ကိုယ့်ရဲ့ သူငယ်ချင်းကို ချစ်သူ ရည်းစားမတော်သင့်တဲ့ အချက်များ

shutterstock/ Dean Drobot
Sponsored

သူငယ်ချင်းဆိုတဲ့ စကားက အရမ်းကိုလေးနက်ပြီး ခိုင်မာတဲ့ သံယောဇာဉ်တွေနဲ့ ချည်နှောင်ထားတာ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ သူငယ်ချင်းအချင်းချင်း အနေနီးခြင်းကနေ ချစ်သူတွေ ဖြစ်သွားကြတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ သူငယ်ချင်းကို ချစ်သူရည်းစားအဖြစ် မရွေးချယ်သင့်တဲ့ အချက်တွေ ရှိလို့နေပါတယ်နော်။

ချစ်သူကနေ သူငယ်ချင်း ပြန်မဖြစ်နိုင်တော့လို့

shutterstock/Halay Alex

လူ့ဘောင်အသိုင်းအဝိုင်းမှာ မကျော်သင့်တဲ့ စည်းတွေဆိုတာ ရှိပါတယ်။ အဲဒီ့စည်းကိုကျော်မိတဲ့အခါ မလိုလားအပ်တဲ့ ထိခိုက်မှုတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ တကယ်လို့ သူငယ်ချင်းကနေ တစ်ဆင့်တက်ပြီး ချစ်သူအဖြစ်ကို ရွေးချယ်လိုက်ပြီးမှ အခန့်မသင့်လို့ လမ်းခွဲကြတဲ့အခါ ချစ်သူအဖြစ်ရော သူငယ်ချင်းအဖြစ်ကိုပါ စွန့်လွှတ်လိုက်ရပါမယ်။ ချစ်သူဖြစ်ပြီးသွားမှ သူငယ်ချင်းတစ်ခါ ပြန်ဖြစ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့သလို အရမ်းကို ခက်ခဲတဲ့ ကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။

READ
သင့်ကိုမချစ်တဲ့သူကို ရူးရူးမူးမူးချစ်မိတဲ့အခါ သင်ခံစားရမယ့် ဝေဒနာများ

ခင်မင်မှုကို ထာဝရထိန်းထားချင်လို့

Sponsored

သူငယ်ချင်းရဲ့ ခင်မင်မှုကတော့ ထာဝရတည်တံ့နေမှာ ဖြစ်ပြီး ချစ်သူရဲ့ ချစ်ခင်မှုက ထာဝရ တည်မြဲဖို့ ဆိုတာ မသေချာပါဘူး။ ချစ်သူဆိုတာ စကားများရန်ဖြစ်တာတွေ အူတိုရမယ့်ကိစ္စတွေစသဖြင့်တွေ ရှိလာနိုင်ပြီး သဘောထားမတိုက်ဆိုင်လာတဲ့အခါမှာ ပြသနာတက်နိုင်ပါတယ်။ ဒါကြောင့် သူငယ်ချင်းရဲ့ ထာဝရခင်မင်မှုကို မပျောက်ပျက်ချင်ရင်တော့ သူငယ်ချင်းအတိုင်းပဲ နေတာက အကောင်းဆုံးပါပဲ။

အကောင်းဆုံး တိုင်ပင်ဖော်ဖြစ်လို့

shutterstock/Dean Drobot

သူငယ်ချင်းဆိုတာ ကိုယ့်အတွက် တိုင်ပင်ဖော်တိုင်ပင်ဖက်ကောင်း တစ်ယောက်ဖြစ်ပြီး ကိုယ်လမ်းမှားမရောက်အောင် စောင့်ရှောက်ပေးတဲ့ သူတွေပါ။ ဒီလို ကိုယ့်ဘဝအတွက် လမ်းပြတစ်ယောက်ဖြစ်တဲ့ သူငယ်ချင်းက ကိုယ်ရွေးချယ်တဲ့ သူဟာ ကောင်းတယ်မကောင်းဘူးဆိုတာကို သေချာပြပေးနိုင်ပါတယ်။ ဒီလို တိုင်ပင်ဖက်ကောင်းတစ်ယောက် ဘေးမှာထားထားတာက စိတ်ချရပြီး တကယ်လို့ သင်သာ သူ့ကို ချစ်သူအဖြစ်ရွေးချယ်လိုက်မယ်ဆိုရင် သူကောင်းမကောင်းကိုတော့ ပြောပြနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် တိုင်ပင်ဖော်ကောင်းဖြစ်တဲ့ သူငယ်ချင်းကို ချစ်သူအဖြစ် မရွေးချယ်သင့်တာပါ။

READ
ရှေ့ဆက်သွားဖို့ လမ်းပျောက်နေတဲ့ အခြေအနေမျိုးနဲ့ ကြုံလာခဲ့ရင်…

သူငယ်ချင်းကောင်းက ရည်းစားကောင်းဖြစ်ဖို့ မသေချာဘူး

ဒီစကားလေးက အကြိုက်ဆုံးစကားလေးတစ်ခွန်းပါ။ သူငယ်ချင်းနဲ့ ချစ်သူဆိုတာ လုံးလုံးမျှကို မတူညီပါဘူး။ ရယူမှုမပါတဲ့ ဖြူစင်တဲ့ သူငယ်ချင်းမေတ္တာနဲ့ ရယူမှုကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့ အချစ်ရဲ့ ချစ်ခြင်းက ကွဲပြားပါတယ်။ သူငယ်ချင်းဘဝမှာ ကိုယ့်အပေါ် ကောင်းနေတဲ့ သူတစ်ယောက်ဟာ ချစ်သူဘဝမှာ ကောင်းချင်မှ ကောင်းမှာပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီ့အချိန်မှာ သူငယ်ချင်းမဟုတ်ပဲ ချစ်သူအဖြစ်ပဲ မြင်မိမှာဖြစ်ပြီး လိုအပ်ချက်တွေ ပိုများလာတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် သူငယ်ချင်းစည်းလေးကို ဒီအတိုင်းလေးပဲ ထားသင့်ပါတယ်။ ဒီအချက်လေးတွေက သူငယ်ချင်းကို ချစ်သူမတော်သင့်ဘူးဆိုတာ ဖော်ပြနေတဲ့ အချက်လေးတွေပါနော်။

Khin

sponsored