တစ်ယောက်တည်းထားခဲ့ရတာ စိတ်မချလို့ဆိုပြီး စာသင်ခန်းထဲထိခေါ်သွားခဲ့ရတဲ့ ကြောင်လေး

Facebook- 愛貓達人
Sponsored

ကိုယ့်ရဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေကို စိတ်မချလို့ဆိုပြီး ဘယ်မှ မသွားနိုင်၊ မလာနိုင်ဖြစ်နေတဲ့ ဖေဖေမေမေတွေ ရှိကြလားမသိဘူး။ တစ်ယောက်တည်းနေပြီးတော့ အိမ်မွေးတိရိစ္တာန်လေးတွေ မွေးထားခဲ့လူတွေဆို ပိုဆိုးပေါ့။ အခုလည်း Bored Panda မှာသတင်းလေးတစ်ပုဒ်ဖတ်လိုက်ရပါတယ်။

တစ်ကောင်တည်း ထားခဲ့ရမှာဆိုးလို့ဆိုပြီး သူ့သမီးလေးကို ကျောင်းအထိခေါ်သွားတဲ့သတင်းလေးပါ။

Sponsored

Facebook- 愛貓達人
ဒီဗီဒီယိုလေးကတော့ တရုတ်နိုင်ငံရဲ့ လူမှုကွန်ယက်ဖြစ်တဲ့ Douyin မှာ ပိုင်ရှင်ကိုယ်တိုင် တင်ထားခဲ့တာပဲဖြစ်ပါတယ်။ Wen အမည်ရှိတဲ့ အမျိုးသမီးဟာ တက္ကသိုလ်ကျောင်းသူတစ်ယောက်ပါ။ သူဟာ တစ်ယောက်တည်းနေနေတာဖြစ်ပြီးတော့ ကြောင်လေးတစ်ကောင်ကိုလည်း မွေးထားပါတယ်တဲ့။ ကြောင်လေးကတော့ Munchkin အမျိုးအစားဖြစ်ပြီး အခုမှ တစ်နှစ်သားလေးပဲရှိနေပါသေးတယ်။

ခန္ဓာကိုယ်လုံးလုံးလေး၊ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ အရမ်းကိုချစ်ဖို့ကောင်းနေတဲ့ ကြောင်လေး Ba Dun ကို သခင်မဖြစ်တဲ့ Wen က ကျောင်းသွားတိုင်း သူ့သမီးလေးကို အိမ်မှာတစ်ကောင်တည်း ထားထားခဲ့ရတာ စိတ်မကောင်းလွန်းလို့၊ စိတ်လည်းမချလို့ဆိုပြီးတော့ ခက်ခက်ခဲခဲဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ပါတယ်။ အဲဒါကတော့ သူတက်နေတဲ့ တက္ကသိုလ်အထိ ကျောင်းလေးကိုသယ်သွားရင်း အခန်းထဲကိုလည်း ဆရာနဲ့တခြားလူတွေမသိအောင် ခိုးပြီး သယ်သွားဖို့ပါပဲ။

READ
ဒီနေ့ကြုံတွေ့ရမယ့် သင့်ရဲ့အချစ်ဗေဒင် (ရာသီခွင်အလိုက်)

Facebook- 愛貓達人
Facebook- 愛貓達人
Facebook- 愛貓達人
ဒီလိုသာဆိုရင် Ba Dan လေးလည်း တစ်ကောင်တည်းဖြစ်ပြီး အထီးကျန်မနေတော့ဘူးပေါ့။ သိကြတဲ့အတိုင်း ကြောင်တွေဆိုတာ တစ်စက်မှ အငြိမ်မနေနိုင်တဲ့ အဆော့သန်ကောင်လေးတွေပါ။ ဒါပေမဲ့ Wen ရဲ့ Ba Dan ကတော့ ကျောင်းခန်းထဲက ခုံရဲ့ အံဆွဲလေးထဲမှာပဲ Wen စာသင်တာကို တစ်နေကုန်နီးပါး အသံလည်း လုံးဝမထွက် မလှုပ်မယှက်နဲ့ကို စောင့်ပေးနေခဲ့တာပါ။ တော်တော်လိမ္မာတဲ့ကလေးလေး။

Ba Dan လေးရဲ့ တစ်နေ့တာ ကျောင်းတက်တဲ့ ပုံရိပ်လေးကို မေမေ Wen ကနေပြီး ဗီဒီယိုရိုက်ပြီး Douyin မှာ တင်ခဲ့ရင်းကမှ Ba Dan တစ်ကောင် နာမည်ကြီးသွားခဲ့ပြီးတော့ ချစ်တဲ့လူတွေလည်း အများကြီး ရှိနေခဲ့ပြီပဲဖြစ်ပါတယ်။ ဒါကတော့ Ba Dan လေးရဲ့ ဗီဒီယိုလေးပါ။ ဘယ်လောက်ချစ်ဖို့ကောင်းလဲ ကြည့်လိုက်ကြပါဦး။

penny

sponsored