ထူးထူးျခားျခားဘူတာရံုနဲ႔ခ်စ္ကြ်မ္းဝင္ျပီး ထိုဘူတာရံုနဲ႔လက္ထပ္ခဲ့တဲ့အမ်ိဳးသမီး

Sponsored

(Unicode version ဖြင့် အောက်တွင် ဖတ်ရှုနိုင်ပါသည်)

ကမၻာတစ္၀န္းမွာ ပံုမွမန္မဟုတ္တဲ့ ထူးျခားတဲ့ လက္ထပ္မႈမ်ိဳးေတြ ရွိပါတယ္။ သစ္ပင္နဲ႔လက္ထပ္တာ၊အီဖယ္တာ၀ါနဲ႔လက္ထပ္တာ၊ကားနဲ႔လက္ထပ္တာ စသျဖင့္ အမ်ားႀကီးရွိပါတယ္။အဲ့ဒီလို အရာ၀တၳဳနဲ႔လက္ ထပ္တဲ့ သူေတြ အမ်ား ႀကီးထဲမွာ အေမရိကန္အမ်ိဳးသမီးတစ္ေယာက္လည္း အပါအ ၀င္ပါ။သူမကေတာ့ ဘူတာရံုနဲ႔ လက္ထပ္ခဲ့တာပါ။

သူမရဲ႕နာမည္ကေတာ႔ Carol Santa Fe၊အသက္ကေတာ့ (၄၅)ႏွစ္ျဖစ္ၿပီး အေမရိကန္ ကယ္လီဖိုးနီးယား San Dieg မွျဖစ္ပါတယ္။သူမရဲ႕ အေျပာအရ ဆိုရင္ေတာ့ ဒီဘူတာရံုနဲ႔သူမတို႔ တစ္ေယာက္ကို တစ္ေယာက္ ခ်စ္လာတာ (၃၆)ႏွစ္ရွိေနၿပီျဖစ္ကာ (၉)ႏွစ္သမီးတည္းက ခ်စ္ခဲ့ၾကတာလို႔ ဆိုပါတယ္။ (၂ ၀၁၅)ႏွစ္က လက္ထပ္ခဲ့ၾကၿပီး ၿပီးခဲ့တဲ့ခရစ္စမတ္ကဆုိရင္ တစ္ႏွစ္ျပည့္ ႏွစ္ ပတ္လည္ေတာင္ လုပ္ခဲ့ေသးတယ္လုိ႔ ဆုိပါတယ္။Santa Fe ဘူတာရံုနဲ႔လက္ ထပ္ခဲ့တာေၾကာင့္ နာမည္ကိုပါ Ms Santa Fe လို႔ ေျပာင္းလဲ ခံယူပစ္ခဲ့ တာပါ။ဘူတာရံုနဲ႔ Sex ကိစၥပါျဖစ္ခဲ့ၿပီးၿပီလို႔ ဆိုပါတယ္။
Sponsored

Ms Santa Fe ဟာ Santa Fe  ဘူတာရံုရဲ႕ နာမည္ကို သူမစိတ္ႀကိဳက္ တျခားနာမည္(Daidra )လုိ႔ေ တာင္ နာမည္ေပးထားပါတယ္။လက္ထပ္ခဲ့တဲ့ ဘူတာရံုရဲ႕ နာမ္စားကိုေတာ့ she(သူမ)လို႔ သံုးႏႈန္းခဲ့ပါတယ္။ေန႔တုိုင္းဘူ တာ ရံုကို လာၿပီး (၄၅)မိနစ္ေလာက္ အခ်ိန္ကုန္ဆံုး ေလ့ရွိ ပါတယ္။ဘူတာရံုအေ ဆာက္အအံုကို ထိေတြ႔လုိက္ရင္ သူမအဖို႔ေတာ့ လူတစ္ေယာက္ကို ထိေတြ႔ေ နရသလိုမ်ိဳး ခံစားရတယ္လုိ႔ ဆိုပါတယ္။အရင္က လူသားအမ်ိဳးသား တစ္ေယာ က္နဲ႔ခ်စ္သူျဖစ္ဖူးၿပီး (၁၈)လေလာက္ အတူေနခဲ့ေပမယ့္ သူမအဖို ႔ေတာ့ ဒီ Relationship နဲ႔႔ပတ္သက္ၿပီး စိတ္ေက်နပ္မ အျပည့္အ၀မရခဲ့ဘူးလို႔ ဆိုပါ တယ္။ဘူတာရံု(Diadra)နဲ႔က်မွပဲ စိတ္ေက်နပ္မႈ အျပည့္အ၀ရတယ္လုိ႔ ဆိုိ ပါတယ္။

