စတိုင်ကျကျနဲ့ လန်းစေမယ့် လူငယ်ဆန်ဆန် ဆောင်းရာသီ ဖက်ရှင်လေးများ

IG/ootd.korean.fashion
Sponsored

ရာသီဥတုအေးတဲ့ အချိန်က လူငယ်တွေ အကြိုက် ကိုရီးယားဆန်လို့ အကောင်းဆုံး အချိန်ပါပဲ။ မိန်းကလေးတွေအနေနဲ့ ရာသီဥတု အေးနေပြီ ဖြစ်တဲ့ ဆောင်းတွင်းမှာ အနွေးထည်နဲ့ စတိုင်ထုတ်လို့ ရနေတာပါပဲ။ ခန္ဓာကိုယ်မရွေး ရွေးချယ် ဝတ်ဆင်လို့ ရတဲ့ လူငယ် အကြိုက် ဆောင်းတွင်း ဖက်ရှင်တွေကလည်း ရှိနေပါတယ်။ ရာသီဥတုအေးအေးမှာ စတိုင်ကျကျလေး အနွေးဓာတ်ရစေဖို့ ဒီဖက်ရှင်လေးတွေကို အတုယူလို့ ရပါတယ်နော်။

ဆွယ်တာအပွနဲ့ စကပ်အတိုတွေ

Sponsored

သိပ်လည်း မအေးတဲ့ အခြေအနေမျိုးတွေမှာ ဆွယ်တာအပွကို တစ်ထပ်တည်း ဝတ်ပြီး စကပ်အတို ပုံစံမျိုးစုံနဲ့ တွဲလိုက်မယ်ဆိုရင် ချစ်စရာကောင်းတဲ့ အသွင်ကို ရရှိစေမှာပါ။

 

ဆွယ်တာနဲ့ ဂျင်းဘောင်းဘီ

READ
အိုးခွက်ပန်းကန်တွေကို ပြောင်လက်တောက်ပနေစေဖို့ ဒီအသီးလေးတွေကို သုံးပြီး တိုက်ပါ

ဒါကတော့ တော်တော်များများ ဝတ်လေ့ ရှိတဲ့ ဖက်ရှင် တစ်ခုပါပဲ။ အနွေးထည် အပွလေးတွေနဲ့ ဂျင်းဘောင်းဘီကလည်း ဘယ်တော့မှ မရိုးသွားစေတဲ့ ဖက်ရှင် တစ်ခု ဖြစ်ပါတယ်။

 

ကုတ်အရှည်

စတိုင်ခပ်မိုက်မိုက်ပုံစံလေး ဖြစ်သွားစေမယ့် တစ်မျိုးတည်းသော ဖက်ရှင်လေးကတော့ ဘောင်းဘီအတိုနဲ့ ဖြစ်စေ၊ အရှည်နဲ့ ဖြစ်စေ တွဲဝတ်လို့ လိုက်ဖက်တာက ကုတ်အင်္ကျီအရှည် ဖြစ်ပါတယ်။

 

စကပ်အရှည်နဲ့ ဆွယ်တာ အပါး

READ
ကိုယ့်ရဲ့ သူငယ်ချင်းကို ချစ်သူ ရည်းစားမတော်သင့်တဲ့ အချက်များ

နူးနူးညံ့ညံ့ မိန်းကလေးပုံစံမျိုးနဲ့ ကြည့်ကောင်းစေတဲ့ ဖက်ရှင်ထဲမှာ စကပ်အရှည်နဲ့ ဘလောက်အင်္ကျီပေါ်မှာ ဆွယ်တာ အပါးလေး တစ်ခုခု ထပ်ဝတ်ထားတာပါပဲ။

 

Kham

sponsored