မင်းသမီးလေးရှားလော့ ဘောင်းဘီရှည် ဘယ်တော့မှ မဝတ်ရတဲ့ အကြောင်းအရင်း 

Sponsored

ဗြိတိန်တော်ဝင်မင်းသား ဝီလျံနဲ့ ကြင်ယာတော် ကိတ်တို့ရဲ့ ဒုတိယသမီးလေး ရှားလေးဟာ ချစ်စရာသိပ်ကောင်းတဲ့ ကလေးလေးတွေထဲက တစ်ယောက်ဆိုတာ အားလုံးလက်ခံထားကြပြီးသားပါ။ မင်းသမီးလေးဟာ ကလေးဖက်ရှင်ရေစီးကြောင်းကို ဦးဆောင်သူအဖြစ်လည်း ကျော်ကြားပြီး ယူကေ ဖက်ရှင်လောကမှာ သူမဟာ ကန်ဒေါ်လာ (၄.၃) ဘီလီယံအထိ အကျိုးပြုထားနိုင်သူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် တော်ဝင်ပရိသတ်တွေ သတိထားမိတဲ့အထဲက တစ်ခုကတော့ (၃) နှစ်အရွယ် ရှားလော့လေးဟာ အပြင်ထွက်တိုင်း ဂါဝန်ပဲ အမြဲဝတ်ပြီး ဘောင်းဘီ ဘယ်တော့မှ မဝတ်တာဖြစ်ပါတယ်။ အဲဒီ့အတွက် အကြောင်းအရင်းလည်း ရှိနေပါတယ်။

PA
Sponsored

ရှားလော့ရဲ့ အစ်ကိုဖြစ်သူ မင်းသားလေး ဂျော့်ရဲ့ ဖက်ရှင်တွေကို ဆင်မြန်းပေးသူ ဒီဇိုင်နာ ရေချယ်ရိုင်လီက ဂျော့်ဂ်ျနဲ့ ရှားလော့တို့ရဲ့ အဝတ်အစားရွေးချယ်မှုတွေဟာ မိခင်ဖြစ်သူ ကိန်းဘရစ်ခ်ျမြို့စားကတော် ကိတ်ရဲ့ လက်ထဲမှာ ရှိနေတာဖြစ်တယ်လို့ The Telegraph သတင်းဌာနနဲ့ အင်တာဗျူးမှာ ရှင်းပြသွားခဲ့ပါတယ်။ ဖက်ရှင်တွေကို ရွေးချယ်ရာမှာ ကိတ်ရဲ့ သော့ချက်ကတော့ ဘယ်ခေတ်မှာမဆို မရိုးသွားနိုင်မယ့် ဖက်ရှင်ကို ရွေးချယ်ခြင်းလို့ သိရပါတယ်။ “ကလေးတွေကို အခုလို ဆင်မြန်းပေးရတဲ့အကြောင်းကတော့ သူတို့လေးတွေရဲ့ ဖက်ရှင်ကို ဘယ်အချိန်ပြန်ကြည့်ကြည့် ဘယ်ခေတ်ကာလက ဖက်ရှင်ဖြစ်တယ်လို့ ခန့်မှန်းလို့မရဘဲ ဘယ်တော့မှ ဒိတ်မအောက်သွားစေဖို့ဖြစ်ပါတယ်” လို့ ရိုင်လီက ဖြေကြားခဲ့ပါတယ်။

READ
သင်စိတ်ဖိစီးနေတာ ဟုတ် ၊ မဟုတ် သိသာစေမယ့်အချက်များ
PA

ဝီလျံနဲ့ ကိတ်တို့ရဲ့ ကိန်းဘရစ်ခ်ျမိသားစုလေးဟာ လူအာရုံစိုက်စေမယ့် ဖက်ရှင်မျိုးတွေထက် အစဉ်အလာနဲ့ ကိုက်ညီပြီး နန်းဆန်တဲ့ ဖက်ရှင်မျိုးကိုသာ နှစ်သက်ရွေးချယ်ကြကြောင်းလည်း ရိုင်လီက ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိတ်ကိုယ်တိုင်ကိုလည်း ဂျင်းဘောင်းဘီရှည်နဲ့ အပြင်ထွက်တာ တွေ့ဖူးတာကြောင့် ရှားလော့လေးလည်း အပြင်မှာ ဘောင်းဘီမဝတ်ပေမယ့် နန်းတော်ထဲမှာတော့ ပေါ့ပေါ့ပါးပါး ဘောင်းဘီတွေ ဝတ်နေမယ်လို့ ခန့်မှန်းရတာပါပဲ။

PA

ရှားလော့ရဲ့ အစ်ကို မင်းသားလေး ဂျော့်ဂ်ျလည်း လူမြင်ကွင်းမှာ ဘောင်းဘီရှည်မဝတ်ပါဘူး။ သူကတော့ မိခင်ရဲ့ ရွေးချယ်မှုကြောင့်ကို မဟုတ်ဘဲ အိမ်ရှေ့စံတို့ လိုက်နာရမယ့် စည်းမျဉ်းကြောင့်ပါ။ တော်ဝင်အမျိုးသားလေးတွေက အသက် (၈) နှစ်မတိုင်ခင်အထိ ဘောင်းဘီရှည်မဝတ်ရဘဲ ဘောင်းဘီတိုသာ ဝတ်ရမယ်ဆိုတဲ့ စည်းကမ်းရှိပါတယ်။ ဘယ်လိုပဲပြောပြော တော်ဝင်သားသမီးလေးတွေကတော့ ဘာဝတ်ဝတ် ချစ်စရာကောင်းတာ အမှန်ပါပဲ။

PA

Ref: Fabiosa

sponsored