အချစ်အတွက်ကြီးကြီးမားမားနာကျင်ခံစားပြီးနောက် ဖြစ်သွားတတ်တဲ့အမျိုးအစား (၄) မျိုး

shutterstock/Look Studio
Sponsored

တော်တော်များများသော မိန်းကလေးတွေ ချစ်မိကြတဲ့အခါ တန်ဖိုးထား မြတ်နိုးခြင်းနဲ့ သစ္စာတရားကို အလေးထားကြတယ်။ ဒါပေမယ့်လို့ အချစ်ကြောင့် နာကျင်ခံစားရတဲ့အခါ မိန်းကလေးတွေဟာ အချစ်အပေါ် သတ်မှတ်ထားတဲ့ အမြင်တွေ ပြောင်းသွားတတ်ကြပါတယ်။ အချစ်မှာ နာကျင်ခံစားခဲ့ရဖူးတဲ့ မိန်းကလေးတွေဟာ မတူညီတဲ့ ပုံစံမျိုးနဲ့ပဲ ချစ်တတ်ကြပါတော့တယ်။

အချစ်ကို လွယ်လွယ်မဖော်ပြတတ်တော့ဘူး

shutterstock/silverkblackstock

ချစ်ရမှာ ကြောက်သွားတာ မဟုတ်ပေမယ့် သူတို့ဆီမှာ အချစ်မရှိတော့သလို ပုံစံမျိုးနဲ့ နေထိုင်တတ်ကြပါတယ်။ လွယ်လွယ်ကူကူ မချစ်တတ်ဘူး သူတို့ရဲ့အချစ်ကို လွယ်လွယ်မဖော်ပြတတ်ဘူး။ အချစ်ဆိုတာ ချစ်ပြလွန်းရင်လည်း တန်ဖိုးကျသွားတတ်တယ်ဆိုတာကို သိရှိသွားကြသူတွေပေါ့။ သူတို့ရဲ့အချစ်တွေကို လျို့ဝှက်စွာနဲ့ သိုဝှက်ထားတတ်ကြသူတွေ ဖြစ်သွားတတ်ကြပါတယ်။

အချစ်ကို မယုံကြည်တော့ဘူး

Sponsored

အချစ်ဆိုတာကို ထပ်ပြီးမယုံကြည်တတ်တော့ပါဘူး။ အချစ်က ယုံကြည်စရာ ကောင်းရင်တောင် အချစ်ကို သယ်ဆောင်လာသူတွေကတော့ ပြောင်းလဲသွားတတ်တဲ့အတွက် အဆုံးသတ်က အချစ်ကို မယုံကြည်တတ်တော့တာပါပဲ။ စစ်မှန်တဲ့ အချစ်ဆိုတာ တကယ်ရော ရှိရဲ့လားလို့ စဉ်းစားတတ်လာကြပါတယ်။

READ
ရည်းစားဟောင်းက ကိုယ့်ကိုပြန်ဆက်သွယ်လာတဲ့အချိန် ဘယ်လိုလုပ်ကြမလဲ???

တစ်ခါ ပြန်ချစ်ရမှာကို အချိန်အကြာကြီး စဉ်းစားနေတတ်တယ်

shutterstock/G-Stock Studio

ပထမအချစ်မှာတင် နာကျင်ခံစားခဲ့ရတော့ တစ်ခါပြန်ချစ်နိုင်ဖို့ဆိုတာ ခက်ခဲသွားတတ်ပါတယ်။ ကိုယ့်ကိုယ်နာကျင်စေခဲ့တဲ့ အချစ်အတွက် နောင်တရသလို ထပ်ပြီး မတွေ့ကြုံချင်တဲ့အတွက် အချိန်အကြာကြီး စဉ်းစားနေမိကြပါတယ်။ နှလုံးသားက ချစ်နေရင်တောင် ဦးနှောက်က တားမြစ်နေတဲ့ အခြေအနေဖြစ်လို့ သူတို့အတွက် အချိန်ယူ စဉ်းစားဖို့ လိုပါတယ်။

မာနကြီးတယ်လို့ ထင်ရတတ်တယ်

မိန်းကလေးတစ်ယောက် အချစ်မှာ နာကျင်ခံစားဖူးခဲ့ရပြီး သစ္စာမရှိသူနဲ့ ကြုံရတဲ့အခါ တော်ရုံယောကျာ်းလေးဆို အထင်မကြီးတတ်ကြတော့ပါဘူး။ တစ်ချို့သူတို့သဘောမကျတဲ့ ယောကျာ်းလေးတွေရဲ့ ရေလာမြောင်းပေးလုပ်ခြင်းမျိုးတွေဆို ငြင်းပယ်တတ်ကြပါတယ်။ ဒါကြောင့်ပဲ တစ်ချို့ယောကျာ်းလေးတွေဆို သူတို့ကို ရှိန်တတ်ကြပြီး အနားမကပ်ရဲတတ်ကြပါဘူး။ သူတို့ကို မာနကြီးတယ်လို့ ထင်တတ်ကြပါတယ် ဒါပေမယ့် တကယ်တမ်းမှာတော့ သူတို့က သူတို့အပေါ် သစ္စာရှိပြီး ဇွဲကောင်းကောင်းနဲ့ သူတို့အချစ်ကို လိုချင်တဲ့ သူမျိုးကိုမှ ရွေးချယ်ချင်တာ ဖြစ်ပါတယ်။

READ
သူငယ်ချင်းကောင်လေးက ကိုယ့်ကိုယ်စိတ်ဝင်စားနေပြီဆိုတာရိပ်မိနိုင်မယ့် အချက် ၇ ခု

Khin

 

sponsored