မောင်နှမတွေကြား အမှတ်မထင်ဘဲ လက်ဆောင်လေးတွေဘာလို့ပေးသင့်တာလဲ?

Shutterstock/Galina Zhigalova
Sponsored

လက်ဆောင်ဆိုတာက ကိုယ်ချစ်ရတဲ့ မြတ်နိုးရတဲ့သူတွေကို ပေးတတ်ကြတာပါ။ ဒါ့အပြင် အမှတ်တရအဖြစ် လူမှုရေးအရ ပေးတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါပေမဲ့ မောင်နှမတွေမှာတော့ ဝယ်ပေးတာတွေ ပူဆာတာတွေ ရှိတတ်ပေမဲ့ တကူးတက လက်ဆောင်ရယ်လို့ ပေးကြတာ ရှားပါတယ်။ တကယ်တော့ မောင်နှမတွေက တစ်ယောက်နဲ့ တစ်ယောက်ချစ်ကြသလိုပဲ လက်ဆောင်တွေ ပေးသင့်ပါတယ်။ လိုအပ်တာတွေ ဝယ်ပေးနေတာပဲ ဆိုပေမဲ့ လက်ဆောင်ပေးတာကတော့ ထူးခြားပါတယ်။ ဘာကြောင့် ထူးခြားလဲဆိုရင် ဒီအချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။

(၁) အမှတ်တရ ဖြစ်စေတယ်

Sponsored

မောင်နှမတွေဆိုတာ အကြီးကနေ အငယ်အထိ အဝတ်အစားတွေကို အစဉ်လိုက် ဝတ်ကြရသလို တစ်ယောက်နဲ့ တစ်ယောက် ဝယ်ပေးတဲ့အခါလည်း ပုံမှန်ပဲ သမားရိုးကျ မထူးဆန်းသလို ဖြစ်နေတတ်ပါတယ်။ မောင်နှမချင်း ရင်းနှီးတာမို့ လုပ်နေကျ အရာတွေလို ဖြစ်နေပြီး မထူးခြားတာ ဖြစ်ပါတယ်။ သူ လိုအပ်နေတာ လိုချင်နေတာကို မှတ်ထားပြီး သူရဲ့ အမှတ်တရဖြစ်မယ့်နေ့တစ်ခုခုမှာ လက်ဆောင်ပေးတာမျိုးက ကိုယ့်ရဲ့မောင်နှမဖြစ်သူက ဘယ်တုန်းက လက်ဆောင်ပေးထားတာဆိုပြီး အမှတ်တရ ဖြစ်နေစေမှာပါ။ သူ့အတွက် ထူးခြားစေတဲ့ လက်ဆောင်တစ်ခုလို ခံစားရစေမှာပါ။

READ
တီးတိုးဖော် သူငယ်ချင်းကောင်းရှိခြင်းက ဒီလိုကောင်းကျိုးတွေ ရစေနိုင်ပါတယ်
Shutterstock/MAD_Production

(၂) ပိုပြီး ချစ်ခင်စေတယ်

မောင်နှမတွေက တစ်ယောက်နဲ့ တစ်ယောက် မပြောကြပဲ ချစ်ကြတာပါ။ ရန်တွေ ဖြစ်နေကြပေမဲ့ မတည့်တာတွေ ရှိနေပေမဲ့လည်း ချစ်နေကြတာတော့ မောင်နှမတွေပဲ ဖြစ်ပါတယ်။ ကိုယ်သာ အနိုင်ကျင့်မယ် ကိုယ့်မောင်နှမကို သူများက လာအနိုင်ကျင့်တာမျိုးကို လုံးဝ သည်းမခံနိုင်တဲ့သူတွေပါ။ ဒီလို ချစ်ကြပေမယ့် နောက်ထပ် အချစ်တွေ တိုးပြီး ပိုပို ချစ်ဖို့ဆို လက်ဆောင်ပေးတာက အကောင်းဆုံးပါ။ ပေးတဲ့သူကလည်း ပီတိနဲ့ ပျော်ပြီး အချစ်ပိုရသလို ရတဲ့သူကလည်း ကိုယ့်ကို အခုလို သတိတရနဲ့ ချစ်ပေးလို့ ပိုပိုပြီး ချစ်သွားစေမှာပါ။ မောင်နှမတွေ အချစ်တိုးစေမယ့် နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်နော်။

(၃) တစ်ဘဝလုံး သတိတရ ရှိနေစေတယ်

မောင်နှမတွေက အတူကြီးပြင်းခဲ့ကြတာမို့ တစ်သက်လုံး ပြောမကုန်တဲ့ အကြောင်းတွေ ရှိနေတတ်ပါတယ်။ ငယ်ဘဝမှာ ရန်ဖြစ်တာတွေ အားနည်းချက်တွေ စသဖြင့် ဒေါက်ဖြုတ်နိုင်တဲ့ နှစ်ယောက်မရှိတဲ့သူကတော့ ကိုယ့်ရဲ့ မွေးချင်း မောင်နှမတွေပဲ ဖြစ်ပါတယ်။ ဒီလို သတိရနေစေပေမယ့် နောက်ထပ် ရင်ထဲထိ သတိတရရှိနေစေမယ့် အရာကတော့ လက်ဆောင်ပဲ ဖြစ်ပါတယ်။ ကိုယ့်ကို သတိတရ ချစ်နေပေးတာကို ပေါ်လွင်စေတဲ့အရာဖြစ်လို့ အမြဲ သတိတရနဲ့ တစ်ဘဝလုံးမှာ တိုက်ဆိုင်တိုင်း သတိရနေစေမှာ ဖြစ်ပါတယ်။

READ
စွန့်ပစ်ခံခွေးလေးတစ်ကောင် မွေးစားလိုက်တဲ့ BLACKPINK’s Rose
Shutterstock/Dragon Images

(၄) တန်ဖိုးထားမှုကို ပြရာ ရောက်တယ်

မောင်နှမတွေက တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးလွန်းတဲ့အခါ တစ်ယောက်ကို တစ်ယောက် တန်ဖိုးထားတယ်ဆိုတာမျိုးကို မေ့လျော့ပြီး သတိမထားမိတတ်ကြပါဘူး။ ဒါကြောင့် တစ်ယောက်ကို တစ်ယောက် တန်ဖိုးထားကြောင်းကို သိသာပေါ်လွင်စေတဲ့ အရာကတော့ လက်ဆောင်ပေးခြင်းပဲ ဖြစ်ပါတယ်။ လက်ဆောင်ပေးတဲ့အခါ သူလိုအပ်နေတဲ့ လိုချင်နေတဲ့ ပစ္စည်းကို ပေးတာ ဖြစ်တာကြောင့် သင် သူ့ကို ဘယ်လောက် အလေးထားတန်ဖိုးထားကြောင်းကို သင့်မောင်နှမတွေကို သိစေတာမို့ တန်ဖိုးရှိစေတဲ့ လက်ဆောင်တစ်ခု ဖြစ်သွားစေပါတယ်။

ဒါကြောင့်မို့ မောင်နှမချင်း လက်ဆောင်ပေးခြင်းဖြင့် ချစ်ခြင်းမေတ္တာတွေကို ပိုပိုတိုးနိုင်ကြပါစေနော်…။

Kham

sponsored