အမေနဲ့အတူ ပျော်စရာအချိန်တွေ ဖြတ်သန်းသင့်တဲ့ အကြောင်း (၄) ချက်

Photo by Elly Fairytale from Pexels
Sponsored

အမေတွေက သူတို့ရဲ့ ဘဝမှာ သားသမီးတွေကို အချိန်အများဆုံး ပေးထားတာပါ။ အမေတွေက သားသမီးတွေရဲ့ အမေလည်း ဟုတ်တယ်၊ အရိပ်တကြည့်ကြည့် စောင့်ကြည့်ပေးတဲ့ သူငယ်ချင်းဆိုလည်း ဟုတ်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ ဝေယျာဝစ္စတွေကိုလည်း မေတ္တာမပျက် လုပ်ပေးတတ်ကြတဲ့သူတွေလည်း ဖြစ်ပါတယ်။ ကိုယ်အရွယ်ရောက်လာတဲ့အခါ ဒီလေးချက်ကို စဉ်းစားပြီး အမေတွေနဲ့အတူ ပျော်စရာ အချိန်တွေကို အတူ ဖြတ်သန်းသင့်ပါတယ်။

၁။ အထီးမကျန်စေဖို့

Sponsored

အသက်ကြီးလာတဲ့အခါ လူတွေက ပိုပြီး အထီးကျန်မှုကို ခံစားရတတ်ပါတယ်။ သားသမီးတွေက အသက်ကြီးသွားလေလေ မိဘတွေက အထီးကျန်ခြင်းကို ရင်ဆိုင်ရလေပါပဲ။ ဒီတော့ ကိုယ်က အမေနဲ့အတူ ရုပ်ရှင် ကြည့်တာမျိုး၊ မုန့်အတူ လုပ်စားတာမျိုးနဲ့ ဟာသလုပ်တာမျိုးတွေ လုပ်ပေးတဲ့အခါ အမေတွေမှာ အထီးကျန်မှုကို ခံစားရတာ လျော့နည်းသွားစေပါတယ်။

READ
သူငယ်ချင်းတွေစုပြီး အေးအေးဆေးဆေးညဖက်အပြင်ထွက်လည်းသင့်တဲ့ အကြောင်းရင်း
Photo by Elly Fairytale from Pexels

၂။ ပီတိ ဖြစ်စေဖို့

ကလေးတွေက ငယ်ငယ်လေးတုန်းက မိဘတွေရဲ့ ဂရုစိုက်မှုကို လိုချင်သလို မိဘတွေကလည်း အသက်ကြီးလာတဲ့အခါ သားသမီးတွေရဲ့ ဂရုစိုက်မှုကို လိုချင်မိတတ်ကြပါတယ်။ ဒါက သူတို့အတွက် ဂုဏ်ယူစရာ အချက်လည်း ဖြစ်သလို ပီတိဖြစ်စေတဲ့ အချက်လည်း ဖြစ်ပါတယ်။ ကိုယ်က မိဘရဲ့ ကျန်းမာရေးကို မေးမြန်း ဂရုစိုက်ပေးတာ၊ စားချင်တာလေးတွေ ဝယ်ကျွေးတာမျိုးကလည်း မိဘတွေကို ကျေနပ်ပီတိ ဖြစ်စေပါတယ်။

Photo by Elly Fairytale from Pexels

၃။ သာယာတဲ့ မိသားစု ဖြစ်ဖို့

အေးစက်စက် ဖြစ်နေတဲ့ မိသားစုထက် ရယ်သံတွေ ပြန့်နေတဲ့ မိသားစုက ပိုပြီး သာယာပါတယ်။ အိမ်ပြင်ကို ထွက်လိုက်၊ အိမ်ထဲ ပြန်ရောက်တာနဲ့ အခန်းထဲဝင်ပြီး ဖုန်းသုံးလိုက် လုပ်နေရတာမျိုးက အိမ်ကို ပိုပြီး ခြောက်ကပ်စေပါတယ်။ အမေဖြစ်တဲ့သူကို စနောက်တာမျိုး လက်ဆောင်ဝယ်ပေးတာမျိုးနဲ့ စကားစမြည် ပြောတာမျိုးက သင့်အမေကို ပိုပြီး စိတ်တွေ လန်းဆန်းသွားစေနိုင်ပါတယ်နော်။

READ
ကျောပြင်နဲ့ လက်မောင်းကအဆီတွေကို ၂ပတ်အတွင်း သိသိသာသာကျသွားစေမယ့် လေ့ကျင့်ခန်းများ
Photo by Andrea Piacquadio from Pexels

၎။ မသိနိုင်လို့

လူဆိုတာ တစ်နေ့မှာ သေဆုံးရမယ့် သူတွေ ဖြစ်ပါတယ်။ ဘာအကြောင်းနဲ့ သေဆုံးရမယ်မှန်း မသေချာပေမယ့် အသက်ကြီးတဲ့သူတွေက သေရမယ့် အရွယ်နဲ့ နီးနေတာတော့ အမှန် ဖြစ်ပါတယ်။ ဒါကြောင့် အသက်ရှင်နေတဲ့ နှစ်အနည်းငယ်အတွင်းမှာ အမေနဲ့ ပျော်စရာ အချိန်တွေ ရှိထားတာက အမေ မရှိတော့တဲ့အခါ နောင်တရတာမျိုး နည်းပါးသွားစေနိုင်ပါတယ်။

Kham

sponsored