ဝိတ်ကျရုံ သက်သက် မဟုတ်ဘဲ အားကစားလုပ်ဖို့ လိုအပ်တဲ့ အကြောင်းအရင်း ၅ ချက်

shutterstock/Slatan
Sponsored

တော်တော်များများက အားကစားလုပ်တယ်၊ workout လုပ်တယ်ဆိုတာ ဝိတ်ထိန်းဖို့၊ ဝိတ်ကျဖို့ စတဲ့ အကြောင်းပြချက်တွေနဲ့ လုပ်တတ်ကြပါတယ်။ ဒါပေမယ့် ကိုယ်လက်လှုပ်ရှားမှုကို ဝိတ်ထိန်းဖို့အတွက် တစ်ခုတည်း မဟုတ်ပဲ သေချာပေါက် တစ်ခြားအကြောင်းအရင်းတွေကြောင့် ဆော့သင့်တဲ့ အချက်တွေ ရှိလို့နေပါတယ်နော်။

နေထိုင်ရတာ ပိုအဆင်ပြေတယ်လို့ ခံစားရတယ်

Pexels- Jonathan Borba

ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းက ခန္ဓာကိုယ်ရဲ့ စိတ်ခံစားမှုကို တိုးမြှင့်ပေးတဲ့အတွက် စိတ်ခံစားမှုကောင်းမွန်စေပါတယ်။ နောက်ပြီး ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုတွေကို ကောင်းမွန်စေတဲ့အတွက် ခန္ဓာကိုယ်ကို ပေါ့ပါးလန်းဆန်းပြီး တက်ကြွရွှင်လန်းမှုကို ဖြစ်စေပါတယ်နော်။

စိတ်ဖိစီးမှုကို တိုက်ထုတ်ပေးတယ်

shutterstock/G-Stock Studio
Sponsored

ကိုယ်လက်လှုပ်ရှားမှုက စိတ်ဖိစီးမှု ခံစားရခြင်းကို လုံးဝသက်သာကောင်းမွန်စေပါတယ်။ ကိုယ်လက်လှုပ်ရှားမှု အားကစားလုပ်တဲ့အခါမှာ ဦးနှောက်၊ စိတ်ခံစားမှုနဲ့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ လုပ်ဆောင်ချက်တွေကို ထိန်းညှိပေးပါတယ်။ ဘယ်လိုလေ့ကျင့်ခန်းမျိုးမဆို ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာအတွက် ကောင်းကျိုးရှိပြီး စိတ်ဖိစီးမှုကို တိုက်ထုတ်ပေးနိုင်ပါတယ်။

READ
စိတ်ဓာတ်ကြံခိုင်ပြီး ခံစားချက်တွေ သိုဝှက်ထားတတ်တဲ့ မိန်းကလေးတွေရဲ့ အမူအကျင့်များ

ကောင်းစွာ အနားယူနိုင်တယ်

Freepik- beststudio

လေ့ကျင့်ခန်းလုပ်ခြင်းက လူကို ပိုပြီး သက်တောင့်သက်သာရှိသလို တစ်နေကုန် ပင်ပန်းနွမ်းနယ်မှုတွေကို ကောင်းစွာ အနားယူနိုင်ဖို့ ကူညီပါတယ်။ ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှု ကောင်းတယ်၊ စိတ်ဖိစီးမှုနဲ့ စိုးရိမ်မှုတွေ လျော့နည်းနေတဲ့အခါမှာ လူက ကောင်းမွန်စွာ အနားယူနိုင်ပါတယ်။

ဖန်တီးနိုင်စွမ်း မြှင့်မားလာတယ်

Photo by Retha Ferguson from Pexels

တစ်ချိန်လုံး အလုပ်တွေချည်း ဖိလုပ်နေတဲ့ အချိန်တွေမဟုတ်ပဲ ကိုယ့်ကိုယ်ကို အနားပေးတဲ့ သဘောမျိုး၊ တစ်ခြား စိတ်အပြောင်းအလဲဖြစ်စေမယ့် ကိုယ်လက်လှုပ်ရှားမှု လုပ်ခြင်းက ဖန်တီးနိုင်စွမ်း၊ လုပ်ဆောင်နိုင်စွမ်းတွေကို တိုးမြှင့်စေပါတယ်။ အလုပ်ပဲ လုပ်နေမိတယ် တစ်ခြားဘာမှ မလုပ်ဖြစ်ဘူးဆိုရင် စိတ်တွေက မလန်းမဆန်းနဲ့ အလုပ်မှာပဲ ပိတ်မိနေတတ်ပါတယ်။ ဒီတော့ ကိုယ်လက်လှုပ်ရှားမှု လုပ်လိုက်တဲ့အခါ ကိုယ့်ကိုယ်ကို အချိန်ပေးသလို ဖြစ်စေပြီး လုပ်ငန်းဆောင်တာတွေကို အရင်ကထက် ပိုကောင်းမွန်စွာ လုပ်ဆောင်နိုင်လာပါတယ်။

READ
အပြာရောင်ကြိုက်တဲ့သူတွေမှာပဲ ရှိနေတတ်တဲ့ အကျင့်စရိုက်လေးများ

ကိုယ့်ကိုယ်ကို ပိုယုံကြည်မှု ရှိလာတယ်

ဒါကတော့ သိပ်ပြောစရာတောင် လိုမယ်မထင်ပါဘူး။ မယုံမရှိနဲ့ gym လေး တစ်ရက်နှစ်ရက်လောက် သွားလိုက်ရုံနဲ့ ပိုကြည့်ကောင်းလာတယ် ဆိုတဲ့ စိတ်ခွန်အားတွေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ရရှိလာပါတယ်။ ကိုယ်လက်လှုပ်ရှားမှု လုပ်တဲ့သူဟာ မလုပ်တဲ့သူထက် ကိုယ့်ကိုယ်ကို ပိုယုံကြည်မှု မြင့်မားပါတယ်နော်။

Khin

sponsored