ကလေးတွေရှေ့မှာ အပြောအဆို၊ အပြုအမူ ဆင်ခြင်သင့်ကြောင်း ဖော်ပြနေတဲ့ အချက်များ

Photo by samer daboul from Pexels
Sponsored

လူတွေရဲ့ သင်ကြားမှုမှာ အတွေ့အကြုံကနေ သင်ယူလာရတာလည်း အဓိကအချက်အနေနဲ့ ပါ,ပါတယ်။ မီးဟာ ပူတယ်လို့ မိဘတွေက သတိပေးပေမယ့် ကိုယ်တိုင် မီးအပူကို တွေ့ကြုံဖူးမှ မီးဟာ ပူတယ်လို့ စွဲမြဲသွားတာမျိုးပါ။ ကလေးတွေဟာ ငယ်ရွယ်စဉ်မှာ ကျောင်းပညာရေးနဲ့ စာအုပ်တွေကနေတဆင့် လောကကြီးအကြောင်း သင်ယူရတာထက် သူတို့နဲ့ ထိစပ်ပတ်သက်နေတဲ့ လူတွေ၊ ပတ်ဝန်းကျင်တွေကနေ တွေ့ကြုံပြီး သင်ယူကြရတာများပါတယ်။ အရာရာကို အတတ်စမ်းချင်၊ သိချင်ကြတဲ့ ကလေးတွေအနေနဲ့ သူတို့ပတ်ဝန်းကျင်က ပြုမူပြောဆိုပုံတွေကို တွေ့ကြုံမှတ်သားပြီး ပြန်ပြောလေ့၊ ပြုမူလေ့ရှိကြပါတယ်။ ဒါကြောင့် ကလေးတွေရှေ့မှာ အပြောအဆို၊ အပြုအမူ ဆင်ခြင်သင့်တဲ့အကြောင်းတွေကို ပြောပြသွားပေးပါမယ်နော်။

(၁) အတုခိုးလွယ်တယ်

Sponsored

စူးစမ်းတတ်စ ကလေးတွေအနေနဲ့ သူတို့ တွေ့ကြုံရတဲ့ လူတွေရဲ့ အပြုအမူ၊ အပြောအဆိုတွေကို အတုခိုးလွယ်ကြပါတယ်။ သူတို့ရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုအရ ကောင်းတယ်၊ မကောင်းဘူး စဉ်းစားဆုံးဖြတ်နိုင်စွမ်းရှိကြတဲ့ အရွယ် မဟုတ်တာကြောင့် လူကြီးတွေက ပိုပြီး သတိထားရပါမယ်။ ဒါကြောင့် ကိုယ့်ရဲ့ မကောင်းတဲ့ အပြုအမူ၊ အပြောအဆိုတွေကို ကလေးတွေရှေ့မှာ မလုပ်သင့်ပါဘူး။

READ
ကလေးချစ်တတ်တဲ့သူတွေက အင်မတန် စိတ်နှလုံးသား နူးညံ့လွန်းတဲ့သူတွေပါ ....
Pixabay/Pexels

(၂) စွဲမြဲအောင် မှတ်သားထားကြတယ်

ကလေးတွေဟာ သူတို့ ကြုံရတဲ့အရာတွေ၊ ကြားရတဲ့ စကားတွေကို စွဲမြဲအောင် မှတ်သားထားတတ်ကြပါတယ်။ ဥာဏ်ရည်ဖွံ့ဖြိုးစ အချိန်လည်း ဖြစ်သလို အကြောင်းအရာအများကြီးလည်း မမှတ်သားရသေးတဲ့အတွက် သူတို့ ကြားရတဲ့၊ ကြုံတွေ့ရတဲ့ အကြောင်းအရာတွေကို စွဲမြဲအောင် မှတ်သားနိုင်စွမ်း ရှိကြပါတယ်။ ဒါကြောင့် ငယ်ငယ်က  ကြုံရတဲ့ စိတ်ဒဏ်ရာက တစ်သက်လုံး အနာတစ်ခုလို စွဲမြဲနေတတ်ခြင်း ဖြစ်ပါတယ်။

(၃) အကျင့်ဖြစ်လွယ်တယ်

ငယ်ကအကျင့် ကြီးရင် ပြင်ရခက်တယ်ဆိုတာ ကြားဖူးကြမယ် ထင်ပါတယ်။ ငယ်ငယ်ကတည်းက ဆဲဆိုတတ်ရင် ကြီးတဲ့အထိ အကျင့်ပါသွားတတ်ပါတယ်။ ကလေးတွေရှေ့မှာ အပြောအဆို မဆင်ခြင်ဘဲ ဆဲဆိုလိုက်တာကြောင့် ကလေးက မှတ်သားထားပြီး ဆဲဆိုတတ်တဲ့ အကျင့်ရသွားနိုင်ပါတယ်။

Photo by Valeria Ushakova from Pexels

(၄) မကောင်းတာကို ပိုသဘောကျလွယ်တတ်ကြတယ်

READ
ကလေးတွေနဲ့ပတ်သက်ပြီး မေမေတို့ လုံးဝစွန့်လွှတ်သင့်နေတဲ့ အယူအဆဟောင်း (၇)ခု

ကလေးရှေ့မှာ ဆေးလိပ်သောက်တာတို့၊ အရက်သောက်တာတို့ လုပ်ခြင်းကိုလည်း ဆင်ခြင်သင့်ပါတယ်။ လက်တည့်စမ်းလိုတဲ့ အကျင့်ရှိတဲ့ ကလေးတွေအနေနဲ့ ဒီအရာတွေကို လက်တည့်စမ်း လုပ်ဖို့ လွယ်တာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် အပြုအမူကြမ်းတမ်းခြင်း ငေါက်ငမ်းခြင်းကလည်း ကလေးတွေအတွက် အတုယူမိတတ်လို့ သတိထားသင့်ပါသေးတယ်။

(၅) မှားယွင်းတဲ့ သူရဲကောင်းဝါဒရှိတတ်ကြတယ်

ကလေးတွေဟာ ဘယ်သူ့ကို အားကျသင့်တယ်၊ ဘယ်သူရဲ့ လုပ်ရပ်က ကောင်းတယ်ဆိုတာကို မှန်မှန်ကန်ကန် မစဉ်းစားနိုင်ကြပါဘူး။ ကာလသားအရွယ် လူကြီးတစ်ယောက်က စွာကျယ်စွာကျယ် လုပ်တတ်တာမျိုး၊ ရန်ကျယ်တာမျိုး လုပ်တဲ့အခါ ဒီလူကတော့ ဆရာကျတယ်ဆိုပြီး အလွဲအမှား အားကျတတ်ကြပါတယ်။ အဲ့လို အကျင့်မျိုး ရှိကြတဲ့သူတွေကို သူတို့ရဲ့ idol လို့ ထင်မှတ်သွားတတ်ကြပါတယ်။

Kham

sponsored