ပညာရပ်တစ်ခု သင်ကြားတဲ့အခါ သူများတွေထက် တိုးတက်မှုနည်းနေရတဲ့ အကြောင်းအရင်းများ

shutterstock/Nutlegal Photographer
Sponsored

လူတစ်ယောက်နဲ့ တစ်ယောက်က သင်ကြားနိုင်စွမ်း စွမ်းရည်တွေ မတူညီကြပါဘူး။ တစ်ချို့လူတွေက ဆရာသင်လိုက်တဲ့စာကို ပြန်ကြည့်စရာတောင် မလိုပဲ အကုန်လုံးကို မှတ်မိနေတတ်ကြပါတယ်။ တစ်ချို့လူတွေကျပြန်တော့ တစ်ခြားလူတွေလောက် တိုးတက်မှုမရှိပဲ နောက်ကျကျန်နေခဲ့တာဖြစ်ပြီး ဒီလို ဖြစ်ရတဲ့ အကြောင်းအရင်းတွေက ဒါတွေကြောင့် ပါနော်။

အာရုံစူးစိုက်မှု မရှိလို့

shutterstock/Branislav Nenin

ဘယ်ဘာသာရပ်ပဲသင်သင် အဓိကအရေးအကြီးဆုံးက အာရုံစူးစိုက်မှုပါ။ ဒါက အတတ်မြန်တဲ့သူနဲ့ သင်ကြားမှု နှေးကွေးသူတို့ရဲ့ ကွာဟချက်ဖြစ်လာရတဲ့ အဓိက main point ပဲ ဖြစ်ပါတယ်။ ဆရာသင်ကြားနေတဲ့အချိန်မှာ သေချာအာရုံစိုက်ပြီး နားထောင်တဲ့သူက စာကို ခဏလေးပြန်ကြည့်လိုက်ရုံနဲ့ မှတ်မိသွားတတ်ပေမယ့် သင်နေတဲ့အချိန်မှာ အာရုံစူးစိုက်မှုအားနည်းတဲ့သူကတော့ အချိန်ပေးပြီး စာကြည့်ရင်တောင် နားလည်ရခက်နေတတ်ပါတယ်။ ဒါဟာ သင်ကြားမှုမှာ အားနည်းရတဲ့ အချက်ပါပဲ။

READ
အနုပညာသက်တမ်း နှစ်နှစ်တောင် မပြည့်သေးတဲ့ Itaewon Class ထဲက မင်းသားချောလေး 

စိတ်ဝင်စားမှုနဲ့ ယုံကြည်မှု အားနည်းလို့

shutterstock/Bojan Milinkov
Sponsored

နောက်ထပ်အရေးကြီးတဲ့အချက်က ယုံကြည်မှုပဲ ဖြစ်ပြီး ကိုယ်သင်ကြားတဲ့ ဘာသာရပ်ကို တတ်မြောက်ဖို့ ယုံကြည်မှုရှိရပါမယ်။ ငါဖြစ်အောင်လုပ်မယ်၊ တတ်အောင်သင်မယ်ဆိုတဲ့ စိတ်နဲ့ စိတ်ဝင်တစား သင်ယူမယ်ဆိုရင်တော့ အတတ်မြန်တဲ့သူတစ်ယောက် ဖြစ်လာစေမှာပါ။ တကယ်တော့ ယုံကြည်မှုလည်း မရှိဘူး၊ စိတ်ဝင်စားမှုလည်းနည်းတယ်ဆိုရင်တော့ သင်ဟာ သူများထက် တိုးတက်မှုနှေးကွေးနေပါလိမ့်မယ်။

ခက်ခဲမှုတွေကို မကြိုက်လို့

shutterstock/DMITRII SIMAKOV

တော်တော်များများက ဘာသာရပ်သစ်တစ်ခုကို သင်ယူတဲ့အခါ အားလုံး ချောချောမွေ့မွေ့ သက်တောင့်သက်သာနဲ့ အဆင်ပြေမယ်ဆိုပြီး ထင်ထားတတ်ကြပေမယ့် တကယ်တမ်း လက်တွေ့မှာတော့ အခက်အခဲတွေဆိုတာ တွေ့ရတတ်တာပါပဲ။ ကိုယ်မသိတဲ့ ပညာရပ်မှာ အခက်အခဲလေးတွေနဲ့ ကြုံရတဲ့အခါ အဲဒီ့ဘာသာရပ်ကို စိတ်မဝင်စားပဲ ဆက်လက်သင်ယူချင်စိတ်မရှိတော့တာမျိုး ဖြစ်လာတတ်ပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကို သင်ယူမှု နှေးကွေးအောင် လုပ်လိုက်မိတဲ့ အချက်ပဲ ဖြစ်ပါတယ်။

READ
ပထမဆုံးအကြိမ် အချစ်ဟာသဇာတ်ကား ရိုက်ကူးမယ့် Lee Jong Suk

လေ့လာမှု အားနည်းလို့

shutterstock/ ZephyrMedia

တစ်ချို့လူတွေကျပြန်တော့ ပြန်လေ့လာရမှာကို မကြိုက်တတ်ကြပါဘူး။ သင်ယူတဲ့အချိန်မှာတော့ သင်လိုက်တာပဲ ပြီးရင် နောက်ထပ် လေ့လာတာတွေလည်း မလုပ်ဘူး၊ သင်ပြီးသားတွေ ပြန်ကြည့်တာမျိုးလည်း မလုပ်တဲ့အခါမှာ အဲဒီ့ဘာသာရပ်သစ်ဟာ ထင်ထားသလောက် အတတ်မမြန်ပဲ နှေးကွေးနေတတ်တာပဲ ဖြစ်ပါတယ်နော်။

Khin

sponsored