Lee Jae Wook ရဲ့ ရုပ်ရှင်တွေကို ကြည့်သင့်တဲ့ အကြောင်းပြချက် (၅) ချက်

IG/dodosolsollalasolofficial
Sponsored

သရုပ်ဆောင် Lee Jae Wook ကတော့ လက်ရှိ ထုတ်လွှင့်ပြသနေဆဲ ဖြစ်တဲ့ dodosolsollalasol ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ အနုပညာသက်တမ်း နှစ်နှစ်ပဲ ရှိသေးပေမယ့် သူ့သရုပ်ဆောင်နိုင်စွမ်းကတော့ အံ့မခန်းပါပဲ။ အသက်ကလည်း ၂၂ နှစ်ပဲ ရှိသေးပြီး သူ့ရဲ့ ရုပ်ရှင်တွေကလည်း ဒီအကြောင်းပြချက်တွေနဲ့ ပြည့်စုံနေလို့ လုံးဝ ကြည့်သင့်ပါတယ်လို့ soompi ကနေ အခုလို ဖော်ပြထားခဲ့ပါတယ်။

၁။ ရုပ်ရည်

Sponsored

သူ့ရဲ့ ရုပ်ရည်က တစ်မျိုး ဆွဲဆောင်မှု ရှိတဲ့ ရုပ်ရည်လို့ ပြောရမှာပါ။ ချောတယ်လို့ ဆိုလို့ မရပေမယ့် ဆွဲဆောင်မှု ရှိတဲ့ ရုပ်ရည်လို့ သတ်မှတ်လို့ ရပါတယ်။ မျက်နှာ အနေအထားက ထူးခြားမှု ရှိနေတဲ့သူလည်း ဖြစ်ပါတယ်။

 

View this post on Instagram

 

HIGH CUT

A post shared by 이재욱 (@jxxvvxxk) on

၂။ ကျရာဇာတ်ရုပ်ကို ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်မှု

မတူညီတဲ့ ဇာတ်ရုပ်တွေကို သရုပ်ဆောင်ခဲ့ဖူးပြီး ဇာတ်ရုပ်တိုင်းမှာ ကွက်တိ ဖြစ်နေအောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ Search: WWW ဇာတ်လမ်းတွဲမှာလည်း Seol Ji Hwan ဇာတ်ရုပ်နဲ့ အပြစ်ကင်းစင်တဲ့ မျက်နှာပုံစံနဲ့ သရုပ်ဆောင်ခဲ့ပါသေးတယ်။

READ
နားလည်ရအခက်ဆုံး ရာသီခွင်(၄)ခု

 

၃။ ဘယ်သူနဲ့မဆို အတွဲညီတယ်

သူကတော့ အခုမှ ၂၂ နှစ်ပဲ ရှိသေးလို့ ငယ်သေးတယ်လို့ ပြောလို့ ရပါတယ်။ သူနဲ့  တွဲဖက်သရုပ်ဆောင်ရတဲ့ သရုပ်ဆောင်တိုင်းနဲ့ လိုက်ဖက်ညီအောင် သရုပ်ဆောင်နိုင်ပါတယ်။ အသက်ကွာဟမှုတွေ ရှိနေပေမယ့်လည်း သူကတော့ အတွဲညီညီ သရုပ်ဆောင်နိုင်ပါတယ်။ လက်ရှိမှာလည်း သူ့ထက် ၈ နှစ် အသက်ကြီးတဲ့ သရုပ်ဆောင် Goo Ara နဲ့ အတူ လိုက်ဖက်ညီစွာ dodosolsollalasol ဇာတ်လမ်းတွဲကို ရိုက်ကူးထားပါတယ်။

READ
အကြိုက်ဆုံးပုံလေး တစ်ပုံကို ရွေးပြီး သင်ဟာ ဘယ်လိုလူမျိုးလဲဆိုတာ ကြည့်လိုက်ပါဦး....

 

၎။ သီချင်းဆိုကောင်းတယ်

သီချင်းဆိုတာကို နှစ်သက်သူ ဖြစ်ပြီး အဆိုကောင်းပါတယ်။ သူ့မှာ ထူးခြားတဲ့ အသံလေး ရှိပြီး တကယ့်ကို နားထောင်လို့ ကောင်းပါတယ်။

၅။ ထူးခြားတဲ့ ရုပ်ရည်

သူ့ရဲ့ ရုပ်ရည် အသွင်အပြင်ကတော့ တကယ့်ကို ထူးခြားပါတယ်။ သရုပ်ဆောင်တွေမှာ ဆန့်ကျင်ဘက် ဇာတ်ရုပ်တွေအဖြစ် ပြောင်းလို့ မရတဲ့ ရုပ်ရည် ပိုင်ရှင်တွေ ရှိနေပေမယ့် သူကတော့ ဆိုးတဲ့ဇာတ်ရုပ်ဖြစ်စေ၊ ကောင်းတဲ့ ဇာတ်ရုပ်ဖြစ်စေ သူ့ရုပ်ရည်က လိုက်ဖက်မှု ရှိနေပါတယ်။

Kham

 

sponsored