ခံစားချက်တွေကို တစ်ချိန်လုံး ဘာကြောင့် သိမ်းမထားသင့်တာလဲ

shutterstock/Friends Stock
Sponsored

ကိုယ့်ရဲ့ အချစ်ရေးပဲ ဖြစ်ဖြစ်၊ မိသားစုရေးပဲဖြစ်ဖြစ် ပွင့်လင်းမှုရှိတဲ့ ဆက်ဆံရေးက ပိုအဆင်ပြေတတ်ပါတယ်။ တကယ်လို့ ကိုယ့်ခံစားချက်တွေကို တစ်စုံတစ်ယောက် ထိခိုက်သွားမှာစိုးလို့ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင် ထိခိုက်မိမှာစိုးလို့ ဖုံးကွယ်ထိန်းချုပ်ထားတဲ့အခါ မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်လာမှာပါ။ ခံစားချက်တွေကို တစ်ချိန်လုံး သိမ်းထားခြင်းက ဒီလိုအချက်တွေကို ခံစားလာရမှာ ဖြစ်ပါတယ်နော်။

စိတ်ဖိစီးမှု ပိုခံစားရတယ်

shutterstock/Guitarfoto studio

တစ်ယောက်တည်း ခံစားချက်တွေ ကြိတ်ခံစားနေရတဲ့အခါမှာ စိတ်ဖိစီးမှုက ပြင်းထန်တတ်ပါတယ်။ သူများကိုလည်း ကိုယ့်ရဲ့ခံစားချက်တွေ ထုတ်မပြောပဲ တစ်ယောက်တည်း စိတ်ဆင်းရဲပင်ပန်းမှုကို ခံစားနေရမှာပါ။ စိတ်ပင်ပန်းတဲ့အခါ လူက အလိုလို အားမရှိသလိုဖြစ်လာတတ်ပြီး နေရထိုင်ရတာ အဆင်မပြေနိုင်ပါဘူး။ ဒီလို အရမ်းစိတ်ဖိစီးနေပြီဆိုရင်တော့ တစ်စုံတစ်ယောက်ဆီမှာ ရင်ဖွင့်ပြောပြဖို့ လိုအပ်နေပါပြီနော်။

အစိုင်အခဲ အကြီးကြီး ဖြစ်လာတတ်တယ်

Sponsored

သေးငယ်တဲ့ ခံစားချက်လေးတွေ စုပြုံလာတဲ့အခါမှာ ခံစားချက် အစိုင်အခဲကြီးဖြစ်လာတတ်ပြီး နောက်ဆုံးမှာ အားပြင်းတဲ့ ပေါက်ကွဲမှုကို ဖြစ်ပေါ်စေပါတယ်။ ဒီလိုပေါက်ကွဲတဲ့အခါ ထင်ထားတာထက် ဒဏ်ရာအနာတရများတတ်ပါတယ်။ ဒါကြောင့် သေးသေးလေးမှာကတည်းက ရှင်းသင့်တာကို ရှင်းထုတ်တတ်ရပါမယ်။ မလိုအပ်ပဲ ခံစားချက်တွေကို ဖုံးကွယ်ထားစရာမလိုသလို ပြောသင့်တဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြောတတ်ဖို့ လိုပါတယ်။

READ
အိပ်ရာပေါ်က ပိုးမွှားတွေကို ဖယ်ရှားနိုင်ဖို့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းများ

တစ်ဘက်လူက ဘာမှမသိနိုင်ဘူး

shutterstock/ Pressmaster

လူတစ်ယောက်ရဲ့ စိတ်ကို တစ်ယောက်က မြင်နိုင်တာမဟုတ်လို့ ကိုယ်ဘယ်လိုခံစားနေရတယ်ဆိုတာကို ပြောပြမှ တစ်ဘက်လူက နားလည်မှာပါ။ ဒီလိုမဟုတ်ပဲ ကိုယ်မပြောလည်း သူသိသင့်တယ်ဆိုတာမျိုးတော့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ပွင့်ပွင့်လင်းလင်း ရှင်းသင့်တဲ့ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ရှင်းပါ။ တစ်စုံတစ်ယောက်ကို ရင်ဖွင့်ဖို့ လိုအပ်နေပြီဆိုရင်တော့ ယုံကြည်ရသူတစ်ယောက်ဆီမှာ ရင်ဖွင့်ပြောပြပြီး အကြံအဥာဏ်ရယူပါ။

စိတ်ကျန်းမာရေးအတွက် မကောင်းဘူး

ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်မပြတတ်တဲ့ သူတွေဟာ စိတ်ကျန်းမာရေးဆိုင်ရာ အခက်အခဲတွေ တွေ့ကြုံနိုင်ပါတယ်။ စိတ်ဓာတ်ကျလွယ်ပြီး စိတ်အတက်အကျ မြန်တာတွေ ဖြစ်လွယ်သလို စိတ်ဆတ်ဒေါသကြီးတာနဲ့ ခံစားချက်ကင်းမဲ့နေသလိုကြီးတောင် ဖြစ်နိုင်ပါတယ်နော်။ ဒါကြောင့် ကိုယ့်ရဲ့ ခံစားချက်တိုင်းကို ဖုံးကွယ်ထားစရာမလိုပါဘူး။ ရင်ဖွင့်ပြောပြလို့ရတဲ့ ခံစားချက်တွေရှိပြီး ပွင့်လင်းမှုက ကိုယ့်အတွက်ရော၊ တစ်ဘက်လူအတွက်ပါ ပိုကောင်းပါတယ်။

READ
ဂျပန်လူမျိုးတွေဆီက အတုယူသင်တဲ့ ဘဝအတွက် အကျိုးရှိစေမယ့် အလေ့ကျင့်များ

Khin

sponsored