ဒီလိုမ်ိဳးအရာ၀တၳဳနဲ႔လက္ထပ္တာဟာ ကမၻာေပၚမွာ သူမတစ္ေယာက္တည္းေ တာ့ မဟုတ္ပါဘူး။အမ်ားႀကီးရွိပါတယ္။သာမန္အားျဖင့္ေတာ့ သူတို႔ဟာ စိတ္ပိုင္း ဆိုင္ရာ ျပႆနာရွိတဲ့ ပံုစံမ်ိဳးေတာ့ မဟုတ္ပဲ သာမန္လူေတြလိုပါပဲ။ ထူးျခား တာ တစ္ခုကေတာ့ သူတို႔ရဲ႕ လိင္စိတ္ဟာ သက္ရွိလူေတြအေပၚမဟုတ္ပဲ အရာ ၀တၳဳေတြအေပၚမွာမွ သာယာေနတာပါ။အရာ၀တၳဳေတြအေပၚမွာမွ လိင္စိတ္ျဖ စ္ေပၚ ေနတဲ့ စိတ္ပုိင္းဆိုင္ရာ အေျခအေနကိုေတာ့ Object sexuality (သို႔) objectophilia လို႔ေခၚပါတယ္။ဒါဟာ ကာမစိတ္စြဲ၀တၳဳ(အရာ၀တၳဳေတြ အေ ပၚ အစြဲအလန္းလြန္ေနတဲ့စိတ္) (ဒါမွမဟုတ္) စိတ္ပိုင္း ဆိုင္ရာပံုမွန္မဟုတ္ တဲ့ အေျခအေနလားဆိုတာကိုေတာ့ အခုအခ်ိန္ထိ ျငင္းခံု ေဆြးေႏြး အေျဖရွာေနစဲပါ။

READ
သင့္ေယာက်္ား သင့္အေပၚကို အခ်စ္ေတြမေလ်ာ႔သြားေအာင္ ဆဲြေဆာင္နည္း (၅) မ်ိဳး

Ref;Daily Mail

Nilar(auntymay)


[Unicode Version]

 ထူးထူးခြားခြားဘူတာရုံနဲ့ချစ်ကျွမ်းဝင်ပြီး ထိုဘူတာရုံနဲ့လက်ထပ်ခဲ့တဲ့အမျိုးသမီး

ကမ္ဘာတစ်ဝန်းမှာ ပုံမှမန်မဟုတ်တဲ့ ထူးခြားတဲ့ လက်ထပ်မှုမျိုးတွေ ရှိပါတယ်။ သစ်ပင်နဲ့လက်ထပ်တာ၊အီဖယ်တာဝါနဲ့လက်ထပ်တာ၊ကားနဲ့လက်ထပ်တာ စသဖြင့် အများကြီးရှိပါတယ်။အဲ့ဒီလို အရာဝတ္ထုနဲ့လက် ထပ်တဲ့ သူတွေ အများ ကြီးထဲမှာ အမေရိကန်အမျိုးသမီးတစ်ယောက်လည်း အပါအ ၀င်ပါ။သူမကတော့ ဘူတာရုံနဲ့ လက်ထပ်ခဲ့တာပါ။

