ပျိုမေတို့ မိတ်ကပ်တွေ အများကြီး အမြဲတမ်း မလိမ်းထားသင့်တဲ့ အကြောင်းအရင်း

Freepik- freepik
Sponsored

မိတ်ကပ်လိမ်းတာကို ကြိုက်လည်းကြိုက်တယ်၊ အားလည်းပေးပေမယ့်လို့ အမြဲတမ်း အချိန်ပြည့်ကြီးတော့ မိတ်ကပ်မလိမ်းထားသင့်ပါဘူး။ ဒီလိုမျိုး မိတ်ကပ်လိမ်းခြင်းဟာ ပျိုမေတိုရဲ့ အသားအရေကို ထိခိုက်စေတဲ့အပြင် စိတ်ကျန်းမာရေးကိုလည်း သွယ်ဝှက်ပြီး ထိခိုက်နေတယ်ဆိုတာ သင်သိပါသလား။

အသားအရေပျက်ဆီးလာနိုင်တယ်

Sponsored

မိတ်ကပ်ဆိုတာ ဓာတုပစ္စည်းတွေနဲ့ ဖန်တီးထားတာမလို့ နေ့စဉ်အမြဲတမ်းမိတ်ကပ်ကြီးလိမ်းပြီး တစ်နေကုန်နေမယ်ဆိုရင် အနည်းနဲ့အများတော့ အသားအရေတွေ ကြမ်းတမ်းလာပါလိမ့်မယ်။

Freepik- maksymiv_yura

ဝက်ခြံတွေထွက်လာနိုင်တယ်

မိတ်ကပ်လိမ်းတယ်ဆိုတာ လိမ်းတဲ့အချိန်ပဲကောင်းတာ ဖျက်တဲ့အချိန်ကျ အရမ်းပျင်းတတ်ကြတယ်မလား။ Cleansing သေချာမလုပ်မိတဲ့အခါကျရင် ချွေးပေါက်တွေပိတ်ပြီး ဝက်ခြံတွေထွက်လာနိုင်ပါတယ်။ ဒီလို နေ့တိုင်းနီးပါး မိတ်ကပ်မဖျက်ဘဲ နေမိတဲ့အခါ ဆိုးရွားတဲ့ breakout တွေဖြစ်လာနိုင်ပါတယ်။

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုတွေ ဖြစ်လာနိုင်တယ်

မိတ်ကပ်လိမ်းတဲ့အခါ မျက်နှာကို ပုံမှန်ထက် ပွတ်ဆွဲမှုတွေ လုပ်ရပါတယ်။ အဲဒီအခါ မျက်နှာဟာ အရေးအကြောင်းတွေဟာလည်း ပိုပြီး ထင်လာကာ အပေါ်မှာဖော်ပြထားတဲ့အတိုင်း အသာအရေလည်း ကြမ်းတမ်းလာတာမလို့ သာမန်ထက် ပိုအိုတဲ့ပုံပေါက်စေမှာပါ။

READ
အစက်အပျောက်ကင်းတဲ့မျက်နှာလေးပိုင်ဆိုင်ဖို့ ရှားစောင်းလက်ပတ်အဆီကိုအသုံးပြုလို့ရပါတယ်
Freepik- freepik

ယုံကြည်မှုကင်းမဲ့လာမယ်

မိတ်ကပ်လိမ်းပြီးချိန်နဲ့ မလိမ်းချင်ရုပ်ဟာ လူတိုင်းနီးပါး ကွာခြားမှုရှိကြမှာပါ။ မိတ်ကပ်လိမ်းပြီး အမြဲတမ်းနေလာရတဲ့အခါ မိတ်ကပ်မပါဘဲ အပြင်ထွက်ရမှာတောင် ကြောက်လာကြမှာပါ။ ဒီလိုနဲ့ မိတ်ကပ်မပါတဲ့ ရုပ်အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု ကင်းမဲ့လာပါလိမ့်မယ်။ အမြဲတမ်းမဟုတ်ဘဲ တစ်ပတ်မှာ တစ်ရက်၊ နှစ်ရက်လောက်လေးပဲ မိတ်ကပ်ကို အပြည့်လိမ်းနော်။

သူများအတွက်ရှင်သန်လာရမယ်

မိတ်ကပ်မပါတဲ့ရုပ်ကို သူများတွေ ဘယ်လိုထင်ကြမလဲ၊ ငါများ ရုပ်ဆိုးနေမလားစတဲ့ သိမ်ငယ်မှုပေါင်းစုံဝင်လာပါလိမ့်မယ်။ ပျိုမေတို့ မိတ်ကပ်လိမ်းတာဟာ ကိုယ့်အတွက်ကိုယ်လိမ်းတာပဲဖြစ်ပါစေ။ သူများအတွက် သူများအမြင်မှာ လှနေဖို့အတွက် မိတ်ကပ်လိမ်းစရာမလိုဘူးဆိုတာ နှလုံးသွင်းထားကြပါ။

လူတိုင်းမှာ အလှတရားကိုယ်စီရှိကြပါတယ်။ မိတ်ကပ်တွေ၊ အဝတ်အစားတွေဟာ ရည်ရှည်မခံတဲ့ အပေါ်ယံအလှတရားတွေဖြစ်တာကြောင့် စိတ်အစွဲမထားပါနဲ့နော်။

Freepik-korabkova

Penny

sponsored