ကောင်မလေးတွေက ဘာလို့ အရပ်ရှည်တဲ့ကောင်လေးတွေကို ကြိုက်ကြတာလဲ

shutterstock/ Hrecheniuk Oleksii
Sponsored

မိန်းကလေးတွေကို ဘယ်လိုချစ်သူပုံစံမျိုးလိုချင်လဲလို့ မေးလိုက်ရင် တော်တော်များများက အရပ်ရှည်တဲ့သူလို့ ဖြေတတ်ကြပါတယ်။ မိန်းကလေးတွေဟာ အရပ်ပုတဲ့ ယောကျာ်းလေးထက် အရပ်ရှည်တဲ့ သူကို ပိုစိတ်ဝင်စားကြပါတယ်။ ဘာကြောင့် မိန်းကလေးတွေက အရပ်ရှည်တဲ့ ယောကျာ်းလေးကို ပိုစိတ်ဝင်စားတတ်ကြသလဲ။ ဘာကြောင့်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

စမတ်ကျလို့

shutterstock/ gpointstudio

ယောကျာ်းလေးတစ်ယောက်ဟာ ရုပ်လှဖို့ထက် အရပ်ရှည်ဖို့က အဓိကလို့ပြောရင် မမှားလောက်ပါဘူးနော်။ အရပ်ရှည်တဲ့ ယောကျာ်းလေးတွေက ရုပ်မချောရင်တောင် ကြည့်ကောင်းပါတယ်။ သူတို့တွေဟာ တစ်ခြားအမျိုးသားတွေထက် ပိုစမတ်ကျပြီး ဆွဲဆောင်မှုရှိတဲ့ အတွက်ကြောင့် မိန်းကလေးအများစုက အရပ်ရှည်တဲ့ ယောက်ျားလေးတွေကို ပိုစိတ်ဝင်စားတတ်ကြတာ ဖြစ်ပါတယ်။

ယောကျာ်းပီသလို့

Sponsored

အရပ်ရှည်တဲ့ အမျိုးသားတွေဟာ ပိုစမတ်ကျသလို ယောကျာ်းပီသတယ်လို့ မြင်ရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဘာဝတ်ဝတ်ကြည့်ကောင်းနေတတ်ပြီး ဆွဲဆောင်မှုရှိတဲ့ ခြေလှမ်းကျဲကြီးတွေကို ပိုင်ဆိုင်ထားကြသူတွေဖြစ်လို့ ရဲဝံ့ပြီး ယောကျာ်းပိုပီသတဲ့ ပုံစံပေါ်လွင်စေတာကြောင့် ဖြစ်ပါတယ်။

READ
ငယ်ငယ်ရွယ်ရွယ်နဲ့ NYX ကို ထူထောင်ပြီး Cosmetics လောကကို ကိုင်လှုပ်ခဲ့တဲ့ အမျိုးသမီး

အားကိုးချင်စရာ ကောင်းလို့

shutterstock/ interstid

အရပ်ရှည်တဲ့ ယောကျာ်းလေးတွေက မိန်းကလေးတွေအတွက်တော့ အားကိုးချင်စရာ ကောင်းတဲ့သူတွေပါ။ ပစ္စည်းတွေ မမှီမကမ်းတဲ့ အချိန်၊ လူကြားထဲရောက်နေတဲ့ အချိန်မျိုးမှာ သူ့ရဲ့ အရပ်ရှည်ရှည်ကြီးက ကိုယ့်အတွက် အားကိုးချင်စရာ ဖြစ်နေတတ်ပါတယ်။ နောက်ပြီး မိန်းကလေးတွေက ကိုယ့်အတွက် ရင်ခွင်မှီဖြစ်မယ့် အရပ်မျိုးကို နှစ်သက်ကြတဲ့ အတွက်ကြောင့်ပါ။

လုံခြုံမှုပေးနိုင်တယ်လို့ ခံစားရလို့

လေ့လာတွေ့ရှိချက်တွေအရ အရပ်ပုတဲ့ ယောကျာ်းလေးတွေထက် အရပ်ရှည်တဲ့ သူတွေက ပိုပြီး လုံခြုံမှုပေးနိုင်သလို ခံစားစေတယ်လို့ ပြောကြပါတယ်။ စိတ်ပိုင်းဆိုင်ရာအရ  ကိုယ့်ထက် အရပ်ရှည်တဲ့ သူဟာ ကိုယ့်ကို ပိုလုံခြုံစေတယ်လို့ ခံစားရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ မိန်းကလေးတွေက အားကိုးတတ်ပြီး စိတ်ပျော့လွယ်တဲ့သူတွေဖြစ်လို့ သူတို့ရဲ့စိတ်ကို လုံခြုံမှုပေးနိုင်တဲ့ အရပ်ရှည်တဲ့ ယောကျာ်းလေးတွေကို ပိုသဘောကျတတ်ကြတာ ဖြစ်ပါတယ်။

READ
ချစ်သူကို အသည်းနင့်အောင်ချစ်တဲ့ ယောက်ျားလေးတွေရဲ့ အပြုအမူ(၅) မျိုး

Khin

 

sponsored