သူမရဲ့နာမည်ကတော့ Carol Santa Fe၊အသက်ကတော့ (၄၅)နှစ်ဖြစ်ပြီး အမေရိကန် ကယ်လီဖိုးနီးယား San Dieg မှဖြစ်ပါတယ်။သူမရဲ့ အပြောအရ ဆိုရင်တော့ ဒီဘူတာရုံနဲ့သူမတို့ တစ်ယောက်ကို တစ်ယောက် ချစ်လာတာ (၃၆)နှစ်ရှိနေပြီဖြစ်ကာ (၉)နှစ်သမီးတည်းက ချစ်ခဲ့ကြတာလို့ ဆိုပါတယ်။ (၂ ၀၁၅)နှစ်က လက်ထပ်ခဲ့ကြပြီး ပြီးခဲ့တဲ့ခရစ်စမတ်ကဆိုရင် တစ်နှစ်ပြည့် နှစ် ပတ်လည်တောင် လုပ်ခဲ့သေးတယ်လို့ ဆိုပါတယ်။Santa Fe ဘူတာရုံနဲ့လက် ထပ်ခဲ့တာကြောင့် နာမည်ကိုပါ Ms Santa Fe လို့ ပြောင်းလဲ ခံယူပစ်ခဲ့ တာပါ။ဘူတာရုံနဲ့ Sex ကိစ္စပါဖြစ်ခဲ့ပြီးပြီလို့ ဆိုပါတယ်။

 Ms Santa Fe ဟာ Santa Fe  ဘူတာရုံရဲ့ နာမည်ကို သူမစိတ်ကြိုက် တခြားနာမည်(Daidra )လို့ေ တာင် နာမည်ပေးထားပါတယ်။လက်ထပ်ခဲ့တဲ့ ဘူတာရုံရဲ့ နာမ်စားကိုတော့ she(သူမ)လို့ သုံးနှုန်းခဲ့ပါတယ်။နေ့တိုုင်းဘူ တာ ရုံကို လာပြီး (၄၅)မိနစ်လောက် အချိန်ကုန်ဆုံး လေ့ရှိ ပါတယ်။ဘူတာရုံအေ ဆာက်အအုံကို ထိတွေ့လိုက်ရင် သူမအဖို့တော့ လူတစ်ယောက်ကို ထိတွေ့ေ နရသလိုမျိုး ခံစားရတယ်လို့ ဆိုပါတယ်။အရင်က လူသားအမျိုးသား တစ်ယော က်နဲ့ချစ်သူဖြစ်ဖူးပြီး (၁၈)လလောက် အတူနေခဲ့ပေမယ့် သူမအဖို ့တော့ ဒီ Relationship နဲ့့ပတ်သက်ပြီး စိတ်ကျေနပ်မ အပြည့်အဝမရခဲ့ဘူးလို့ ဆိုပါ တယ်။ဘူတာရုံ(Diadra)နဲ့ကျမှပဲ စိတ်ကျေနပ်မှု အပြည့်အဝရတယ်လို့ ဆိို ပါတယ်။

 ဒီလိုမျိုးအရာဝတ္ထုနဲ့လက်ထပ်တာဟာ ကမ္ဘာပေါ်မှာ သူမတစ်ယောက်တည်းေ တာ့ မဟုတ်ပါဘူး။အများကြီးရှိပါတယ်။သာမန်အားဖြင့်တော့ သူတို့ဟာ စိတ်ပိုင်း ဆိုင်ရာ ပြဿနာရှိတဲ့ ပုံစံမျိုးတော့ မဟုတ်ပဲ သာမန်လူတွေလိုပါပဲ။ ထူးခြား တာ တစ်ခုကတော့ သူတို့ရဲ့ လိင်စိတ်ဟာ သက်ရှိလူတွေအပေါ်မဟုတ်ပဲ အရာ ၀တ္ထုတွေအပေါ်မှာမှ သာယာနေတာပါ။အရာဝတ္ထုတွေအပေါ်မှာမှ လိင်စိတ်ဖြ စ်ပေါ် နေတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကိုတော့ Object sexuality (သို့) objectophilia လို့ခေါ်ပါတယ်။ဒါဟာ ကာမစိတ်စွဲဝတ္ထု(အရာဝတ္ထုတွေ အေ ပါ် အစွဲအလန်းလွန်နေတဲ့စိတ်) (ဒါမှမဟုတ်) စိတ်ပိုင်း ဆိုင်ရာပုံမှန်မဟုတ် တဲ့ အခြေအနေလားဆိုတာကိုတော့ အခုအချိန်ထိ ငြင်းခုံ ဆွေးနွေး အဖြေရှာနေစဲပါ။

Ref;Daily Mail

Nilar(auntymay)

 

sponsored