အိပ်မောကျခါနီးမှာ ခန္ဓာကိုယ်က အလိုလို ဆတ်ခနဲ ဖြစ်သွားလေ့ရှိတာ ဘာကြောင့်လဲ …

Image:freepik.com/drobotdean
Sponsored

အိပ်မောကျခါနီး အချိန်မှာ ခန္ဓာကိုယ်က ဆတ်ခနဲ၊ သိမ့်ခနဲ ဖြစ်သွားတဲ့ ခံစားချက်မျိုးကို ခံစားဖူးလား။ တကယ်တော့ ဒီလို ဖြစ်ရခြင်းက ကြွက်သားတွေ လှုပ်ရှားခြင်းကြောင့် ဖြစ်တယ်လို့ ပညာရှင်တွေရဲ့ လေ့လာချက်တွေက ဖော်ပြနေပါတယ်။ နောက်ပြီး ဒီလိုဖြစ်ရခြင်းက အခုဖော်ပြမယ့် အကြောင်းအရာတွေကြောင့်ပါ။

အိပ်တစ်ဝက် နိုးတစ်ဝက် အခြေအနေ

jcomp/Freepik

လူတွေဟာ နိုးနေတဲ့အချိန်မှာ ဦးနှောက်က လုပ်ဆောင်မှုတွေကို ဆက်လက်လုပ်ဆောင်နေပြီး လူတွေရဲ့ နိုးကြားတဲ့ အသိစိတ်ကို ဖြစ်စေနိုင်ပါတယ်။ နောက်တစ်ခုကတော့ အိပ်စက်အနားယူချိန်မှာ ဦးနှောက်က လုပ်ဆောင်မှု အားလုံးကို ပိတ်ချလိုက်ပြီး လူတွေကို အနားယူစေတာပါ။ ဒါပေမယ့် ဒီလို အခြေအနေရဲ့ ကြားအခြေအနေဖြစ်တဲ့ နိုးတစ်ဝက် အိပ်တစ်ဝက် အခြေအနေမှာ အဖွင့်အပိတ် စနစ်ကို သေချာမလုပ်ဆောင်နိုင်လိုက်တဲ့အတွက် အိပ်နေတဲ့အချိန် အသိစိတ်ကနေ လှုံဆော်မှုကြောင့် ခန္ဓာကိုယ် ဆတ်ခနဲ ဖြစ်သွားစေတာ ဖြစ်ပါတယ်။

READ
ပန်းအိုးထိုးတဲ့အခါ ပန်းတွေတာရှည်ခံဖို့ ပြုလုပ်သင့်တဲ့ နည်းလမ်းကောင်းလေးတွေ

အိပ်မက်နဲ့ လက်တွေ့ ထိန်းချုပ်မှုကြောင့်

Freepik- drobotdean
Sponsored

အိပ်နေတဲ့အချိန်မှာ ခန္ဓာကိုယ် ဆတ်ခနဲ ခံစားသွားရခြင်း နောက်တစ်ချက်က ဦးနှောက်ကနေပြီး အိပ်မက်နဲ့ လက်တွေ့အခြေအနေကို ထိန်းချုပ်ခြင်းကြောင့် ဖြစ်လာရတာပါ။ ဥပမာ- အိပ်မက်ထဲမှာ ဘောလုံးကန်နေတယ်လို့ မြင်မက်တဲ့အချိန်မှာ အပြင်မှာလည်း တကယ့်ကို ကန်လိုက်မိတာမျိုး။ ဒါဟာ ဦးနှောက်က ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ အခြေအနေမှာသာ ရှိနေတာကြောင့် ဖြစ်ပါတယ်။

စိတ်ဖိစီးမှုကြောင့်

Freepik- wirestock

အိပ်စက်နေတဲ့ အချိန်မှာ ခန္ဓာကိုယ်က ဆတ်ခနဲ ဖြစ်သွားရခြင်း နောက်တစ်ချက်က စိတ်ဖိစီးမှု များနေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ လူဟာ စိတ်ဖိစီးမှုများနေတဲ့အခါ ခန္ဓာကိုယ်က ထိန်းချုပ်နိုင်စွမ်း မေ့လာတတ်ပါတယ်။ ဒီလိုကြောင့် အိပ်မပျော်ခြင်းတွေနဲ့ အိပ်ပျော်သွားသည့်တိုင်အောင် ခန္ဓာကိုယ်က ဆတ်ခနဲခံစားရပြီး လန့်နိုးလာတတ်တာမျိုး ဖြစ်တတ်တာပါ။

READ
သင် လုံးဝမမျှော်လင့်ထားတဲ့ အကျင့်တွေကနေ ရနိုင်တဲ့ ကောင်းကျိုးလေးတွေ

Khin

 

 

sponsored