မနီလာမြို့က spa မှာ အသားဖြူဆေးထိုးခဲ့လို့ အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီး

Freepik-izik_md
Sponsored

ယနေ့ခေတ်မှာ တိုးတက်လာတဲ့ဆေးဝါးပညာရပ်တွေကြောင့် မူရင်းရုပ်ရည်ကိုမှ ဆေးဝါးအကူအညီတွေနဲ့ပေါင်းပြီး ခွဲစိတ်၊ ဆေးထိုး၊ ဆေးသောက်၊ လိမ်းခြယ်တာတွေ လုပ်ရုံနဲ့ပြောင်းလဲလို့ရနေပါပြီ။ ဒါပေမဲ့ ဒီလိုဆေးဝါးတွေဟာ ဘယ်လောက်ပဲ သဘာဝကထုတ်ထားပါတယ်လို့ အာမခံ၊ခံ ဓာတုဓာတ်တွေ အနည်းနဲ့အများတော့ ပါဝင်နေကြပါမှာပါပဲ။

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့က Sampaloc spa တစ်ခုမှာ အသက်(၃၃)နှစ်အရွယ် စားသောက်ဆိုင်မန်နေဂျာအမျိုးသမီး တစ်ဦးဟာ အသားဖြူဆေးထိုးပြီးနောက် အသက်သေဆုံးသွားခဲ့ပါတယ်လို့ Coconut မှာ ဖေဖော်ဝါရီလ ၇ ရက်နေ့တုန်းက ဖတ်လိုက်ရပါတယ်။

Sponsored

သေဆုံးခဲ့သူ Shyril Gee Distor ဟာ နေ့လည်သုံးနာရီလောက်မှာ အသားဖြူဆေးထိုးဖို့ Spa ကိုရောက်လာခဲ့တာပါ။ ဆေးထိုးပြီးမကြာမီမှာပဲ သတိလစ်သွားခဲ့တာကြောင့် University of Santo Tomas (UST) ဆေးရုံကို ပို့ဆောင်ခဲ့ရတာဖြစ်ပါတယ်။

Freepik-user7350813

မနီလာခရိုင်ရဲမှူး Henry Navarro က Distor ဟာ ဆေးထိုးလိုက်ပြီး မိနစ်တော်တော် အကြာလောက်မှာ လဲကျပြီး သတိလစ်သွားခဲ့တယ်။ အဲ့ဒီနောက် UST ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ပေမယ့် ည (၁၁) နာရီလောက်မှာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ 24 Oras သတင်းမှာ ပြောပြခဲ့ပါတယ်။

Spa ပိုင်ရှင်ရဲ့ညီမလည်းဖြစ် nurse တစ်ဦးလည်းဖြစ်တဲ့ Jillian Dizon ဟာ Distor ကို Aqua Skin-Diamond Pro Ultra White-140 အသားဖြူဆေးနဲ့ Ampule of Vitarex-C တို့ကို ထိုးသွင်းပေးခဲ့တာဖြစ်တယ်လို့လည်း Daily Tribune မှသိခဲ့ရပါတယ်။

Glutathione ဟာ ဖိလစ်ပိုင်နိုင်ငံမှာ လူကြိုက်များပြီး အထိုးများတဲ့ whitening ဖြည့်စွက်ဆေးတစ်မျိုးပါ။ သူ့ကို whitening အတွက် သောက်ဆေး၊ ထိုးဆေးတွေမှာ အသုံးပြုတာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ မိန်းကလေးအများစုဟာ သူ့ထက်ငါ အသားဖြူအောင် ပြုလုပ်လာကြသလို အလှအပဆိုင်ရာဆေးခန်းတွေမှာ အသားဖြူဆေးတွေကို ဆေးသွင်း၊ ဆေးထိုးတာတွေ ပြုလုပ်ကြပါတယ်။ 

Freepik-user8791022

ဒါပေမယ့် အသားဖြူဖို့အတွက် glutathione အသုံးပြုမှုကို ဆေးဝါးနဲ့အစားအစာကျန်းမာရေး အဖွဲ့အစည်း(FDA)က အခုထိတော့ တရားဝင်ခွင့်မပြုထားပါဘူး။ အသားဖြူပစ္စည်းအဖြစ် သူ့ရဲ့အာနိသင် ထိရောက်မှုကို ဖော်ပြတဲ့ လက်တွေ့စမ်းသပ်ထားတွေလည်း မရှိသလို လူတစ်ယောက်ရဲ့ ကျောက်ကပ်၊ အသည်း နဲ့ အာရုံကြောတို့ကို ထိခိုက်စေတဲ့ ဆိုးကျိုးသက်ရောက်မှုတွေရှိတယ်လို့ FDA ကဆိုပါတယ်။ အခု Distor ရဲ့ သေဆုံးမှုနဲ့ပတ်သက်ပြီး spa ကတာဝန်ရှိသူကတရားဥပဒေနဲ့ရင်ဆိုင်သွားရမှာ ဖြစ်တယ်လို့သိရပါတယ်။ 

ဒီတော့ပျိုမေတွေအနေနဲ့ သိထားရမှာက သူများနဲ့အဆင်ပြေတိုင်း ကိုယ်နဲ့ မတည့်နိုင်ဘူးဆိုတာပါပဲနော်။

READ
ဒူးခေါင်းနဲ့တံတောင်ဆစ်ညိုမဲတာတွေ ပျောက်ကင်းစေမည့် နည်းလမ်းကောင်းများ

Khaing

sponsored