ကိုယ်က relationship လို့ထင်နေပေမယ့် ပြသာနာတွေကြီးပေါင်းနေတဲ့ အရာတစ်ခုလဲ ဖြစ်နေတက်ပါတယ်နော်။ အပျော်တွေလဲ ရှိနေရမယ့် relationship မှာ အပျော်တွေထက် အဆိုးတွေများပြီး အဆင်မပြေဖြစ်နေတက်ပါတယ်။ ဘယ်လိုအခြေအနေတွေလဲ ဆိုတာကတော့…
ယူဆချက်တွေမတူဘူး
ကိုယ်ကအဖြူဆို သူကအမည်း၊ ကိုယ်က ဒီဟာဆို သူကဟိုဟာ။ အဲတာတွေက စစပိုင်းခြင်းမှာတော့ မသိသာပေမယ့် ကြာလာတာနဲ့ အမျှသိသာပြီး ပြသာနာဖြစ်စေတက်ပါတယ်။ တစ်ချို့ဆိုရင် အစထဲက ပြသာနာတွေတက်ပြီး ပြတ်သွားတဲ့ အထိဖြစ်ကြတယ်နော်။

တစ်ယောက်နဲ့တစ်ယောက် အမြဲအပြစ်မြင်နေမယ်
တစ်ခုခုဆိုလဲ နင်လုပ်လို့၊ နင်မှားလို့ ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် အမြဲအပြစ်တင်နေတာကလဲ ပျော်စရာမဟုတ်ဘူးနော်။ စိတ်ညစ်စရာပါ။ အဲ့လိုဖြစ်နေတာကလဲ ပြသာနာတွေ အမြဲရှိနေတဲ့ Relationship ရဲ့သက်သေတွေပါပဲ။
ပျော်စရာအမှတ်တရ တွေနည်းတယ်
အမှတ်တရလို့တွေးလိုက်တိုင်း ပျော်စရာတွေထက် စိတ်ညစ်စရာတွေနဲ့ ဝမ်းနည်းစရာတွေပဲ ဆိုရင်တော့ အဆင်မပြေပါဘူးနော်။ ပျော်စရာအမှတ်တရတွေ ဆိုတာ ရှိကိုရှိသင့်ပေမယ့် စိတ်ညစ်စရာတွေနဲ့ပဲ ပြည့်နေရင်တော့ ပြန်စဉ်းစားတော့နော်။
အားကိုးလို့ မရဘူး
ချစ်သူထားတယ်ဆိုထဲက အနည်းငယ်တော့ အားကိုးချင်လို့ပေါ့နော်။ ကိုယ်ဘာဖြစ်ဖြစ် စိတ်မဝင်စားဘူး။ ကိုယ်အတွက်လဲ အဖော်ကောင်းမဖြစ်ဘူး။ ကိုယ်ကို့ပဲ အမြဲပြန်အားကိုးချင်နေရင်တော့ ဘယ်လိုမှ အဆင်မပြေတဲ့ အနေအထားပါပဲ။

ယုံကြည်မှု မရှိကြဘူး
ချစ်သူနှစ်ဦးကြား ယုံကြည်မှုမရှိရင် အလကားပါပဲ။ အမြဲသံသယတွေနဲ့ ဖြတ်သန်းနေရတဲ့ relationship ကြီးက ဘယ်လိုမှလဲ ပျော်စရာကောင်းမှာ မဟုတ်ပါဘူးနော်။
TPS