မိန်းကလေးတွေ တစ်စုံတစ်ယောက်ကို ထပ်ပြီးမတွယ်ကပ်တော့တာ ဒီလို အရာတွေကြောင့်ပါ

Photo by Wictor Cardoso from Pexels
Sponsored

မိန်းကလေးအများစုက တစ်စုံတစ်ယောက်ကို ချစ်မိတဲ့အခါ သူတို့ရဲ့ အချစ်တွေအားလုံးကို ပေးတတ်ကြပြီး သစ္စာရှိရှိ ချစ်တတ်ကြတာ များပါတယ်။ သူတို့ချစ်တဲ့သူအတွက် ထိခိုက်နာကျင်မှုတွေ ရှိလာခဲ့ရင်တောင် လက်လွှတ်လိုက်ရဖို့ကို တွန့်ဆုတ်နေတတ်ကြ သူတွေပါ။ ဒါပေမယ့် မိန်းကလေးတွေ တစ်စုံတစ်ယောက်ကို ထပ်ပြီး မတွယ်ကပ်တော့တဲ့ အကြောင်းအရင်းတွေက ဒါတွေကြောင့်ပါ။

စိတ်ကုန်သွားလို့

Photo by Konstantin Mishchenko from Pexels

မိန်းကလေးတွေက ချစ်ရင်လည်း သူများတွေထက် ချစ်တတ်သလို မုန်းရင်လည်း လုံးဝလှည့်မကြည့်ချင်လောက်အောင် မုန်းသွားတတ်ပါတယ်။ နောက်ပြီး သူတို့တွေက် သည်းခံနိုင်တဲ့အထိ အစွမ်းကုန်သည်းခံပေးတတ်ကြပေမယ့် သူတို့ရဲ့ သည်းခံစိတ်တွေ ကုန်သွားတဲ့အခါမှာတော့ အဲဒီ့လူကို လွှတ်ချလိုက်ဖို့ ဝန်မလေးတတ်ကြတော့တာပါပဲ။

ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့ သင်ကြားတတ်သွားလို့

lookstudio/Freepik
Sponsored

ကိုယ့်အပေါ် အလေးအနက်မထားတဲ့ တစ်စုံတစ်ယောက်ကို ချစ်နေမိတဲ့အခါ နာကျင်စရာတွေ၊ စိတ်ထိခိုက်စရာတွေ၊ စိတ်ဆင်းရဲမှုတွေ စသဖြင့် ဒါတွေကိုပဲ ခံစားနေရတာပါ။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ချစ်တဲ့အချစ်က ကိုယ့်ကိုယ်ကို ပိုဂရုစိုက်တတ်လာသလို၊ ကိုယ့်အတွက် စိတ်ချမ်းသာမှုကို ခံစားလာရတဲ့အတွက် ဒါကမှ ကိုယ့်အတွက် အကောင်းဆုံးဆိုတာကို ရွေးချယ်တတ်လာတာ ဖြစ်ပါတယ်။

READ
ထိုင်းမင်းသားချောလေး Ice Paris အကြောင်း သိထားသင့်တဲ့ အချက်များ

တစ်ယောက်တည်းဘက်က ဂရုစိုက်နေရတဲ့ ဆက်ဆံရေးကို မလိုချင်တော့လို့

shutterstock/ PVStocker

အချစ်ရေးတစ်ခုမှာ တစ်ယောက်တည်းကပဲ ချစ်နေရတဲ့ ဆက်ဆံရေးမျိုး၊ တစ်ယောက်တည်းကပဲ ဂရုစိုက်နေရတဲ့ ဆက်ဆံရေးမျိုးက အရမ်းကို ပင်ပန်းဝမ်းနည်းရပါတယ်။ ကိုယ်ပေးသလောက်ရဲ့ တစ်ဝက်လောက်တောင် ကိုယ်ပြန်မရတဲ့အခါ ဒီဆက်ဆံရေးကို ရှေ့ဆက်နေလို့ကော ဘာထူးတော့မှာလဲ။ ဒါကြောင့်ပဲ ဆက်ပြီး မတွယ်ကပ်တော့ပဲ လက်လွှတ်လိုက်ဖို့ ဆုံးဖြတ်လိုက်ကြတာပါ။

မပျော်ရွှင်တော့လို့

Image:freepik.com/goffkein

အချစ်လည်း မခံရ၊ ဂရုစိုက်မှုလည်း မရှိတဲ့အပြင် စိတ်ဒဏ်ရာတွေနဲ့ မျက်ရည်တွေပဲ အဖတ်တင်နေတဲ့ ဒီဆက်ဆံရေးကြားမှာ ပိတ်မိတဲ့အချိန် ကြာလာတဲ့အခါ ပျော်ရွှင်မှုဆိုတာကိုတောင် မသိတော့ပါဘူး။ တကယ်တော့ ချစ်သူရည်းစားထားတယ်ဆိုတာ စိတ်ပျော်ရွှင်ရဖို့၊ အချစ်ခံရဖို့ ထားခဲ့ပေမယ့် မှန်းထားသလို ဖြစ်မလာတဲ့အပြင် ပျော်ရွှင်မှုမရှိတဲ့ ဘဝကို စိတ်ကုန်သွားတာပဲ ဖြစ်ပါတယ်နော်။ ဒါတွေကပဲ မိန်းကလေးတွေ တစ်စုံတစ်ယောက်ကို ထပ်ပြီး မတွယ်ကပ်တော့ပဲ ဒီဆက်ဆံရေးကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။

READ
ဒီလိုအချက်တွေက သင့်ကိုဆွဲဆောင်မှုမရှိတဲ့ သူတစ်ယောက် ဖြစ်စေနိုင်ပါတယ်

Khin

sponsored