အချစ်ကိုကြောက်သူတွေရဲ့ လူမသိတဲ့ နောက်ကွယ်က အကြောင်းရင်းများ

freepik /freepik
Sponsored

လူတိုင်းကတော့ အချစ်ခံချင်ကြပါတယ်။ ဒါပေမယ့်လဲ အချစ်ခံရမှာ ကြောက်တဲ့ သူတွေလဲ ရှ်ပါတယ်။ အချစ်ခံရမှာကို ကြောက်လို့ အချစ်ရေးရာ ၁၅၀၀ တို့နဲ့မဆိုင်ဆိုပြီး ဖြစ်နေတဲ့သူတွေ ပတ်ဝန်းကျင်မှာ တွေ့ဖူးကြမှာပါ။ သူတို့ကဘာလို့ ဒီလိုဖြစ်လာလဲ ဆိုတဲ့ အကြောင်းလေးတွေ ပြောပြပေးမယ်နော်။

  • မချစ်သင့်တဲ့သူကို ချစ်ဖူးခဲ့လို့

ကိုယ့်အတွက်မဟုတ်တဲ့ သူကို ချစ်ဖူးသူ တော်တော်များများက နောက်ထပ် ထက်ချစ်ရမှာကို ကြောက်သွားတက်ကြပါတယ်။ အကြောင်းအရင်းကတော့ ကိုယ်ကချစ်သော်လဲ သူကကိုယ့် အပိုင်မဖြစ်နိုင်ဘူးဆိုတဲ့ အတွေးနဲ့တင် ခံစားရတာက ဖော်ပြမရတော့လို့ပါ။

  • ကမ္ဘာပျက်မတက် ခံစားခဲ့ဖူးလို့
freepik /freepik
Sponsored

အချစ်နဲ့တွေ့ရင် လူတွေက မျက်ကန်းတစ်ယောက်လို ဖြစ်သွားတက်ပါတယ်။ ကိုယ်ချစ်နေရရင် ပြီးရော သူပျော်ပါစေဆိုပြီး လွှတ်ထားတဲ့ သူတွေက ရင်ထဲမှာ ကမ္ဘာပျက်မတက် ခံစားနေရတာပါ။ အဲ့လိုခံစားရမှာ ကြောက်လို့ အချစ်မခံရလဲ နေပါတော့ဆိုပြီး ဖြစ်သွားကြတာပါ။

  • အသည်းကွဲလို့ မဝသေးလို့
READ
ကံကောင်းခြင်းတွေနဲ့ မွေးဖွားလာတဲ့ ရာသီခွင် (၄) ခု
freepik /freepik

ဒါမျိုးကတော့ ဖီးလ်နေရရင် ပျော်နေရော ဆိုတဲ့သူမျိုးတွေပါ။ ဘယ်သူ့ကိုဖီးလ်လို့ ဖီးလ်မှန်းမသိ၊ ဘာအကြောင်းကို ဖီးလ်လို့ဖီးလ်မှန်း မသိဖြစ်နေသူတွေပါပဲ။ အသည်းတော့ ကွဲနေတာပဲ။ ဘာကိုကွဲလို့ ကွဲမှန်း မသိတာမျိုးပါ။ ဒါပေမယ့် ဖီးလ်နေလို့ ဖေးမမယ်ဆိုရင် မှားမယ်နော်။ သူတို့က လာကြိုက်မှာဆိုးလို့ ကြိုကာကွယ်ပြီး ဖီးလ်နေတဲ့သူတွေပါ။

  • မိသားစု​ကြောင့်

Broken Family မှာကြီးပြင်းလာတဲ့သူ တော်တော်များများက အချစ်ခံရမှာတို့ ချစ်ရမှာတို့ကို ကြောက်တက်ကြပါတယ်။ မျက်စိရှေ့မှာ မြင်ထားတဲ့ ဥပမာတွေကြောင့် အချစ်ကိုကြောက်သွားတဲ့ သဘောပါပဲ။

  • မတည်မြဲနိုင်တာ သိလို့
freepik /freepik

ဘယ်ဇာတ်လမ်းမှာမဆို အဆုံးသတ်ဆိုတာ ရှိပါတယ်။ အဆုံးသတ်ဆိုတာကို မကြုံချင်လို့ ဘယ်ဇာတ်လမ်းကိုမှ မစတော့ပဲ ဒီတိုင်းကဒီတိုင်း နေလိုက်တဲ့သဘောပါပဲ။ အဆုံးသတ်ရင် ခံစားရမှာတွေ သိလို့ ဘာမှမစပဲ ကိုယ့်စိတ်ကိုယ်ထိန်းလိုက်တာပဲ ဖြစ်ပါတယ်။

READ
စစ်တမ်းအရ ပရိသတ်တွေ ခရစ်စမတ်မှာ အတူရှိချင်မိကြတဲ့ အနုပညာရှင်များ

TPS

sponsored