ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး ရုန်းကန်တတ်မှ ဘဝက ပိုအဓိပ္ပာယ် ရှိပါတယ် …

shutterstock/Diana Indiana
Sponsored

တစ်ချို့လူတွေက ဘဝကို  အလိုက်သင့်မျောလိုက်ရတာကြိုက်ပြီး တစ်ချို့လူတွေကျပြန်တော့ ဘဝမှာ စိန်ခေါ်မှုတွေ၊ စွန့်စားမှုတွေနဲ့ ကြိုးစားနေရမှ  ကြိုက်ကြပါတယ်။ တကယ်တော့ ဘဝဆိုတာ အလိုက်သင့်မျောလိုက်နေတာများလာခဲ့ရင် ဘာမှတိုးတက်မှုမရှိပဲ အဓိပ္ပါယ်တွေ ကွယ်ပျောက်ကုန်ပါလိမ့်မယ်။ ဘဝဆိုတာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး လှုပ်ရှားရုန်းကန်နေမှ ပိုအဓိပ္ပါယ်ပြည့်စုံတယ်ဆိုတာကို ဒီအချက်တွေက ဖော်ပြနေပါတယ်။

ကိုယ့်ဘဝကို စိတ်ကြိုက်ပုံဖော်နိုင်တယ်

shutterstock/Maria Markevich

ကိုယ့်ဘဝကိုသာ ကိုယ်တိုင်မပြုပြင်ဘူးဆိုရင် တစ်ခြားသူတွေက ကိုယ့်ဘဝကို ဝင်ရောက်စွက်ဖက်လာကြမှာပါ။ ဆိုလိုချင်တာကတော့ ကိုယ်က သူများကို မှီခိုနေတဲ့အခါ ကိုယ့်ဘဝက ကိုယ့်စိတ်ကြိုက် မဖြစ်လာနိုင်ပါဘူး။ ဒီတော့ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်လာတဲ့အခါ ဘယ်သူ့ကိုမှ အားကိုးနေစရာ မလိုပါဘူး။ ကိုယ်လိုချင်တဲ့ လမ်းကို ကိုယ်တိုင်ရဲ့ ကြိုးစားမှုနဲ့ လျှောက်လှမ်းလိုက်ရုံပါပဲ။ ဒါဟာ ကိုယ့်ဘဝကို ကိုယ့်စိတ်ကြိုက်ပုံဖော်နိုင်လာတာပါပဲနော်။

သိမ်ငယ်မှုတွေ မရှိဘူး

shutterstock/ Diana Indiana
Sponsored

တစ်စုံတစ်ယောက်ကို မှီခိုနေရတဲ့ ခံစားမှုကို ခံစားဖူးကြရဲ့လား။ ဒီခံစားမှုက အရမ်းကို သိမ်ငယ်စိတ်ပျက်ရစေတယ်ဆိုတာကိုတော့ သူများကို အားကိုးဖူးခဲ့ရတဲ့ သူတိုင်း သိမှာပါ။ ဒီလို တစ်ယောက်ယောက်အပေါ် အားကိုးမှီတွယ်ရတာ များလာတဲ့အခါ ကိုယ့်ကိုယ်ကို အသုံးမကျသူ တစ်ယောက်အဖြစ် ခံစားလာရတတ်ပါတယ်။ ဒါဟာ ဘဝရဲ့ သိမ်ငယ်စိတ်ပျက်မှုရဲ့ အစပါ။ ဒါကြောင့် ကိုယ့်အားကိုယ်ကိုးတတ်အောင် ကြိုးစားပါ။ ဒါဆိုရင်တော့ သင့်ကိုယ်သင် အရေးပါတဲ့သူ တစ်ယောက်အဖြစ် ခံစားလာရမှာ ဖြစ်ပါတယ်။

READ
မိခင်ရဲ့ အကြွေးတွေကြောင့် အောင်မြင်မှု အသီးအပွင့်ကို ခံစားခွင့်မရခဲ့တဲ့ Kim Hye Soo

ကိုယ့်ရဲ့ အရေးပါမှုကို ခံစားရတယ်

shutterstock/Diana Indiana

ရှင်းရှင်းပြောရရင်တော့ အလုပ်မရှိ၊ အကိုင်မရှိတဲ့ လူဆို လူတွေက အထင်ကို မကြီးချင်ကြပါဘူး။ အလကား ၁၀၉၊ ၁၁၀ အလည်လိုက်နေတဲ့သူဆိုပြီး သတ်မှတ်ကြတာ များပါတယ်။ ဒီလိုအခြေအနေမှာ ကိုယ့်ကို လူတွေက အသုံးဝင်တဲ့ သူအဖြစ် မမြင်တတ်ပဲ လူပိုတစ်ယောက်လို သတ်မှတ်တတ်ကြပါတယ်။ တကယ်လို့ အမှီအခိုကင်းကင်း အလုပ်အကိုင်တွေ ကြိုးစားနေတဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ သူဆိုရင်တော့ လူတွေရဲ့ ထင်မြင်ယူဆချက်တွေ၊ အပြုအမူတွေက တစ်မျိုးကို ပြောင်းလဲသွားတတ်တာ အသေအချာပါ။ ဒါဟာ ကိုယ့်ရဲ့ အရေးပါမှုဆိုတာကို ခံစားရစေတဲ့ အချက်ပါပဲ။ ဒါကြောင့် တစ်ခြားသူအပေါ် မမှီခိုပဲ ကိုယ့်အားကိုယ်ကိုးတတ်အောင် ကြိုးစားပါ။

ကိုယ်လုပ်ချင်တာကို လုပ်နိုင်တယ်

shutterstock/Maria Markevich
 ကိုယ့်ရဲ့ အကောင်အထည် မဖော်ဖြစ်သေးတဲ့ အိပ်မက်တွေ၊ ပန်းတိုင်တွေ၊ ကိုယ်ဖြစ်ချင်တာတွေ စသဖြင့် ကိုယ်လုပ်ချင်တာ မှန်သမျှက သူများအပေါ် မှီခိုနေရသူအတွက်ကတော့ အကောင်အထည် ဖော်နိုင်ဖို့ မလွယ်ကူပါဘူး။ အမှီအခိုကင်းကင်းနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်နေသူ တစ်ယောက်ကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိပြီး ကိုယ်ဖြစ်ချင်တာတွေကို ကိုယ့်စိတ်ကြိုက် ယုံကြည်မှုရှိရှိ လုပ်ဆောင်ရဲပါတယ်။ ဒါက ဘဝမှာ အရမ်းကို အရေးကြီးတဲ့ အချက်တွေဖြစ်လို့ အမှီအခိုကင်းတဲ့ သူတစ်ယောက်ဖြစ်အောင် ကြိုးစားသင့်ပါတယ်။

Khin

sponsored