တစ်ခါလောက်တော့ စိတ်လွတ်လက်လွတ် ပျော်ပစ်လိုက်သင့်တဲ့ အကြောင်းအရင်းများ

Photo by Tim Savage from Pexels
Sponsored

ဘဝဆိုတာ ခဏလေးပါလို့ ပြောကြလေ့ ရှိပါတယ်။ ဘယ်တော့ ဘယ်လိုမျိုးသေမယ်ဆိုတာလည်း ခန့်မှန်းလို့ မရသလို ဘယ်အချိန်မှာ ဘယ်လို အခက်အခဲ ဖြစ်မယ်ဆိုတာကိုပါ မသိနိုင်ပါဘူး။ ဒီလိုမျိုး လောကကြီးထဲမှာ လူတွေကတော့ ကိုယ်စီ ရုန်းကန်နေရတာပါပဲ။ ဒီတော့ တစ်နေ့လောက်တော့ ဘာကိုမှ မပူပင်ဘဲ ပျော်ရွှင်လိုက်တာမျိုး ရှိကို ရှိသင့်ပါတယ်။ ဒီအကြောင်းအရင်းတွေက သင့်ကို ပိုပြီး သေချာသွားစေတတ်ပါတယ်။

သင်လည်း ပျော်ရွှင်ဖို့ ထိုက်တန်ပါတယ်

Sponsored

ပျော်ရွှင်ဖို့အတွက် အခွင့်အရေး ရှိပါ့မလားလို့ မတွေးသင့်ပါဘူး။ ပျော်ရွှင်ဖို့အတွက် သင်လည်း ထိုက်တန်ပါတယ်။ နေ့တိုင်း ဘဝအတွက် ရှင်သန်တယ်၊ ကြိုးစားတယ်၊ ရုန်းကန်တယ်ဆိုတဲ့ ရက်တွေမှာ တစ်ရက်လောက်တော့ ပျော်ပစ်ဖို့ လုံးဝ ထိုက်တန်ပါတယ်။ ဘာမှသိပ်မတွေးပါနဲ့၊ တစ်နေ့လုံး အနားယူလိုက်တာမျိုး၊ သီချင်းတွေ ဆိုပြီး ကလိုက်တာမျိုး၊ ပျော်နေလိုက်တာမျိုးက သင့်ကို အများကြီး စိတ်ကြည်လင်သွားစေမှာပါ။

READ
မိန်းကလေးချင်းသာ သိနိုင်မယ့်၊ နားလည်နိုင်မယ့် သူတို့ရဲ့ခံစားချက်များ
Photo by Anna Shvets from Pexels

ကိုယ့်ကိုယ်ကို အနားပေးပါ

အရွယ်ရောက်လာတဲ့သူတိုင်းက အိပ်မက်တွေအတွက်လည်း အလုပ်လုပ်ရသလို၊ ဝမ်းစာအတွက်လည်း အလုပ်လုပ်ရပါတယ်၊ လူမှုရေးကိစ္စတွေအတွက်လည်း ပြောရတာတွေ၊ စိတ်ရှုပ်ရတာမျိုးတွေလည်း ရှိနေပါတယ်။ ဒီအတွက် တစ်ရက်လောက် စိတ်မောစရာ၊ လူမောစရာတွေကို ဘာမှ မတွေးဘဲ ပျော်ပျော်ပါးပါး နေလိုက်တာက သင့်ကို ပြန်လည် အားအင်ပြည့်ပြီး လန်းဆန်းသွားစေပါတယ်။

Photo by Yulianto Poitier from Pexels

ဘဝဆိုတာ မသေချာဘူး

ဘဝဆိုတာ သေချာတာမျိုး မရှိပါဘူး။ ဒီကနေ့မှာ ပျော်ရွှင်ရတယ်ဆိုပေမယ့် နောက်နေ့မှာ ဝမ်းနည်းစရာလည်း ဖြစ်နေနိုင်သလို လုံးဝ မအားဘဲ အလုပ်များနေတာလည်း ဖြစ်တတ်ပါတယ်။ ဒီအတွက် သင့်အတွက် သိပ်အလုပ်မရှုပ်တဲ့နေ့တွေမှာ လူမှုရေးကြောင့် မျက်နှာပျက်ရမှာမျိုး စတာမျိုးတွေကို စိုးရိမ်မနေဘဲ ပျော်စရာ ရှိတာတွေကို ပျော်လိုက်သင့်ပါတယ်။

Photo by mikoto.raw from Pexels

ရှားပါး အခွင့်အရေးပါ

သူငယ်ချင်းတွေနဲ့ ဆုံတွေ့ရတဲ့ နေ့မျိုး၊ ခရီးထွက်ရတဲ့ နေ့မျိုးတွေက တကယ့်ကို စိတ်ကို ကြည်လင်စေတဲ့ နေ့တွေပါပဲ။ ဒီလို နေ့မျိုးတွေမှာ တစ်ခြားသော စိတ်ညစ်စရာတွေ၊ အလုပ်တွေကို မစဉ်းစားသင့်ပါဘူး။ ဒီလို အခွင့်အရေးမျိုး ရှိနေတဲ့ နေ့ရက်တွေက အရမ်း ရှားပါးတာမို့ ပျော်စရာ ရှိတာကို စိတ်လွတ်လက်လွတ်သာ ပျော်ပစ်လိုက်ပါနော်။

READ
ဟင်းချက်တတ်တဲ့ ကောင်လေးတွေကို လက်တွဲဖော်အဖြစ် ရွေးချယ်သင့်တဲ့ အကြောင်းအရင်းများ

Kham

sponsored