ချစ်သူထားတဲ့အခါ ကိုယ်ချစ်ထက် သူချစ်ကို ရွေးချယ်သင့်တဲ့ အချက်များ

Katie E/Pexels
Sponsored

ချစ်ခြင်းမေတ္တာဆိုတာ ဖြူစင်ပါတယ်လို့ ပြောကြလေ့ ရှိပါတယ်။ ဒါပေမယ့် တခြားသော လူ့ခံစားချက်တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ အရမ်းပူလောင်ပါတယ်။ ဒါကြောင့် လူအများက ကိုယ်ချစ်ထက် သူချစ်က ပိုကောင်းတယ်လို့ ပြောလေ့ ရှိပါတယ်။ ဆိုလိုတာက မိန်းကလေးတွေက ကိုယ့်ဘက်က စပြီး ချစ်မိတယ်ဆိုတာ ရှိပေမယ့် ရှားပါတယ်။ များသောအားဖြင့် ကိုယ့်ကို ချဉ်းကပ်လာသူတွေထဲကမှ ကိုယ်က ပြန်ပြီး သဘောကျမိတဲ့သူကို ရွေးချယ်ကြတာ များပါတယ်။ ဒါကြောင့် သူချစ်ကို ရှာပါဆိုတာက ကိုယ့်ကို အမှန်တကယ် ချစ်မြတ်နိုးသူကိုသာ ရွေးချယ်ပါလို့ ဆိုလိုတာ ဖြစ်ပါတယ်။

(၁) သင့်ကို ချစ်တယ်

Sponsored

ကိုယ့်ကို ချစ်တယ်ဆိုတာလောက် ယုံကြည်ရတဲ့အရာဆိုတာ မရှိတော့ပါဘူး။ ကိုယ့်ကို ချစ်မြတ်နိုးတဲ့သူတစ်ယောက်ကို တစ်ခြားတစ်ယောက်ကို ချစ်မလားဆိုပြီး စိုးရိမ်နေစရာ မရှိပါဘူး။ လူတစ်ယောက်မှာ ချစ်တာရယ် စိတ်ကစားတာရယ် သဘောကျရုံအခြေအနေရယ်ဆိုပြီး ရှိတတ်ပါတယ်။ ကိုယ့်ဆီကို ချစ်ခွင့်ပန်လာသူတိုင်းက ကိုယ့်ကို တကယ် ချစ်မိတာ မဟုတ်ပါဘူး။ ဒါပေမယ့် တကယ်ချစ်တဲ့သူကတော့ တခြားသူတွေထက် ထူးခြားစွာပဲ သင်ခံစားမိမှာပါ။ သူ သင့်ကို ချစ် မချစ် သင့်ဘက်က သံသယ ရှိစရာ မလိုလောက်အောင်ကို ရှိသမျှက သူ သင့်ကို ချစ်နေတာကို သိမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သင် စိုးရိမ်ရတာတွေ ပူလောင်စရာတွေ ဖြစ်စရာတွေ မလိုပါဘူး။

READ
ရင့်ကျက်တဲ့ ကောင်မလေးတွေ ချစ်သူဆီက ဘယ်တော့မှ မတောင်းဆိုတဲ့ အရာ(၅)ခု
ramtin ak/pexels

(၂) သင့်အတွက်ပဲ တွေးတယ်

ချစ်မိတဲ့သူတစ်ယောက် ကိုယ်ချစ်ရတဲ့သူတစ်ယောက်ကို အချိန်တိုင်း စိတ်ထဲ ရှိနေတတ်သူပါ။ သင် စိတ်ချမ်းသာဖို့အတွက်ကိုသာ စဉ်းစားပြီး သင့်ကို ပျော်အောင် ထားတတ်သူလည်း ဖြစ်ပါတယ်။ ကိုယ့်ကို ချစ်တဲ့သူကို ချစ်သူအဖြစ် ရွေးချယ်မယ်ဆိုရင်တော့ သင်လည်း စိတ်ချမ်းသာရမှာ ဖြစ်ပါတယ်။ သင့်အတွက် ဂရုစိုက်ပေးတတ်တဲ့လူတစ်ယောက်ရှိတယ်ဆိုကတည်းက သင့်အတွက် ကံကောင်းမှု တစ်ခုပါပဲ။

(၃) သစ္စာ ရှိတယ်

ချစ်ရတဲ့သူဆိုတာက ကိုယ်ချစ်တဲ့သူက ကိုယ့်အနားမှာ နေဖို့ ရွေးချယ်လိုက်ရုံနဲ့ ကျေနပ်ပျော်ရွှင်ကြသူတွေပါ။ သင့်အနားမှာ ရှိချင်လို့တောင် သင့်ကို ချစ်ခွင့်ပန်တာ ဖြစ်ပြီး သင့်ကို ထားသွားဖို့ စိတ်ကူးမရှိပဲ သင့်အချစ်ကို ရလို့ ကံကောင်းတယ်လို့တောင် သူတို့က ယူဆကြတတ်ပါသေးတယ်။ ဒါကြောင့် နောက်တစ်ယောက်ရှိမလားဆိုတဲ့ အတွေးတွေ တွေးစရာမလိုလောက်အောင် သူက သင့်အပေါ် သစ္စာရှိမှာ ဖြစ်ပါတယ်။

READ
အူကြောင်ကြောင်နဲ့ သိပ်ချစ်တတ်တဲ့ စုံတွဲတွေရဲ့ လက္ခဏာ (၄) မျိုး
Pixabay/Pexels

(၄) သင် မပူလောင်ရဘူး

သင့်ကို သဘောကျရုံနဲ့ ချစ်ခွင့်ပန်တဲ့သူကို သင်က ချစ်မိပြီး ရွေးချယ်လိုက်ရင်တော့ သင့်ကို သူက တကယ်မချစ်မိတာကို သိလာတဲ့အချိန်မှာ သင်ပဲ ခံစားရမှာပါ။ ချစ်တဲ့သူက ပိုခံစားရတာ ထုံးစံပဲ မဟုတ်လား။ သင့်ကို ဘယ်တော့ ထားသွားမလဲ မချစ်တော့ဘူးလား နောက်တစ်ယောက် ရှိနေပြီလား စတဲ့ အပူပေါင်းများစွာနဲ့ ဖြစ်နေတာကိုက သူက သင့်ကို တကယ် မချစ်ပဲ သင့်ဘက်ကပဲ ချစ်နေလို့ အခုလို ခံစားရတာပါ။ သင့်ကို သူက ရွေးချယ်ရင်တောင် သင်တို့ တစ်သက်လုံး အိမ်ထောင်ရေးလည်း မပြေလည်ပဲ စိုးရိမ်ရတာမျိုးတွေအထိ ရှိလာနိုင်ပါတယ်။

ဒါကြောင့် ချစ်သူအဖြစ် ကိုယ့်ကို ချစ်မြတ်နိုးတဲ့သူကိုသာ ရွေးချယ်ကြပါနော်။

by Kham

sponsored