ညအိပ်ရာမဝင်ခင်တိုင်း နွားနို့တစ်ခွက်သောက်သုံးခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးများ

shutterstock/ Dean Drobot
Sponsored

အဟာရပြည့်ဝတဲ့ နွားနို့ဟာ အရိုးအဆစ်တွေကို သန်မာစေပြီး ကြီးထွားမှုကို အထောက်အကူဖြစ်စေတဲ့အတွက် ကလေးလေးတွေကနေစလို့ လူကြီးတွေအထိ သောက်သုံးပေးသင့်တဲ့ အရာပါ။ အိပ်ရာမဝင်ခင် နို့တစ်ခွက်သောက်ပေးတာက များစွာသော အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

ကောင်းမွန်စွာ အိပ်စက်စေနိုင်တယ်

shutterstock/Supagrit Ninkaesorn

လေ့လာတွေ့ရှိချက်တွေအရ ညအိပ်ရာမဝင်ခင် နို့တစ်ခွက်သောက်တာဟာ ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။ နွားနို့မှာ tryptophan နဲ့ melatonin  ဓာတ်တို့ပါဝင်တဲ့အတွက် မြန်မြန်ဆန်ဆန် အိပ်ပျော်စေနိုင်သလို နှစ်ခြိုက်စွာ အိပ်စက်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ကနေ စိတ်ခံစားမှု ကောင်းမွန်မှုကို ထုတ်လွှတ်ပေးပြီး အေးဆေးသက်သာစွာ အနားယူအိပ်စက်နိုင်စေပါတယ်နော်။

ဝိတ်ကျစေနိုင်တယ်

shutterstock/ New Africa
Sponsored

ညအိပ်ရာမဝင်ခင် နို့တစ်ခွက်သောက်တတ်တဲ့ အလေ့အထဟာ ဝိတ်ကို ကျစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေဟာ ကောင်းမွန်စွာ အိပ်မပျော်နိုင်တဲ့အခါ ဝိတ်ပိုတက်လေ့ရှိပါတယ်။ နောက်ပြီး နွားနို့က ပရိုတိန်းဓာတ်ကြွယ်ဝတဲ့အတွက် ညဘက် ဗိုက်ဆာတဲ့အချိန်မှာ ဝိတ်လည်း မတက်စေပဲ သောက်သုံးဖို့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

READ
ခေါင်းမခြောက်ဘဲ အိပ်လိုက်မိတဲ့အခါ ဖြစ်လာမယ့် မနှစ်မြို့ဖွယ်ရာ ဆိုးကျိုး (၇) မျိုး

ကြွက်သားတွေကို သန်မာစေတယ်

shutterstock/Supagrit Ninkaesorn

နွားနို့မှာပါဝင်တဲ့ ပရိုတန်းဓာတ်ကို ကစီဓာတ်လို့ခေါ်ပြီး လေ့လာတွေ့ရှိချက်တွေအရ ညအိပ်မရာမဝင်ခင် နို့သောက်ခြင်းက ကြွက်သားတွေကို ပိုသန်မာလာစေပါတယ်။ ဒါပေမယ့် သတိထားရမှာက တစ်ခါတစ်လေမှာ လေပွတာ၊ ဗိုက်နာတာတွေ အခန့်မသင့်ရင် ဖြစ်တတ်လို့ သန့်ရှင်းလတ်ဆတ်တဲ့ နွားနို့ကို သောက်သုံးဖို့ လိုအပ်ပါတယ်နော်။

ညဘက် ဗိုက်ဆာတတ်တဲ့ ပြသနာကို ဖြေရှင်းနိုင်တယ်

shutterstock/ Stokkete

တစ်ခါတစ်လေမှာ ညစာကို စောစားမိတဲ့ နေ့မျိုးမှာ ညဘက် ဗိုက်ဆာတာမျိုးတွေ ဖြစ်တတ်ပြီး ကောင်းကောင်းအိပ်မရတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ နွားနို့က အကောင်းဆုံးပါပဲ။ နွားနို့မှာ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့အတွက် ညအိပ်ရာမဝင်ခင် သောက်ခြင်းက အိပ်စက်နေချိန် ဗိုက်ဆာခြင်း ပြသနာကို ဖြေရှင်းပြီးသား ဖြစ်စေပါတယ်။

Khin

sponsored