေးတွေရှေ့မှာ အပြုအမူတွေ အားလုံးကို ဆင်ခြင်ရတာ ဖြစ်ပါတယ်။ ကလေးတွေက သင်ယူတာလည်း လွယ်ကူတာမို့ ရန်ဖြစ်တာမျိုးဆို ပိုလို့တောင် မလုပ်သင့်ပါဘူး။ ကလေးတွေရှေ့မှာ ရန်လုံးဝ မဖြစ်သင့်တဲ့ အဓိက အကြောင်းအရင်းတွေလည်း အခုလို ရှိနေပါတယ်။

(၁) ရန်လိုစိတ်များတတ်တယ်

Sponsored

ကလေးတွေက ရန်ဖြစ်တာကို မမြင်သင့်ပါဘူး။ ကလေးတွေက သင်ယူမှုနှုန်း သိပ်ကို မြန်ပါတယ်။ ဒါပေမယ့် သင်ယူလိုက်တဲ့ အရာတွေကို ဆင်ခြင်နိုင်တဲ့ ဦးနှောက်ဖွံ့ဖြိုးမှုတော့ မရှိပါဘူး။ ဒါကြောင့် ကလေးတွေ ရှေ့မှာ မကြာခဏ ရန်ဖြစ်မယ်ဆိုရင် ကလေးတွေက ရန်ဖြစ်တဲ့အခါ သုံးတဲ့ စကားလုံးတွေကို မှတ်သားပြီး ပြန်သုံးတာမျိုးအပြင် သူတို့  အလိုမကျတဲ့ အချိန်မှာ ဒေါသထွက်နေတတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ပတ်ဝန်းကျင်က သင်ယူရမှုကြောင့် ဒေါသစိတ်ကြီးတဲ့သူ ဖြစ်လာစေပါတယ်။

READ
၉ နာရီကျော်မှ အိပ်တဲ့ကလေးများဟာ အဝလွန်စေနိုင်ကြောင်း တွေ့ရှိ
Freepik.com

(၂) ပြဿနာ မဖြေရှင်းတတ်တော့ဘူး

ကလေးတွေဆိုတာ လူကြီးတွေလို ဦးနှောက် အပြည့်အဝ ဖွံ့ဖြိုးသေးတာ မဟုတ်ပါဘူး။ လူ့ဘဝမှာ ရှင်သန်နေတဲ့အချိန် ပြဿနာပေါင်းစုံကို ရင်ဆိုင်ရမှာပါ။ ဘယ်လိုပဲ ကြုံကြုံ သင့်လျော်အောင် ဖြေရှင်းနိုင်ဖို့ ငယ်ငယ်တည်းက အကျင့်လုပ်ပေးတာက အကောင်းဆုံးပါ။ ဒါပေမယ့် မိဘတွေ ကိုယ်တိုင်က ပြဿနာ ဖြေရှင်းပြီး ပြေလည်တာထက် အဖြေမထွက်ဘဲ ရန်ဖြစ်နေတာမျိုးက ကလေးတွေကိုပါ ပြဿနာ ဖြေရှင်းနိုင်စွမ်း ကျစေပါတယ်။ ဒါကြောင့် ချစ်သူထားတဲ့ အရွယ်ရောက်ရင်တောင်မှ မပြေလည်တဲ့ ဆက်ဆံရေး ပိုင်ဆိုင်ရတာမျိုး ဖြစ်တတ်ပါတယ်။

Photo by Maya Anggraeni from Pexels

(၃) စိတ်ဒဏ်ရာ ရမယ်

ကလေးရဲ့ ပင်ကို သဘာဝက ပျော်ရွှင်နေတတ်တာပါ။ ဒါကြောင့် သူတို့က ကစားတာကအစ ပျော်ရွှင်အောင် ကစားနေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်မိသားစုက ရန်ပွဲတွေကို တွေ့နေရတဲ့ ကလေးတွေအဖို့ လူကြီး အရိပ်အကဲကို ကြည့်နေရတာ၊ အပြည့်အဝ မပျော်ရွှင်နိုင်တာတွေကြောင့် သူတို့ ဘဝကို မနှစ်မြို့တာမျိုး ဖြစ်သွားတတ်ပါတယ်။ ဒီကနေ တစ်ဘဝလုံး နာကျင်ရတဲ့ စိတ်ဒဏ်ရာအဖြစ် ပြောင်းသွားနိုင်ပါတယ်။

READ
ကလေးတစ်ယောက်ကို ပိုမိုရိုင်းစိုင်းသွားစေနိုင်တဲ့ အကြောင်းအရာများ
bearfotos/Freepik

(၄) သင်ယူနိုင်စွမ်း လျော့ကျတယ်

အိမ်မှာ မပျော်ရွှင်ရတဲ့ ကလေးက အာရုံစူးစိုက်မှုတွေ ကျလာတတ်ပါတယ်။ ကလေးအရွယ်မှာ အတွယ်တာရဆုံး ဖြစ်တဲ့ အိမ်က ရန်ပွဲတွေ မကြာခဏ မြင်နေရတဲ့ နေရာ ဖြစ်နေတဲ့အခါ ကလေးတွေက ဝမ်းနည်းမှုတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကျောင်းစာကို အပြည့်အဝ အာရုံမစိုက်နိုင်တော့ပါဘူး။ လူကြီးတွေ ဖြစ်တာ ကလေးက ဘာဆိုင်လဲလို့ ပြောကြပေမယ့်လည်း သုတေသနတွေအရ တကယ်ပဲ ရန်ဖြစ်လေ့ ရှိတဲ့ မိဘရှိတဲ့ ကလေး အများစုက သင်ယူနိုင်စွမ်း သူများထက် နည်းနေလေ့ ရှိပါတယ်။

Kham

sponsored